ၾကားသိသမွ်

နေပြည်တော်မှာ ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်တော့မှာဖြစ်လို့ ပြည်သူလူထုများလိုက်နာရမည်တို့ကို PDF အသိပေး

နေပြည်တော်မှာ ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်တော့မယ်လို့ လူထုကို PDF အသိပေး
ရန်ကုန်| အောက်တိုဘာ ၃
နေပြည်တော်မှာ အခုလကစပြီး ပိုပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်တော့မယ်လို့ NUG ရဲ့ နေပြည်တော် PDF က လူထုကို
အသိပေးပါတယ်။နေပြည်တော် PDF နဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတွေ ပေါင်းပြီး မြို့ပြပြောက်ကျားအသွင်သဏ္ဍာန်နဲ့ နေရာအနှံ့စစ်
ရေးလှုပ်ရှားကြမှာဖြစ်ပါတယ်။လူထုအနေနဲ့ အိမ်တွေမှာ တပ်ထားတဲ့ စီစီတီဗီတွေကို လမ်းဘက်မျက်နှာမူထားရင် ပိတ်ထားပေးကြဖို့၊
မြင်ကွင်းလမ်းကြောင်း ပြောင်းဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် NUG ကြေညာထားတဲ့ ပဋိပက္ခနဲ့ စစ်ရေးအတွင်း ဘေးအန္တရာယ်လုံခြုံရေး အသိပေးချက်တွေအတိုင်း လိုက်နာကြဖို့နဲ့ PDF
ရဲဘော်တွေကိုကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
​အောက်တိုဘာ ၁ရက်ကပဲ နေပြည်တော် PDF နဲ့ အခြားတော်လှန်ရေးအဖွဲ့ပေါင်းပြီး နေပြည်တော်က စစ်ဘက်ဆိုင်ရာ ရုံးအတွင်းထဲ မိုင်း
ထောင်ဖောက်ခွဲလို့ စစ်ဘက်ရုံး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
Zawgyi
ရန်ကုန်| အောက်တိုဘာ ၃