ကမ္ဘာတလွှား အချိန်အတော်ကြာ ဖေ့စ်ဘွတ် လိုင်းကျ
အောက်တိုဘာ ၄
အင်တာနက် လူမှုကွန်ရက် တွေဖြစ်တဲ့ ဖေ့စ်ဘွတ် ဝက်စ်အက်ပ် နဲ့ အင်စတာဂရမ် တို့ ကမ္ဘာတလွှား ၆ နာရီ နီးပါး လိုင်းကျသွား တဲ့အတွက်
သန်းနဲ့ ချီတဲ့ user တွေ အသုံးပြုမရ ဖြစ်ခဲ့ကြပါတယ်။ဒီ လူမူကွန်ရက် ၃ ခု စလုံးကို ဖေ့စ်ဘွတ် က ပိုင်တာ ဖြစ်ပြီး ဖုန်းနဲ့ရော ကွန်ပျူတာ
ကနေပါ သုံးလို့ မရ ဖြစ်ခဲ့တာပါ။ဗြိတိန် စံတော်ချိန် ညနေ ၅ နာရီ လောက်ကနေ ည ၁၁ နာရီလောက် အထိ လိုင်းကျသွားခဲ့တာ ဖြစ်ပြီး အခု
တော့ ပြန်လည် အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ် တည်ထောင်သူ မာ့ဇူကာဘတ် ကိုယ်တိုင် အခုလို ဖြစ်ရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ
ပရိသတ်ကို သတင်းစကား ပါးလိုက်ပါတယ်။
၂၀၁၉ ခုနှစ် ကလည်း အခုလို ဖြစ်ခဲ့ဖူးပြီး၊ အဲဒီတုန်းက အချိန် ၁၄ နာရီ ကျော် ကြာ သုံးလို့ မရ ဖြစ်ခဲ့တာပါ။
ဖေ့စ်ဘွန် နည်းပညာပိုင်း ဆိုင်ရာ အကြီးအကဲ Mike Schroepfer က အခုလို ဖြစ်ရတဲ့ အတွက် ရိုးသားစွာ တောင်းပန် ကြောင်း သူ့ရဲ့ တွစ်
တာ အကောင့်ကနေ ဖေါ်ပြခဲ့ပါတယ်။ Crd;BBC
Zawgyi
အောက်တိုဘာ ၎