ၾကားသိသမွ်

ပုလဲPDF ဗိုလ်နဂါးမှ အထင်အမြင်လွှဲမှားနေသော မိဘပြည်သူများသို့ အသိပေးလွှာ

ပုလဲမှာ ဘယ်‌သူမှ တုတ်တုတ်မလှုပ်ရဲသေး မစသေးခင်ကတည်းက အဦးဆုံးလက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တယ်……အစဦးဆုံးတော်လှန်တယ်

ကျေးရွာတွေမှာစစ်အုပ်ချုပ်ရေးယန္တယားပျက်တဲ့ထိတိုက်တယ်……ခွေးရူးတွေနယ်မြေစစ်ကြောင်းထိုးလာတဲ့ပထမအကြိမ် ပင်တောင်ကြီး

ပင်တောင်လေးပေါ် ‌ခြောက်ရက်ကြာ မိုးထဲရေထဲတိုက်ပွဲဖြစ်တယ် ခေါ်တော့ မုံရွာ သံမဏိအဖွဲ့ကလွဲလို့ ဘယ်အဖွဲ့မှလာမတိုက်ရဲဘူး နဂါး

ဦးဆောင်တဲ့ ပုလဲ PDF နဲ့အတူ မုံရွာသံမဏိအဖွဲ့ပဲပါခဲ့တယ်……

ခွေးရူးတွေနယ်မြေစစ်ကြောင်းဒုတိယအကြိမ် အဲဒီပင်တောင်ကြီး ပင်တောင်လေးကနေပဲစပြီးစစ်ကြောင်းပြန်ထိုးတော့လည်း တပတ်ဆယ်

ရက်လောက်ကြာမယ် ငါးကြိမ်ထက်မနည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အဖွဲ့အဓိကတိုက်ခိုက်ခဲ့တယ် အခုသူရဲကောင်းလုပ်နေကြတဲ့ကောင်ကြီးတွေ မတွေ့ခဲ့ရ……

ဟိုနေ့တွေက နွယ်အင်းတိုက်ပွဲကစလို့ တောက်လျောက်မြေပြင်ထိပ်တိုက် တိုက်ပွဲတွေမှာ ဘယ်အဖွဲ့စည်းမှမပါခဲ့ဘူး အမည်ခံချင်တဲ့အဖွဲ့တွေလာခဲ့ကြ……

ခေါ်လို့တောင်မလာခဲ့ရဲကြဘူး မိုးရွာနေလို့ လမ်းမကောင်းတာနဲ့ အဖွဲ့တွေစုပြီး တိုင်ပင်လိုက်အုံးမယ်နဲ့ ပြီးသွာပဲ……

ထားတော့ တိုက်ပွဲအသေးစိတ်ပြောနေရင်အကြာကြီးပြောနေရမယ် နဂါးကတိုက်ပွဲထဲမလိုက်ဘူးဆိုတဲ့ လူပလီတွေယင်းမာပင် ကနီကိုပါ

မေးကြည့်လိုက်ယင်းမာပင်ကနီအစပ်မှာ ခွေးခေါင်းဆောင်တွေ အရှင်ဖမ်းပြီးရှင်းခဲ့တဲ့ပွဲတချို့ မင်းတို့ကြားဖူးရုံပဲနေမယ်ထင်တယ်…….

ငွေကြေးနဲ့ပါတ်သက်ရင်လည်း နဂါးက အသက်နဲ့ရင်းအာမခံတယ်……

အခုလည်း တဖွဲ့လုံးအတွက် ရမ်းသုံးတန်စာအပါဝင် ထုတ်လုပ်ရေး၊ မောင်းပြန်နှင့် လက်လုပ်စတဲ့ လက်နက်တပ်ဆင်ရေး၊ သင်တန်းကိစ္စ

အပါဝင် ကျန်းမာရေးအတွက်ဆေးရုံဆောက်လုပ်ရေးကိစ္စ စတဲ့ ကိစ္စပေါင်းစုံအတွက်တွေလုပ်နေတယ် ငွေကြေးရှင်းတမ်းထုတ်ဖို့ စာရင်းပါရှိ

တယ်။ အခြေနေအရတင်ပြဖို့မသင့်သေးလို့ထားထာတယ် ထောင်ဂဏန်းကစမှတ်သားထားပါတယ်……..

အလှူခံထားတဲ့ငွေကို မလွှဲမရှောင်သာသုံးရတဲ့သုံးသင့်သည်ထက်ပိုပြီး တိုင်းပြည်းအကျိုးထက် ကိုယ်ကျိုးအသုံးပြုခဲ့ရင် အသေဆိုးနဲ့ ကျဆုံးပါစေ

တိုင်းပြည်အပျိုးကိုသာရှေးရှူ့အသုံးပြုနေရိုးမှန်ပါက တော်လှန်ရေးအောင်ပြီး သက်ဆုံးအထိတိုင်းပြည်အကျိုးသယ်ပိုးနိုင်သူဖြစ်ရစေ ဘယ်

မရိုးသားတဲ့နိုင်ငံရေးသမားမှ လုပ်ကြံသတ်ဖြတ်လို့မရတဲ့သူဖြစ်ရစေ … လို့သစ္စာပြုတယ်……..

နိုင်ငံရေးအမြတ်ထုတ်လိုလို့ နဂါးကိုတိုက်ခိုက်ချင်တဲ့သူတွေရော အတွေးအမြင်တလွဲဖြစ်နေလို့ တိုက်ခိုက်ချင်နေသူတွေရောမိဘပြည်သူ

အားလုံးပါသိစေဖို့ ဒီပို့စ်ကိုတင်လိုက်ပါတယ်အားလုံးသိနိုင်ဖို့လည်းမျှ‌ဝေ(ရှယ်) ပေးစေလိုပါတယ်……

ကျွန်ုပ်တို့ရဲ့ပြည်သူတွေ စစ်အုပ်စုရဲ့ ယုတ်မာမှုအောက်ကလွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြုပါတယ်

#ဗိုလ်နဂါး
#ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့