တောင်ပျောက်တိုက်နယ်တွင်စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်
အောက်တိုဘာ ၃
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်
ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ ယနေ့နံနက်စောစောမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာတွင် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှစ၍ ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ရှစ်နာရီခွဲတွင်
ရပ်နားလိုက်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
Photo credit; TYC PDF
“သူတို့ဘက်က တစ်ဆယ်ကျော်လောက်ကျနိုင်တယ်။ ထိခိုက်ဒဏ်ရာလည်း ၁၀ ကျော်လောက်ရှိနိုင်တယ်။ ကျနော်တို့က အနီးကပ်ပစ်ကြ
တာဆိုတော့” ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင်ကဆိုသည်။
ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီဘက်က လက်နက်ကြီး အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံတချို့ကပြောသည်။
Photo credit; TYC PDF
တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များသည် ပြည်သူများ၏နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးမှုများရှိခဲ့
ကြောင်းသိရသည်။ Source;ဒက္ခိဏ
Zawgyi
ေတာင္ေပ်ာက္တိုက္နယ္တြင္စစ္ေကာင္စီႏွင့္ PDF တိုက္ပြဲျဖစ္
ေအာက္တိုဘာ ၃
ထားဝယ္ခရိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေတာင္ေပ်ာက္တိုက္နယ္တြင္း အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ေဒသခံျပည္သူ႔ကာကြယ္ေရး
တပ္ဖြဲ႕တစ္ခုျဖစ္သည့္ ေဒါင္းမင္းစစ္ဆင္ေရးအဖြဲ႕တို႔ ယေန႔နံနက္ေစာေစာမွ စတင္၍ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ေတာင္ေပ်ာက္တိုက္နယ္ရွိ ကၽြဲၿခံရြာတြင္ ယေန႔နံနက္ ၄ နာရီ ၄၀ မိနစ္မွစ၍ ပစ္ခတ္မႈစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး နံနက္ ရွစ္နာရီခြဲတြင္
ရပ္နားလိုက္ေၾကာင္း ေဒါင္းမင္းစစ္ဆင္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
“သူတို႔ဘက္က တစ္ဆယ္ေက်ာ္ေလာက္က်နိုင္တယ္။ ထိခိုက္ဒဏ္ရာလည္း ၁၀ ေက်ာ္ေလာက္ရွိနိုင္တယ္။ က်ေနာ္တို႔က အနီးကပ္ပစ္ၾကတာ
ဆိုေတာ့” ဟု ေဒါင္းမင္းစစ္ဆင္ေရးအဖြဲ႕ဝင္ကဆိုသည္။
ေဒါင္းမင္းစစ္ဆင္ေရးအဖြဲ႕ဘက္မွ ထိခိုက္ဒဏ္ရာရသူမရွိေၾကာင္း ၎ကဆိုသည္။
စစ္ေကာင္စီဘက္က လက္နက္ႀကီး အခ်က္ေပါင္းမ်ားစြာပစ္ခတ္ခဲ့ေၾကာင္း ေဒသခံတခ်ိဳ႕ကေျပာသည္။
ေတာင္ေပ်ာက္တိုက္နယ္အတြင္းရွိ ေက်းရြာမ်ားတြင္ စစ္ေကာင္စီတပ္မ်ားသည္ ျပည္သူမ်ား၏ေနအိမ္တခ်ိဳ႕ကို မီးရွို႔ဖ်က္ဆီးမႈမ်ားရွိခဲ့ေၾကာ
င္းသိရသည္။ Source;ဒကၡိဏ