ၾကားသိသမွ်

ဓမ္မသဘောပြောရရင် လူစိတ်ကင်းမဲ့စွာ ကြမ်းကြုတ်ရိုင်းစိုင်းတဲ့ မင်းအောင်လှိုင်ဟာ ကျဆုံးရမှာ မလွဲပါ.. ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ကျဆုံးခန်းကို လက်ခုပ်တီးနိုင်ဖို့ ထိုင်စောင့်နေရုံနဲ့ မရပါ..။

ဓမ္မသဘောပြောရရင် လူစိတ်ကင်းမဲ့စွာ ကြမ်းကြုတ်ရိုင်းစိုင်းတဲ့ မင်းအောင်လှိုင်ဟာ ကျဆုံးရမှာ မလွဲပါ.. ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ကျ

ဆုံးခန်းကို လက်ခုပ်တီးနိုင်ဖို့ ထိုင်စောင့်နေရုံနဲ့ မရပါ..။

ဟစ်တလာ ပိုပေါ့ ဆက်ဒမ်ဟူစိန် ကဒါဖီတို့ဟာ အာဏာရှင်တွေရဲ့ သမိုင်းဝင်ဇာတ်သိမ်းမှု ပြယုဂ်တွေပါ.. သို့သော် ထိုအာဏာရှင်တွေဟာ

အလိုအလျှောက် ဇာတ်သိမ်းသွားခဲ့ကြတာတော့ မဟုတ်ပါ..။

ထိုအာဏာရှင်တွေ တန်ခိုးထွားခဲ့ကြစဉ်က သူတို့ရဲ့ နောက်ပါအခြွေအရံတွေ ထောက်ခံအားပေးသူတွေဟာ ဧရာမသိန်းသန်းမကပါ.. ဧရာမ

နောက်လိုက်တွေကို ကြည့်ပြီး အကန့်အသက်မဲ့အာဏာဟာ အမှန်တရားများလားလို့ ထင်မှတ်မှားစရာပါ..။

မင်းအောင်လှိုင်ရဲ့ ပြုမူပြောဆိုပုံတွေဟာ သာမာန်အရပ်သားတစ်ယောက်သာဆိုရင် အရူးပဲလို့ အပြောခံရမှာပါ.. ဒါပေမယ့် လက်ရှိမှာတော့

အရူးကို ခစားနေကြသူတွေအထဲမှာ ရူးချင်ယောင်ဆောင်နေကြသူတွေရော တကယ်ရူးနေကြသူတွေရော မနည်းမနောပါ..။

ဒီအရူးကြီး သက်ဆိုးရှည်လေ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ အဆုံးအစမဲ့ ဒုက္ခပင်လယ်ဝေကာ မြန်မာပြည်ဟာလည်း လုံးပါးပျက်ပြုန်း

ပျောက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်..။

ဒီအရူးကြီးကို မြန်မြန်ဇာတ်သိမ်းစေပြီး စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်နိုင်ပါမှ မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာသစ်ကို စတင်နိုင်မှာ

ပါ.. မြန်မာပြည်ရဲ့ ပြဿနာအရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ပါ…။

မတူတဲ့အမြင်အယူအဆကို ခဏချထားပြီး ဘုံရန်သူကို ဝိုင်းတိုက်ကြမှ စစ်အာဏာရှင်စနစ် မြန်မြန်ပြိုလဲမှာပါ..။

ကိုယ့်အချင်းချင်း မတူတဲ့အမြင်အယူအဆဟာ အရူးကြီးမင်းအောင်လှိုင် သက်ဆိုးရှည်ဖို့ အခွင့်ကောင်း မဖြစ်စေသင့်ပါ…။

Bhikkhu Candima ရေးသည်။

Zawgyi

ဓမၼသေဘာေျပာရရင္ လူစိတ္ကင္းမဲ့စြာ ၾကမ္းၾကဳတ္ရိုင္းစိုင္းတဲ့ မင္းေအာင္လွိုင္ဟာ က်ဆုံးရမွာ မလြဲပါ.. ဒါေပမယ့္ မင္းေအာင္လွိုင္ရဲ့ က်ဆုံးခန္းကို လက္ခုပ္တီးနိုင္ဖို႔ ထိုင္ေစာင့္ေန႐ုံနဲ႔ မရပါ..။

ဟစ္တလာ ပိုေပါ့ ဆက္ဒမ္ဟူစိန္ ကဒါဖီတို႔ဟာ အာဏာရွင္ေတြရဲ့ သမိုင္းဝင္ဇာတ္သိမ္းမႈ ျပယုဂ္ေတြပါ.. သို႔ေသာ္ ထိုအာဏာရွင္ေတြဟာ အလိုအေလၽွာက္ ဇာတ္သိမ္းသြားခဲ့ၾကတာေတာ့ မဟုတ္ပါ..။

ထိုအာဏာရွင္ေတြ တန္ခိုးထြားခဲ့ၾကစဥ္က သူတို႔ရဲ့ ေနာက္ပါအေႁခြအရံေတြ ေထာက္ခံအားေပးသူေတြဟာ ဧရာမသိန္းသန္းမကပါ.. ဧရာမေနာက္လိုက္ေတြကို ၾကည့္ၿပီး အကန္႔အသက္မဲ့အာဏာဟာ အမွန္တရားမ်ားလားလို႔ ထင္မွတ္မွားစရာပါ..။

မင္းေအာင္လွိုင္ရဲ့ ျပဳမူေျပာဆိုပုံေတြဟာ သာမာန္အရပ္သားတစ္ေယာက္သာဆိုရင္ အ႐ူးပဲလို႔ အေျပာခံရမွာပါ.. ဒါေပမယ့္ လက္ရွိ

မွာေတာ့ အ႐ူးကို ခစားေနၾကသူေတြအထဲမွာ ႐ူးခ်င္ေယာင္ေဆာင္ေနၾကသူေတြေရာ တကယ္႐ူးေနၾကသူေတြေရာ မနည္းမေနာပါ..။

ဒီအ႐ူးႀကီး သက္ဆိုးရွည္ေလ တိုင္းရင္းသားျပည္သူတရပ္လုံးဟာ အဆုံးအစမဲ့ ဒုကၡပင္လယ္ေဝကာ ျမန္မာျပည္ဟာလည္း လုံးပါးပ်က္ျပဳန္းေပ်ာက္ဆုံးတဲ့အထိ ျဖစ္သြားနိုင္ပါတယ္..။

ဒီအ႐ူးႀကီးကို ျမန္ျမန္ဇာတ္သိမ္းေစၿပီး စစ္အာဏာရွင္စနစ္ကို ေျမျမႇုပ္သၿဂႋဳဟ္နိုင္ပါမွ ျမန္မာျပည္ရဲ့ သမိုင္းစာမ်က္ႏွာသစ္ကို စတင္နိုင္မွာပါ.. ျမန္မာျပည္ရဲ့ ျပႆနာအရင္းအျမစ္ဟာ စစ္အာဏာရွင္စနစ္ပါ…။

မတူတဲ့အျမင္အယူအဆကို ခဏခ်ထားၿပီး ဘုံရန္သူကို ဝိုင္းတိုက္ၾကမွ စစ္အာဏာရွင္စနစ္ ျမန္ျမန္ၿပိဳလဲမွာပါ..။
ကိုယ့္အခ်င္းခ်င္း မတူတဲ့အျမင္အယူအဆဟာ အ႐ူးႀကီးမင္းေအာင္လွိုင္ သက္ဆိုးရွည္ဖို႔ အခြင့္ေကာင္း မျဖစ္ေစသင့္ပါ…။

Bhikkhu Candima ေရးသည္။