ၾကားသိသမွ်

အကျဥ်းထောင်မှ လွတ်လာတဲ့ တပည့်ကို အလုပ်မထုတ်တဲ့အပြင် ရာသက်ပန်ဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားမယ်လို့ ဆိုလိုက်တဲ့ FAME Company ရဲ့ ဒေါက်တာခင်မောင်လွင်

FAME Company ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်ဟာ ထူးချွန်လွန်းတဲ့အတွက် ဆေးပညာနယ်ပယ်မှာ အောင်မြင်

ကျော်ကြားတဲ့ဆရာတစ်ဦးဖြစ်ပါတယ်။

ယနေ့မှာ သူဟာ သူ့ရဲ့ ဝန်ထမ်းတစ်ယောက်အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာပြောကြားလာပါတယ်။(၂၀၂၀)ခုနှစ်က လုယက်

သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဥ်းကျခဲ့ရတဲ့ သူ့တပည့် မောင်မျိုးသက်လွင်ဟာ လွတ်မြောက်လာပြီဖြစ်ကြောင်းဆိုလာပါတယ်။ယခု

အမှုဟာဆိုရင် ကိုဗစ်အခြေအနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် အမှုရင်ဆိုင်ချိန်ဟာ ၁ နှစ်နဲ့ ၈ လနီးပါးလောက် ကြန့်ကြာနေခဲ့ရာကနေ

အခုလို အပြီးသတ် လွတ်မြောက်လာခဲ့အတွက် အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် သူဟာ မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေခဲ့ရတဲ့ အချိန်အတွင်းမှာတောင် မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ

လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် ဆက်လက်ထားရှိပေးထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝ ပေးထားတဲ့အပြင် အမှုပြီးဆုံးတဲ့

နေ့အထိ ဆေးခွင့်အနေနဲ့ သတ်မှတ်ပေးထားခဲ့ပါတယ် လို့လည်း ပြောကြားထားပါတယ်။ဒါတင်မက FAME မှာ တာဝန်ထမ်းဆောင်နေတဲ့

မောင်မျိုးသက်လွင်ရဲ့ ညီဖြစ်သူကိုလည်း အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ပြီး စောင့်ရှောက်ကူညီ ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း မောင်မျိုးသက်လွင်ကို FAME ဆေးဝါးစက်ရုံမှာပဲ ဥယျာဉ်မှူးလုပ်သား ဝန်ထမ်းကောင်းအဖြစ် ဆက်ပြီး ခန့်အပ်ထား

မယ်လို့လည်းဆိုပါတယ်။ဒါ့အပြင် ဆရာဟာအလုပ်မဝင်ခင်မှာ မောင်မျိုးသက်လွင်တစ်ယောက် သူ့ရဲ့ဖခင်ဆီကို သွားရောက်ကန်တော့ဖို့

ငွေကျပ် ၁၀ သိန်း ထပ်မံကူညီပေးခဲ့ပါသေးတယ်။ဆရာက “မောင်မျိုးသက်လွင် လွတ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူများ

အားလုံးကို မောင်မျိုးသက်လွင် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်”လို့လည်းဆိုထားပါသေးတယ်။

ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရုံသာမက လုပ်ငန်းပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်တစ်ယောက်

အစစအရာရာအောင်မြင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Zawgyi

FAME Company ပိုင္ရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာခင္ေမာင္လြင္ဟာ ထူးခၽြန္လြန္းတဲ့အတြက္ ေဆးပညာနယ္ပယ္မွာ ေအာင္ျမင္ေက်ာ္ၾကား

တဲ့ဆရာတစ္ဦးျဖစ္ပါတယ္။

ယေန႔မွာ သူဟာ သူ႔ရဲ့ ဝန္ထမ္းတစ္ေယာက္အေၾကာင္းကို သူ႔ရဲ့ Facebook စာမ်က္ႏွာမွာေျပာၾကားလာပါတယ္။(၂၀၂၀)ခုႏွ

စ္က လုယက္သူႏွစ္ဦးကို ခုခံကာကြယ္ရင္း အက်ဥ္းက်ခဲ့ရတဲ့ သူ႔တပည့္ ေမာင္မ်ိဳးသက္လြင္ဟာ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္းဆိုလာ

ပါတယ္။ယခုအမႈဟာဆိုရင္ ကိုဗစ္အေျခအေနနဲ႔ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ အမႈရင္ဆိုင္ခ်ိန္ဟာ ၁ ႏွစ္နဲ႔ ၈ လနီးပါးေလာက္

ၾကန႔္ၾကာေနခဲ့ရာကေန အခုလို အၿပီးသတ္ လြတ္ေျမာက္လာခဲ့အတြက္ အားလုံး ဝမ္းသာပီတိ ျဖစ္ရပါတယ္လို႔လည္း သူက ဆိုပါတယ္။

ဒါ့အျပင္ သူဟာ ေမာင္မ်ိဳးသက္လြင္ အမႈရင္ဆိုင္ေနခဲ့ရတဲ့ အခ်ိန္အတြင္းမွာေတာင္ ေမာင္မ်ိဳးသက္လြင္ကို အလုပ္ကေန မထုတ္ပယ္ဘဲ လစာအျပည့္နဲ႔ ဝ

န္ထမ္းတစ္ေယာက္အျဖစ္ ဆက္လက္ထားရွိေပးထားခဲ့ၿပီး သူ႔ရဲ့ရပိုင္ခြင့္ကို အျပည့္အဝ ေပးထားတဲ့အျပင္ အမႈၿပီးဆုံးတဲ့ေန႔အထိ ေဆးခြ

င့္အေနနဲ႔ သတ္မွတ္ေပးထားခဲ့ပါတယ္ လို႔လည္း ေျပာၾကားထားပါတယ္။ဒါတင္မက FAME မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေမာ

င္မ်ိဳးသက္လြင္ရဲ့ ညီျဖစ္သူကိုလည္း အျမဲတမ္းဝန္ထမ္းအျဖစ္ သတ္မွတ္ၿပီး ေစာင့္ေရွာက္ကူညီ ေပးခဲ့ပါေသးတယ္။

အခုအခ်ိန္မွာလည္း ေမာင္မ်ိဳးသက္လြင္ကို FAME ေဆးဝါးစက္႐ုံမွာပဲ ဥယ်ာဥ္မႉးလုပ္သား ဝန္ထမ္းေကာင္းအျဖစ္ ဆက္ၿပီး ခန္႔အပ္ထားမယ္လို႔လ

ည္းဆိုပါတယ္။ဒါ့အျပင္ ဆရာဟာအလုပ္မဝင္ခင္မွာ ေမာင္မ်ိဳးသက္လြင္တစ္ေယာက္ သူ႔ရဲ့ဖခင္ဆီကို သြားေရာက္ကန္ေတာ့ဖို႔ ေငြက်ပ္ ၁၀ သိ

န္း ထပ္မံကူညီေပးခဲ့ပါေသးတယ္။ဆရာက “ေမာင္မ်ိဳးသက္လြင္ လြတ္ေျမာက္ေရးအတြက္ ေက်းဇူးတင္ထိုက္သူမ်ား အားလုံးကို ေမာင္

မ်ိဳးသက္လြင္ ကိုယ္စား ေက်းဇူးတင္ရွိေၾကာင္း မွတ္တမ္းတင္အပ္ပါတယ္”လို႔လည္းဆိုထားပါေသးတယ္။ဆရာဝန္ေကာင္းတစ္ေယာ

က္ျဖစ္႐ုံသာမက လုပ္ငန္းပိုင္ရွင္ေကာင္းတစ္ေယာက္ျဖစ္တဲ့ ေဒါက္တာခင္ေမာင္လြင္တစ္ေယာက္ အစစအရာရာေအာင္ျမင္ပါေစလို႔ဆုေတာင္းလိုက္ရပါတယ္။