မိဘပြည်သူများနဲ့ မြေပြင်သူရဲကောင်းများ အားလုံး အထူးဂရုစိုက်ကြပါ…..ကြိုတင်ပြင်ဆင်သင့်သည့် အရာများ ကြိုတင်ပြင်ဆင်ထားပါ
သံချပ်ကာအမြောက်ကားများအပါအဝင် ကားအစီး ၅၀ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်း ဂန့်ဂေါမြို့သို့ဝင်ရောက်လာနေ
ဂန့်ဂေါ အောက်တိုဘာ ၅
မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ယောဒေသဂန့်ဂေါမြို့ကို ဝင်ရောက်လာနေပါပြီ။
အဆိုပါယာဉ်တန်းမှာ သံချပ်ကာအမြောက်ကား ၆စီး အပါအဝင် စစ်ကား အစီး ( ၅၀)ဝန်းကျင် အင်အား(၅၀၀)ကျော်/ဝန်းကျင် ပါလာပါ
တယ်။ ဗျူဟာနဲ့ချီတက်လာတဲ့အဆိုပါယာဉ်တန်းမှာ ရိက္ခာနဲ့လက်နက်ပစ္စည်းများလည်း တင်ဆောင်လာကြပြီး လူစီးယာဉ်တွေမှာ အပြည့်
လိုက်ပါလာကြတယ်လို့ သိရပါတယ်။ အဲ့လို တပ်အင်အားဖြည့်တင်းတာဟာ ချင်းပြည်နယ်နဲ့ယောဒေသကို စစ်ဆင်ရေးများဆောင်ရွက်ဖို့
ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
လက်ရှိ ချင်းပြည်နယ်မှာ စစ်ရေးပြင်းထန်နေပြီ ဂန့်ဂေါဒေသ ဂန့်ဂေါ-ကလေး လမ်းမှာ စစ်တပ်က အကြမ်းဖက်ဖျက်ဆီးပြီး စစ်ရေးတင်းမာ
နေပါတယ်။ယခုလို အင်အားအလွန်အကျွံချလာတာဟာ စစ်တပ်က အကြမ်းဖက်မှုတွေကို အများအပြားကျူးလွန်နိုင်ပြီး ဒေသတွင်းမှာ အင်
တာနက်ဖြတ်တောက်ထားလို့လည်း အထူးစိုးရိမ်စရာကောင်းနေပါတယ်။ ယောဒေသတွင်း ပြည်သူများအနေနဲ့ လုံခြုံရေးသတိအမြဲရှိဖို့
လိုအပ်ပါတယ်။
Gangaw Youths Voice
Zawgyi
ဂန့်ဂေါ အောက်တိုဘာ ၅
မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ယောဒေသဂန့်ဂေါမြို့ကို ဝင်ရောက်လာနေပြါ
Gangaw Youths Voice