“—–မသားတွေ ၊ တပ်ကို မင်း အဖေ မှတ်နေလား ၊ ——မသားတွေ” ဆိုသည့် စစ်ဗိုလ်၏ ဆဲဆိုသံ မိုးမွှန်နေသော ဧည့်စာရင်း စစ်သည့်
ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေပြီး ပြည်သူများ ဝေဖန်မှု မြင့်တက်(ရုပ်/သံ)
အကြမ်းဖက်စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အာဏာသိမ်းပြီးနောက် ပြည်သူကို သတ်ဖြတ်ခြင်း၊ ဆဲဆိုခြင်းနှင့်
ဥပဒေမဲ့ နိုင်ထက်စီးနင်း ဆက်ဆံမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်တွင်းမှ ပြည်သူများက ပြောဆိုကြသည်။
လက်ရှိတွင် လူမှုကွန်ရက်တွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်တပ်က တည်းခိုခန်းတစ်ခုကို ဝင်ရောက်စစ်ဆေးရင်း
တည်းခိုခန်းမှ ဝန်ထမ်းများကို ဆဲဆို ခြိမ်းခြောက်နေသော ဗီဒီယိုဖိုင်တစ်ခုမှာ ပြန့်နှံ့နေလျက်ရှိပြီး ယင်းသို့ ပြည်သူကို ပြောဆို ဆက်ဆံမှု
များမှာ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံး ပြည်သူများ ကြုံတွေ့နေရသော အခြေအနေ ဖြစ်ကြောင်း ရန်ကုန်ပြည်သူတချို့က ဆို
ကြသည်။
“စစ်တပ် ဗိုလ်တွေရော စစ်သား ရဲ အကုန်လုံး ပြည်သူကို ဆဲဆို ဆက်ဆံနေကြတာပဲ။ လက်နက်အားကိုးနဲ့ပေါ့။ ပြည်သူက လက်နက်မရှိ
တော့ ငြိမ်ခံရတာပဲ။ မလုံခြုံဘူး။ အခု စဉ်းစားမိတာက နိုင်ငံ ခြားထွက်မယ်။ သူတို့နဲ့ဝေးရာ နေမယ် အဲဒါပဲ စဉ်းစားမိတော့တယ်။ သူတို့လို
အရိုင်းအစိုင်းတွေနဲ့တော့ တကယ် မနေချင်တော့ဘူး” ဟု ရန်ကုန်၊ ဂျပန်စာသင်တန်းကျောင်း ဆရာတစ်ဦးက ပြောသည်။
လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော အလွန်ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုသည့် စစ်တပ်အရာရှိ၏ ဆဲဆိုသံ မိုးမွှန်နေသော ဗီဒီယိုကို ရန်ကုန်
ခေတ်သစ်အနေ ဖြင့် ပြန်လည် ဝေမျှလိုက်ပါသည်။ Source;ရန်ကုန်ခေတ်သစ်