ၾကားသိသမွ်

​တောင်ကိုရီးယားနိုင်ငံမှာ မြန်မာပြည်သူတွေအတွက် မှတ်တိုင်တစ်ခု စတင်စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

​တောင်ကိုရီးယားနိုင်ငံမှာ မြန်မာပြည်သူတွေအတွက် မှတ်တိုင်တစ်ခု စတင်စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထား​သော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်ပြည်သူ့အစိုးရအဖြစ် တောင်ကို

ရီးယားအစိုးရကလည်း အားပေးထောက်ခံခဲ့ပြီး လိုအပ်တဲ့အကူအညီတွေကိုလည်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ

ဝမ်းသာစရာကတော့ အောက်တိုဘာလ (၂) ရက်နေ့က NUG ရဲ့ ကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ သိ

ရပါတယ်။

ကြားသိရတဲ့ သတင်းများအရ NUG ရဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံး နိုင်ငံရေးအကြံပေးအဖွဲ့

နာယက ပါမောက္ခဘအွန်းဟွန်း၊ အာဏာရပါတီရဲ့ လူငယ်အဖွဲ့”လူငယ်ကင်မ်ဒဲဂျွန်”ဥက္ကဌအီဒဲဆွန်း၊ တိုင်းရင်းဆေးဆရာဝန်များ

အဖွဲ့”KOMSTA”ခေါင်းဆောင် အီဆွန်းအွန်၊ ခရီးထွက်နေတဲ့ ဘူဖြောင်းဒေသလွှတ်တော်အမတ်ဟုန်းယောင်ဖြို ကိုယ်စား အတွင်းရေးမှူး

ကင်မ်ဂီဟွန်းနှင့် အခြားသော အလွှာအသီးသီး ဧည့်သည်တော်များမှ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရပါတယ်။

တိုင်းရင်းဆေး ဆရာဝန်များအဖွဲ့”KOMSTA”မှ မြန်မာပြည်သူများအတွက် ကိုဗစ်TEST KITS အခုရေ ၂၀၀၀(ဒေါ်လာ11,000ဖိုး)အား

မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ NUG

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပေးပို့ခဲ့ကြောင်း ဖော်ပြ

ထားပါတယ်။ အလားတူ ချက်နိုင်ငံမှာလည်း NUG ရဲ့ မြန်မာကိုယ်စားလှယ်ရုံးကို မကြာခင် ဖွင့်လှစ်နိုင်တော့မယ်လို့ ကြားသိရပါတယ်။

သတင်းအရင်းမြစ်: Source – Yan Naing Htun

Zawgyi

​ေတာင္ကိုရီးယားနိုင္ငံမွာ ျမန္မာျပည္သူေတြအတြက္ မွတ္တိုင္တစ္ခု စတင္စိုက္ထူနိုင္ခဲ့ၿပီျဖစ္တဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG

ျမန္မာျပည္သူေတြ ေရြးေကာက္တင္ေျမႇာက္ထား​ေသာ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကို တရားဝင္ျပည္သူ႔အစိုးရအျဖစ္ ေတာင္ကိုရီးယားအစိုးရကလည္း အားေပးေထာက္ခံခဲ့ၿပီး လိုအပ္တဲ့အကူအညီေတြကိုလည္း လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

ျမန္မာျပည္သူေတြ ဝမ္းသာစရာကေတာ့ ေအာက္တိုဘာလ (၂) ရက္ေန႔က NUG ရဲ့ ကိုယ္စားလွယ္႐ုံးကို ေတာင္ကိုရီးယားနိုင္ငံမွာ စတင္ဖြင့္လွစ္နိုင္ခဲ့ၿပီလို႔ သိရပါတယ္။

ၾကားသိရတဲ့ သတင္းမ်ားအရ NUG ရဲ့ ေတာင္ကိုရီးယား ကိုယ္စားလွယ္႐ုံးဖြင့္ပြဲကို ေတာင္ကိုရီးယားသမၼတ႐ုံး နိုင္ငံေရးအႀကံေပးအဖြဲ႕နာယက ပါေမာကၡဘအြန္းဟြန္း၊

အာဏာရပါတီရဲ့ လူငယ္အဖြဲ႕”လူငယ္ကင္မ္ဒဲဂၽြန္”ဥကၠဌအီဒဲဆြန္း၊ တိုင္းရင္းေဆးဆရာဝန္မ်ား အဖြဲ႕”KOMSTA”ေခါင္းေဆာင္ အီဆြန္းအြန္၊ ခရီးထြက္ေနတဲ့ ဘူေျဖာင္းေဒသလႊတ္ေတာ္အမတ္ဟုန္းေယာင္ၿဖိဳ ကိုယ္စား အတြင္းေရးမႉး ကင္မ္ဂီဟြန္းႏွင့္ အျခားေသာ အလႊာအသီးသီး ဧည့္သည္ေတာ္မ်ားမွ တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရပါတယ္။

တိုင္းရင္းေဆး ဆရာဝန္မ်ားအဖြဲ႕”KOMSTA”မွ ျမန္မာျပည္သူမ်ားအတြက္ ကိုဗစ္TEST KITS အခုေရ ၂၀၀၀(ေဒၚလာ11,000ဖိုး)အား ျမန္မာကိုယ္စားလွယ္ ဦးရန္နိုင္ထြန္းမွတဆင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ က်န္းမာေရး ဝန္ႀကီးဌာနသို႔ ေပးအပ္လႉဒါန္းခဲ့ၿပီး၊

NUG နိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာေအာင္က ကိုယ္စားလွယ္႐ုံးဖြင့္ပြဲသို႔ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာအား ေပးပို႔ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အလားတူ ခ်က္နိုင္ငံမွာလည္း NUG ရဲ့ ျမန္မာကိုယ္စားလွယ္႐ုံးကို မၾကာခင္ ဖြင့္လွစ္နိုင္ေတာ့မယ္လို႔ ၾကားသိရပါတယ္။

သတင္းအရင္းျမစ္: Source – Yan Naing Htun