ၾကားသိသမွ်

အပ်ထားသမျှ ပိုက်ဆံတွေအကုန် တစ်လုံးတည်း ထုတ်မပေးရင် သမီးပါသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်စာ ပို့ခဲ့တဲ့ KBZ အသုံးပြုသူ တစ်ဦး

အပ်ထားသမျှ ပိုက်ဆံတွေအကုန် တစ်လုံးတည်း ထုတ်မပေးရင် သမီးပါသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်စာ ပို့ခဲ့တဲ့ KBZ အသုံးပြုသူ တစ်ဦး

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် လက်ရှိဘဏ်များနှင့် ငွေကြေး

စျေးကွက်မှာ ပုံမှန်အခြေအနေသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက တညီတညွတ်တည်း ပြောကြားသည်။

ဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေထုတ်ယူခွင့်ပြုခြင်း၊ လူအများစုအသုံးပြုနေသည့် ATM ကတ်များတွင်လည်း ငွေထုတ်ယူခွင့်

ပမာဏကို အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့်ပြုခြင်းများမှာ မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးစျေးကွက်အတွင်း ပုံမှန်အခြေအနေမှ များစွာ

ကျဆင်းသ ည့်အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Photo credit;

မြန်မာနိုင်ငံတွင် လူတန်းစားပေါင်းစုံ အသုံးပြုနေသည့် ATM ကတ်များမှာ ယခင်ကကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်ခဲ့သော်လည်း မတ်လ

လယ်လောက်မှ စတင်ကာ ငွေထုတ်ယူမှုများကို ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။

“မတ်လလယ်လောက်မှာ စဖြစ်လာတာ။ အရင်တုန်းက အေးဆေးထုတ်လို့ရသေးတယ်။ ဖေဖော်ဝါရီတုန်းကလည်း အေးဆေးထုတ်လို့ရ

သေးတယ်” ဟု ATM ကတ်သုံးစွဲသူတစ်ဦးက ပြောကြားသည်။ မတ်လလယ်မှစတင်ကာ ကန့်သတ်ခံခဲ့ရသည့် ATM များတွင် ငွေထုတ်ယူ

ခွင့်မှာ နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာခဲ့သည်ဟုဆိုနိုင်ပြီး ငွေထုတ်လိုသူများအနေဖြင့် နံနက် ၄ နာရီမှ စတင်ကာ တန်းစီစောင့်ဆိုင်းရမှုများ

ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“မနက် ၄ နာရီလောက်ဆို လာကြည့်ပါလား။ ထိုင်ခုံလေးတွေချထားပြီး နေရာဦးထားကြတာ” ဟု ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM စက်တွင်

ငွေထုတ်ယူရန် လာရောက် စောင့်ဆိုင်းရသည့်အခြေအနေကို ငွေထုတ်သူတစ်ဦးက ပြောကြားခဲ့သည်။ ငွေသားလိုအပ်ချက် မြင့်တက်လာ

သည့်အခြေအနေတွင် ATM များ၌ ငွေထုတ်ယူရခြင်းအပေါ် နေရာဦးပြီး တစ်ဆင့်ပြန်လည်ရောင်းချသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

KBZ Bank အသုံးပြုသူတစ်ယောက်က အပ်နှံထားသည့် ငွေများအား တပေါင်းတစည်းထဲပြန်မပေးပါက သမီးတောင်းစရိတ်အဖြစ်

သတ်မှတ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားလိုက်သည်ကို တွေ့လိုက်ရပါသည်။