ၾကားသိသမွ်
“ပွင့်လင်းလာတဲ့ယနေ့ကမ္ဘာမှာ လိမ်ဘို့ မကြိုးစားပါနဲ့”
“ပွင့်လင်းလာတဲ့ယနေ့ကမ္ဘာမှာ လိမ်ဘို့ မကြိုးစားပါနဲ့”
အဂ္ဂါဘိဓဇ လည်းဖြစ် ရွှေကျင်ဂိုဏ်း ဒုတိယသာသနာပိုင် ငယ်ဆရာဖြစ်သူ စည်ရှင်ဆရာတော်ကြီးဟာ လူကြီးရောဂါနဲ့ မျကိစိ နားနှာခေါင်းလည်ချောင်းဆေးရုံကြီးကို တက်ရောက်ကုသနေရပါတယ်။
တိုင်းပြည်မှာ စစ်တပ်အာဏာသိမ်းမှု့ကြောင့် အဘက်ဘက်က စိစိညက်ညက်ကြေမွနေတယ်။ အဲဒီအထဲမှာ ဘာသာရေးက အဆိုးဆုံးအနေအထားဟု ဆိုနိုင်တယ်။
တပ်ထောက်ခံသူ နာမည်ကြီး ဘုန်းကြီးတစ်ပါးက စည်ရှင်ဆရာတော်ကြီး ဆေးကုသစာရိတ် အလုံးစုံ ကို လှုဒါန်းလိုပါကြောင်း လျှောက်ထားလာပါတယ်။
ဒီလို ကမ်းလှမ်းချက်ကို လက်ရှိစည်ရှင် နာယက ဆရာတော်က တူးတူးခါးခါး ငြင်းပါယ်လိုက်တယ်၊ အကြောင်းက တပ်နဲ့ ပက်သက်တဲ့ ဘယ်ဘုန်းကြီးရဲ့ အထောက်အပံ့မှ မယူချင်လို့ပါတဲ့။ ကဲမှတ်ရော။
အရင်တစ်ပတ်ကလည်း အလားတူ သတင်းမျိုးကြားရသည်။ မဟနလည်း ဖြစ် မစိုးရိမ်တိုက်သစ်ကြီးရဲ့ မဟာနာယကချုပ်လည်းဖြစ်တဲ့ ဆရာတော် ဦးကေသရ ကိုဗစ်ကြောင့် ဂရင်းဟန်သာ ဆေးရုံကို တက်ရောက်ကုသတယ်၊
ထို့အတူပဲ တပ်ထောက်ခံသူ အာဏာသိမ်းတာ ထောက်ခံတဲ့ နာမည်ကြီး ၎င်းဆရာတော်ကပဲ တိုက်သစ်ဦးကေသရ ကို သွားလျှောက်တယ် ဆေးကုသခွင့်နဲ့ ဆေးကုသ လှုတန်းပါရစေ ဟုသွားရောက်လျှောက်ထားတယ်၊
ဦးကေသရ လည်း ထို့အတူ လက်မခံပဲ ပါယ်ချလိုက်သည်၊ ဒါပါပဲ ချမ်းသာတာ ဘုန်းကြီးတာ ဝမ်းသာ စရာပါ ဒါပေမဲ့ အာဏာရှင်နဲ့ ပေါင်းပြီး သာသနာကိူ ကာဗာယူတာကိုတော့ အားမပေးပါဘူး။
မေတ္တာရှင် ရွှေပြည်သာ တင်ထားသောပို့မှကူးယူဖော်ပြသည်
Zawgyi
ဦးကေသရ လည်း ထို့အတူ လက်မခံပဲ ပါယ်ချလိုက်သည်၊ ဒါပါပဲ ချမ်းသာတာ ဘုန်းကြီးတာ ဝမ်းသာ စရာပါ ဒါပေမဲ့ အာဏာရှင်နဲ့ ပေါင်းပြီး သာသနာကို ကာဗာယူတာကိုတော့ အားမပေးပါဘူး။