ၾကားသိသမွ်

မုံရွာမြို့၊ စက်မှုဇုံလမ်းဘေးတွင် ငွေတောင်းနေသည့် ရဲများကို Truth Army အဖွဲ့ မိုင်းခွဲတိုက်ခိုက်ရာ ၃ ဦးသေ

မုံရွာမြို့၊ စက်မှုဇုံလမ်းဘေးတွင် ငွေတောင်းနေသည့် ရဲများကို Truth Army အဖွဲ့ မိုင်းခွဲတိုက်ခိုက်ရာ ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အေးသာရာရပ် စက်မှုဇုံလမ်းဘေး၌ ငွေကြေးကောက်ခံနေသည့် ရဲတပ်ဖွဲ့ကို အမှန်တရားတပ်မတော် (Truth

Army)က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့၀င် သုံးဦးသေဆုံးသွားကြောင်း Truth Army အဖွဲ့ထံက သိရသည်။

ယင်းငွေတောင်းအဖွဲ့တွင် ဆိုင်ကယ် သုံးစီးနှင့် ရဲခြောက်ယောက်ပါဝင်ပြီး ယနေ့ အောက်တိုဘာ ၃ရက် မနက် ၈နာရီတွင် ဖောက်ခွဲ

တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Truth Army အဖွဲ့၏အဖွဲ့တာ၀န်ရှိသူ မိုင်းဆရာဂဠုန်မှ မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အမှန်တရားတပ်မတော် Truth Army အနေနဲ့ ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့် နှိပ်စက်နေတဲ့ ဝန်ထမ်းများကို CDM အ

မြန်ဝင်ကြပါလို့ပြောချင်တယ်။ အဲလိုမလုပ်ရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်။ အခုအချိန်မှာ တောင်သူလယ်သမား

များ အပေါ် အတင်းအဓမ္မ အကြွေးတောင်းတာတွေ၊ အကြမ်းဖက်မှုကို အားပေး အား‌မြောက်ပြုနေတဲ့ ထောက်တိုင်တွေ အားလုံးကို ခြေမှုန်း

သုတ်သင်သွားမယ် ဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်တယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယင်း ရဲအဖွဲ့သည့် လှည့်ကင်းပတ်ပြီး စက်မှုဇုံ လမ်းဘေးဂိတ်တွင်‌ စောင့်ဆိုင်းကာ ဖြတ်သန်းသွားလာနေသည့် ကားများကို အပြစ်ရှာ

စစ်ဆေးပြီး ငွေညှစ် ဆက်ကြေးကောက်‌လေ့ရှိသည်ဟု သိရသည်။

Zawgyi

မုံရြာၿမိဳ႕၊ စက္မႈဇုံလမ္းေဘးတြင္ ေငြေတာင္းေနသည့္ ရဲမ်ားကို Truth Army အဖြဲ႕ မိုင္းခြဲတိုက္ခိုက္ရာ ၃ ဦးေသ

စစ္ကိုင္းတိုင္း၊ မုံရြာၿမိဳ႕ ၊ ေအးသာရာရပ္ စက္မႈဇုံလမ္းေဘး၌ ေငြေၾကးေကာက္ခံေနသည့္ ရဲတပ္ဖြဲ႕ကို အမွန္တရားတပ္မေတာ္

(Truth Army)က မိုင္းႏွစ္လုံးခြဲ တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕၀င္ သုံးဦးေသဆုံးသြားေၾကာင္း Truth Army အဖြဲ႕ထံက သိရသည္။

ယင္းေငြေတာင္းအဖြဲ႕တြင္ ဆိုင္ကယ္ သုံးစီးႏွင့္ ရဲေျခာက္ေယာက္ပါဝင္ၿပီး ယေန႔ ေအာက္တိုဘာ ၃ရက္ မနက္ ၈နာရီတြင္ ေ

ဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း Truth Army အဖြဲ႕၏အဖြဲ႕တာ၀န္ရွိသူ မိုင္းဆရာဂဠဳန္မွ မဇၩိမကို ေျပာသည္။

“ကၽြန္ေတာ္တို႔ အမွန္တရားတပ္မေတာ္ Truth Army အေနနဲ႔ ျပည္သူလူထုအေပၚမွာ အနိုင္က်င့္ ႏွိပ္စက္ေနတဲ့ ဝန္ထမ္းမ်ားကို CDM

အျမန္ဝင္ၾကပါလို႔ေျပာခ်င္တယ္။ အဲလိုမလုပ္ရင္ေတာ့ ထိထိေရာက္ေရာက္ အေရးယူသြားမွာျဖစ္တယ္။ အခုအခ်ိန္မွာ ေတာင္သူလယ္သ

မားမ်ား အေပၚ အတင္းအဓမၼ အေႂကြးေတာင္းတာေတြ၊ အၾကမ္းဖက္မႈကို အားေပး အား‌ေျမာက္ျပဳေနတဲ့ ေထာက္တို

င္ေတြ အားလုံးကို ေျခမႈန္းသုတ္သင္သြားမယ္ ဆိုတာ ျပတ္ျပတ္သားသား သတိေပးလိုက္တယ္” ဟု ၎က မဇၩိမကို ေျပာသည္။

ယင္း ရဲအဖြဲ႕သည့္ လွည့္ကင္းပတ္ၿပီး စက္မႈဇုံ လမ္းေဘးဂိတ္တြင္‌ ေစာင့္ဆိုင္းကာ ျဖတ္သန္းသြားလာေနသည့္ ကားမ်ားကို အျ

ပစ္ရွာစစ္ေဆးၿပီး ေငြညႇစ္ ဆက္ေၾကးေကာက္‌ေလ့ရွိသည္ဟု သိရသည္။