ၾကားသိသမွ်

ပုလဲမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ PDFတိုက်ခိုက်၊

ပုလဲမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်သားအများ

အပြား သေဆုံးပြီး ကား ၅ စီး ပျက်သွား

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ၊ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်

ကို မိုင်း ၂၇ လုံးခွဲ၍ ပုလဲ PDF က တိုက်ခိုက်လိုက်ပြီး ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ပုလဲ PDF

က တရားဝင်ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ အမြောက်ကား ၈ စီး နှင့် Truck ကားများ တွဲကားများ ပါဝင်သော စစ်အုပ်စု၏ အစီး ၈၀ ကျော်ဖြင့် ပုလဲ

မြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ်ဝင်ရောက်လာသော ယာဉ်တန်းအား ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန်

ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့တွင် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၂၇လုံးဖြင့် ဖောက်ခွဲ

တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ပြီး စစ်ခွေးများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ၎င်းယာဉ်တန်းမှာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့် နေဆဲဖြစ်ပြီး နောက်ဆက်တွဲ

သတင်းများကို ဆက်လက် အသိပေးမည်ဟု ပုလဲPDF က သတင်းထုတ်ပြန်ထားသည်။

Zawgyi

ပုလဲၿမိဳ႕နယ္အတြင္း ဝင္လာသည့္ စစ္ေကာင္စီယာဥ္တန္း အစီး ၈၀ ေက်ာ္ကို မိုင္း ၂၇ လုံးခြဲ၍ PDFတိုက္ခိုက္၊ စစ္ေကာင္စီတပ္သားအမ်ားအျ

ပား ေသဆုံးၿပီး ကား ၅ စီး ပ်က္သြား

ရန္ကုန္၊ ေအာက္တိုဘာ ၄

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္အတြင္းသို႔ ေအာက္တိုဘာလ ၄ ရက္ေန႔ နံနက္ပိုင္း ဝင္ေရာက္လာေသာ စစ္ေကာင္စီယာဥ္တန္း အစီး ၈၀ ေက်ာ္ကို မိုင္း ၂၇ လုံးခြဲ၍

ပုလဲ PDF က တိုက္ခိုက္လိုက္ၿပီး ကား ၅ စီးပ်က္စီးကာ စစ္ေကာင္စီတပ္သားအမ်ားအျပား ေသဆုံးေၾကာင္း ပုလဲ PDF က တရားဝင္ေျပာဆိုသည္။

ေအာက္တိုဘာလ ၄ ရက္ေန႔ အေျမာက္ကား ၈ စီး ႏွင့္ Truck ကားမ်ား တြဲကားမ်ား ပါဝင္ေသာ စစ္အုပ္စု၏ အစီး ၈၀ ေက်ာ္ျဖင့္

ပုလဲၿမိဳ႕နယ္အတြင္း ေထာက္ပို႔စစ္ကူအျဖစ္ဝင္ေရာက္လာေသာ ယာဥ္တန္းအား ကန႔္ေဒါင့္ေက်းရြာ အေနာက္ ပိေတာက္ကုန္း လ

မ္းခြဲအလြန္ ေရႊမင္းသမီးေကြ႕ ေခၚ ကိုးေလာင္းၿပိဳင္ေကြ႕တြင္ ဗိုလ္နဂါး ဦးေဆာင္သည့္ ပုလဲျပည္သူ႔ကာကြယ္ေရးတပ္

ဖြဲ႕မွ မိုင္း ၂၇လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ယာဥ္တန္းအတြင္းမွ ကား ၅ စီး ပ်က္စီးခဲ့ၿပီး စစ္ေခြးမ်ား အမ်ားအျပား ေသဆုံး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ယခုအခ်ိန္တြင္ ၎ယာဥ္တန္းမွာ ဆက္လက္ထြက္ခြာနိုင္ျခင္းမရွိေသးဘဲ နဂါးမေတာင္ေပၚတြင္ ရပ္တန႔္ ေနဆဲျဖစ္ၿပီး ေနာက္ဆက္တြဲ သတင္းမ်ားကို ဆက္လက္ အသိေပးမည္ဟု ပုလဲPDF က သတင္းထုတ္ျပန္ထားသည္။