ကုလသမဂ္ဂရဲ့ ထိုင်ခုံနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကြံပေး ဒေါက်တာရင်ရင်နွယ်ရဲ့ အားမတန် မာန်လျှော့အရှက်ပြေ ရှင်းတမ်းလေးကို
လူသတ် ဓားပြ စစ်လော်ဘီလေးတွေက ပြန်ကူးပီးဝိုင်းတင်နေကြတာ တွေ့တော့ စိတ်အချဉ်ပေါက်လာတယ်😏အန်တီ့လို ပညာတတ်ကို မ
မြင်ဘူးတဲ့သူတွေ သိရအောင်ကျက်သရေရှိမယ့် ပုံလေး ရွေးတင်ထားတာတော့ ခွင့်လွှတ်ပေးပါအန်တီ။
ဒီပိုစ့်က ရင်ထဲကလာတဲ့ စကားတွေမို့ အန်တီ့နားဆီ ရောက်မှာအမှန်ပဲ။ကျနော်ဟာ NLD ပါတီဝင် မဟုတ်ပါဘူး။
ရိုးရိုးပြည်သူ တစ်ယောက်ပါ။အရင်က ဆရာမကြီး ဟောပြောခဲ့တာတွေကို ကြည့်ခဲ့တဲ့သူပါ။ဗဟုသုတတွေလည်း ရပါတယ်။
ဆရာမကြီးရဲ့ ပြောဟန်ဆိုဟန်တွေကလည်း နိုင်ငံ့အတွက် မာန်ပါလှပါတယ်။ဒါပေမယ့် ၂၀၁၅ နောက်ပိုင်းမှာဆရာမကြီးရဲ့ ပိုစ့်တွေကို ကြ
ည့်ပီး စိတ်မကောင်းဖြစ်ရပါတယ်။အန်တီ့လိုပဲ ဆရာတော်ဘုရားကြီးတစ်ပါး ရှိသေးတယ်။လေးစားကြည်ညိုခဲ့ရ၊ နာဂစ်ရေဘေးကဆို နေ့
တိုင်း ရှိခိုးတယ်။အခု ရုရှားမှာ သွားနေတယ်လို့ သိရပါတယ်။အများကြီး မပြောချင်တော့ပါ၊ ငရဲတွေရမှာစိုးလို့ လိုတာပဲပြောပါ့မယ်။
ဒေါက်တာရင်ရင်နွယ်ဆိုတာ ဦးနေဝင်းရဲ့ ချွေးမဟောင်း၊ ဖြိုးနေဝင်းရဲ့ အရင်ဇနီးပါ။
ကုလသမဂ္ဂမှာ ဒေါက်တာတစ်ယောက်၊ နာမည်တော့ မမှတ်မိတော့ပါ၊သူ့ အကူအညီနဲ့ ၁၉၉၁ မှာလားပဲ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တယ်။
ချိုင်းနားအရေးကိုင်တဲ့ အဖွဲ့မှာ တာဝန်ကျတယ်။ဟုတ်ပါတယ်၊ အန်တီဟာ ထက်မြက်တယ်၊ တော်တယ်။
မြန်မာ့သမိုင်းကို အန်တီဒေါက်တာလှကျော်ဇောတို့ ဦးကိုကိုလှိုင်တို့လိုပဲ အလွတ်တန်း ပြောပြနိုင်တဲ့ သူတစ်ယောက်၊ တစ်ကယ်တော်ပါ
တယ်။ဒါပေမယ့် ပညာတွေက နှမျောစရာ၊အခု လူသတ်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတယ်။ပညာတတ်တွေ ယုတ်မာရင် ပို
ကြောက်ဖို့ကောင်းတယ်လို့ ပြောရမလားပဲ။အခုကျင်းပနေတဲ့ ကုလသမဂ္ဂညီလာခံထဲကိုစစ်ကောင်စီက ကိုယ်စားလှယ် မဝင်ရလို့ ပြန်ချေပ
တဲ့ စကားကကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း ရှိနေပေမယ့် ထိုင်ခုံသက်သက်ပဲတဲ့။ဘာမှ လုပ်မရဘူးပေါ့။
ပြည်တွင်းမှာရှိတဲ့ ကုလသမဂ္ဂက လူတွေကို နှင်ထုပ်လိုက်ရင် အလုပ်လက်မဲ့ ဖြစ်ကုန်မယ်ပေါ့။တရုပ်အရေးတုန်းကလည်း ကုလသမဂ္ဂက
အလျှော့ပေးလိုက်ရတယ် ဆိုတာမျိုး။သူတို့ Sကောင်စီမှာလည်း ပလန်ABC တွေ ရှိတယ်ပေါ့။တစ်ခုချင်း လာမယ်ပေါ့။တစ်ချို့
အနောက်နိုင်ငံတွေကလည်း အာပလာတွေပါတဲ့ ပြောသေး။😅😅 ရီရတယ်။ဒေါက်တာဖွားဖွားရယ်အန်တီတို့ အဲလောက်တော်နေကြရင်
ပြောပြလေ၊စစ်ကောင်စီက တရားဝင် အစိုးရပါလို့ဘယ်နိုင်ငံက တရားဝင် ကြေငြာရဲသလဲ။အခုရော ကုလသမဂ္ဂကို ဝင်ရလို့လား။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှာရော တက်ခွင့်ရခဲ့သလား 😅ပုံထဲမှာ မြင်လား။NUG နဲ့ အမေရိကန်က ဝန်ကြီးဌာန ဆွေးနွေးနေတာကို
စစ်ကျွန်တွေကို မြင်အောင်ပြပေးတာ။အန်တီက ဦးကျော်မိုးထွန်းကို ထိုင်ခုံသက်သက်ဆိုလို့ ထောက်ပြတာပါ။
ဒါပေမယ့် ကိုယ့်နိုင်ငံက ပြည်သူတွေရဲ့စိတ်ကို အန်တီတို့ စစ်ကျွန်တွေ နားမလည်ကြသေးဘူးလား။၇ လရှိနေပြီ နိုင်ငံကို ထိန်းချုပ်နိုင်ပြီ
လား၊ ပြောစမ်းပါ။ပြည်သူတွေကရော ကုလသမဂ္ဂကို အားကိုးနေလို့လား။အားမကိုးတော့ဘူး။ပြည်ပမှာ အလုပ်ထွက်လုပ်နေကြတဲ့ လူဦးရေ
၇ သန်း ၈ သန်းနီးပါး ရှိတယ်။အားလုံးနီးပါးက ပြည်သူ့အစိုးရနောက်မှာ ရှိတယ်။CDM ကူညီရေးအတွက် NUG ကလုပ်တဲ့ ဒေါ်လာငါးသန်း
အစီအစဉ်မှာပဲကြည့်။တစ်လအတွင်း ဒေါ်လာခုနှစ်သန်း ရသွားတယ်ဆိုကတည်းက သဘောပေါက်လိုက်တော့။
ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန် ဘယ်လောက် မြင့်တက်နေတယ်ဆိုတာ။ပြည်တွင်းမှာရော ကြည့်ဦးမလား။နွေဦးထီတဲ့ နေ့တစ်ဝက်အတွင်း အစောင်ရေ ငါးထောင် ရောင်းကုန်။သွားတာ။
လိုချင်သူတွေမှာ မရလို့တောင် စိတ်မကောင်းဖြစ်ကြ။နောက်ပြီးတော့ …အရင်က လက်နက်ကိုင် အဖွဲ့တွေ တစ်ရာကျော်တဲ့။အခု တစ်နိုင်ငံလုံးမှာ ပင်မ PDF တပ်မကြီး မပါသေးဘူး။
တစ်နိုင်ငံလုံးမှာ ပြောက်ကျားလက်နက်ကိုင် ဟိုတစ်စု ဒီတစ်စုနဲ့ အဖွဲ့တစ်ထောင်လောက် ရှိနေပြီ။ဒါတောင်စွယ်စုံရ အထူးကွန်မန်ဒို လေ့ကျင့်ထားတဲ့ အရိပ်မဲ့ အဖွဲ့မပါသေးဘူး။
နိုင်ငံတွင်းမှာ မင်းအောင်လှိုင်ကျွန်တွေဟာ ဆိုင်ကယ်ကို နောက်ပြန်စီးပြီး ကင်းလှည့်နေရတဲ့ ဘဝတွေဖြစ်နေပြီဆိုတာရော
မကြားတာလားမသိတာလား ပိန်းတာလား။
ရန်ကုန်မြို့လယ်ကောင်အထိ မိုင်းတွေခွဲ စစ်ကျွန်တွေ ဒလန်တွေ အစိသုံးလေးစိနဲ့ ကောင်တွေတောင် အဖမ်းခံ အသတ်ခံနေရတာကို မမြင်ချင်ယောင်ဆောင်နေတာလား။
သာကေတမှာလေ မကြားလိုက်ဘူးလား။ရထားပေါ်မှာရော မကြားလိုက်ဘူးလား။မင်းအောင်လှိုင်နဲ့ အန်တီတို့ မောင်မောင်လှိုင်တို့ စစ်ကျွန်တစ်ဖွဲ့လုံး ဂူထဲမှာ နေနေရတယ်ဆိုပြီး အန္တရာယ်ကင်းတယ် ထင်မနေနဲ့။
နေပြည်တော် ဘယ်အပေါက်၊ ဘယ်လမ်း၊ ဘယ်ဥမှင်၊ ဘယ်တံတား၊ ဘယ်အထိ ပေါက်တယ်၊လုံခြုံရေးတွေ ဘယ်လိုရှိတယ်က အစ US က အားလုံးသိနေပြီးသား။
အန်တီ့ကို ပြောမယ်၊ ဒီတိုက်ပွဲက အန်တီတို့လို စစ်ကျွန်တွေအတွက် နောက်ဆုံးတိုက်ပွဲပဲဆိုတာ မှတ်ထား။
အာဏာရှင်စနစ်ကို ပြည်သူတွေက အပြတ်ချကြတော့မှာ။NLD ငါးနှစ်တာ အုပ်ချုပ်ချိန် ဒီမိုကရေစီရဲ့ အရသာကို ပိုသိသွားကြပြီ။
အဲဒီထဲမှာ တပ်မတော်မိသားစုတွေပါ ပါတယ်။ဘယ်ကောင့်ကိုမှ လက်အုပ်ချီနေစရာမလိုဘူး။
ဒါကို မဲပေးတဲ့ ၈၂ ရာခိုင်နှုန်းသော ပြည်သူတွေကို NLD တွေ အကြမ်းဖက်တွေ နီပိန်းတွေဆိုပြီး အန်တီတို့က သတ်ဖြတ်ကြတယ်။
ပစ္စည်းတွေယူတယ်၊ ပြန်ပေးဆွဲ ငွေတောင်းကြတယ်။
ရင်တွေခွဲ၊ ကလီစာတွေ ထုတ်ရောင်းတယ်။ဒီပွဲပြီးရင် ကြည့်ကြည့်လိုက်၊၊အန်တီတို့ စစ်ကျွန်တွေ အားလုံးကို ပြည်သူတွေက ဘောက်ချာစုတ်ပြလိမ့်မယ်။
အန်တီတို့ရဲ့ မျိုးဆက်တွေ အကုန်လုံး အမြဲ နာကျင်နေလိမ့်မယ်။အမြဲ အရှက်ရနေကြလိမ့်မယ်။
အနာဂတ်လူငယ်တွေ အမြဲ သိနေရအောင် နောင်တစ်ချိန်ကြရင် မြန်မာ့သမိုင်းမှာ စာတွေထဲရော၊ရုပ်ရှင်တွေထဲရော၊ တေးသီချင်းတွေထဲပါ ထည့်ရေးကြလိမ့်မယ်။
ကမ္ဘာကျော် ဇာတ်လမ်းတွေ ဖြစ်လာကြလိမ့်မယ်။အန်တီတို့ စစ်ကျွန်တွေက ဗီလိန်နေရာက နေရမှာနော်။အယုတ်မာဆုံး ဇာတ်ဝင်ခန်းတွေက ပါရမှာ။
ဒီလောက်တော့ အန်တီတို့လည်း သိမှာပါ၊ ပညာတတ်ပဲဟာ။ဦးစောမျိုးဆက် အခုချိန်ထိ ဘယ်လိုဖြစ်နေလဲ၊ မြင်မှာပါ။
ဒါကြောင့် အန်တီတို့ စစ်ကျွန်တွေ ကုလပဲသွားသွား၊ တရုပ်ပဲသွားသွား၊ သွားချင်တဲ့ နေရာသွား၊ ပြည်သူတွေက ဂရုကိုမစိုက်တာ၊ ရှင်းတယ်နော်။
ဘယ်လောက်တောင် မင်းအောင်လှိုင်ရဲ့ ကျွန်လုပ်ချင်နေသလဲဆိုဘူမိဗေဒပညာရှင် အသင်းက သူ့ကို အသိအမှတ် မပြုတော့ဘူးလို့ ကြေငြာတော့ …
ပြောင်ပြောင်ပဲ …ဘယ်သူ့မှ မသိဘူး။ ဂရုလည်း မစိုက်ဘူး။ဘူမိဗေဒနဲ့ ရပ်တည်နေတာလည်း မဟုတ်ဘူး။
သူတို့တွေဆို မတွေ့တာလဲ ကြာပီ။အခေါ်အပြော မလုပ်လဲရတယ်ဆိုတဲ့ အချိုးမျိုးချိုးတာ၊ဆရာတွေကိုလည်း အာပြန်၊
လေးစားခဲ့သမျှ စိတ်ပျက်မိ၊သူဟောပြခဲ့တာတွေ ကြည့်ခဲ့မိတာတောင် နောင်တရမိတယ်။ဘိုင့်ဘိုင်ပါ အန်တီ။
ပြည်သူတွေခံစားရသလို အန်တီတို့ မိသားစုတွေ မခံစားရပါစေနဲ့။အောင်သပြေနဲ့ ဘုရားမှာ ဆုတောင်းပေးမယ်။
Moe Wai
ခရက္ဒစ္-