ၾကားသိသမွ်

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်ပြီး စစ်ကောင်စီတပ် အင်အား အဆမတန် တိုးချဲ့လာ

ကချင် စစ်ကိုင်းတိုင်း နယ်စပ်တွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ စစ်အင်အား ပိုဖြည့်တင်းလာကြောင်း ဒေသခံများပြောသည်။
“စစ်အင်အားတော့ ထောင်ချီရှိနိုင်တယ်။ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသိုဘက်ကို အဓိကထားပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့်
အနေအထားပါရှိနေပါတယ်။ လက်ရှိပင်လယ်ဘူးကောလင်း အနောက်ခြမ်းကိုအင်အား (၅၀၀) အထက် တောနင်းဝင်လာလို့ ရွာအချို့က ပြည်သူတွေတိမ်းရှောင်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ အင်အားတိုးချဲ့ ဝင်ရောက်လာသည့်အပြင် ကျေးရွာအချို့တွင်တပ်စွဲကာ နေထိုင်သောကြောင့် စစ်ကိုင်းတိုင်း တောင်ဘက်ခြမ်းရှိ ကျေးရွာ (၁၀) ရွာခန့်မှာ ထွက်ပြေးတိမ်းရှောက်နေရပြီ ဖြစ်သည်။
ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိစစ်ကောင်စီတပ်များသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များသို့ အဓိကထားကာ
စစ်အင်အားဖြည့်တင်းနေပြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဗူး စသည့်မြို့နယ် (၄)ခုတွင်ပင် အနည်းဆုံး စစ်အင်အား ၂၀၀၀ ကျော် ရှိနိုင်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။
“ကျနော်တို့ ရထားတဲ့ သတင်းအရတော့ စစ်ကားတွေကလည်း နေ့တိုင်းဝင်နေဆဲဖြစ်တယ်။ ဒီနေ့ထိဆိုရင် အစီးရေ (၁၀၀) လောက်တော့
ရှိပြီ။ ပြီးတော့ ဗန်းမောက်ကနေ ပင်လည်ဘူးဘက်လာတဲ့ တောလမ်းမှာ ပျောက်ပျောက်သွားတယ်လို့ သိရတယ်။ အဲတော့ စစ်အင်အားကတော့ အတိအကျပြောရခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၇ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ (၇၀) ခန့် သေဆုံးခဲ့သည်။
ထို့နောက် စက်တင်ဘာလ (၂၆) ရက်နေ့မှစကာ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် အင်တာနက်နဲ့ ဖုန်းလိုင်းများ ဖြတ်တောက်ခံရကာ စက်တင်ဘာလ (၂၆) ရက်နေ့ ဝမ်းဘဲအင်းတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မူများ ရှိခဲ့သည်။
လက်ရှိ စစ်ကိုင်းတိုင်း မြို့နယ် (၁၀) ခုတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများလည်း အမြောက်အများ ရှိနေကြောင်း သိရသည်။
သို့သော် ဆက်သွယ်ရေးခက်ခဲမူများ ရှိနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ပတ်သက်သည့်အချက်လက်များ တိတိကျကျ ရရှိရန်မှာ ခက်ခဲနေဆဲ ဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်းသို့ စစ်အင်အားတိုးချဲ့ရန် လမ်းကြောင်းဖြစ်နေသော စစ်ကိုင်းတိုင်းတွင် ရှေ့ဆက် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ Source; KNG
Zawgyi
ကခ်င္ စစ္ကိုင္းတိုင္း နယ္စပ္တြင္ အင္တာနက္ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္လိုက္ၿပီးေနာက္ စစ္ေကာင္စီဘက္မွ စစ္အင္အား ပိုျဖည့္တင္းလာေၾကာင္း ေဒသခံမ်ားေျပာသည္။
“စစ္အင္အားေတာ့ ေထာင္ခ်ီရွိနိုင္တယ္။ ေကာလင္း၊ ပင္လယ္ဘူး၊ ဝန္းသိုဘက္ကို အဓိကထားၿပီး နယ္ေျမရွင္းလင္းေရးလုပ္မယ့္ အေနအ
ထားပါရွိေနပါတယ္။ လက္ရွိပင္လယ္ဘူးေကာလင္း အေနာက္ျခမ္းကိုအင္အား (၅၀၀) အထက္ ေတာနင္းဝင္လာလို႔ ရြာအခ်ိဳ႕က ျပည္သူေတြတိမ္းေရွာင္ေနရပါတယ္” လို႔ ေဒသခံတစ္ဦးက ေျပာသည္။
စစ္ေကာင္စီတပ္ဘက္မွ အင္အားတိုးခ်ဲ႕ ဝင္ေရာက္လာသည့္အျပင္ ေက်းရြာအခ်ိဳ႕တြင္တပ္စြဲကာ ေနထိုင္ေသာေၾကာင့္ စစ္ကိုင္းတိုင္း ေတာင္ဘက္ျခမ္းရွိ ေက်းရြာ (၁၀) ရြာခန႔္မွာ ထြက္ေျပးတိမ္းေရွာက္ေနရၿပီ ျဖစ္သည္။
ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ လက္ရွိစစ္ေကာင္စီတပ္မ်ားသည္ အင္တာနက္ျဖတ္ေတာက္ခံထားရသည့္ ၿမိဳ႕နယ္မ်ားသို႔ အဓိကထားကာ
စစ္အင္အားျဖည့္တင္းေနၿပီး ေကာလင္း၊ ဝန္းသို၊ ဗန္းေမာက္၊ ပင္လည္ဗူး စသည့္ၿမိဳ႕နယ္ (၄)ခုတြင္ပင္ အနည္းဆုံး စစ္အင္အား ၂၀၀၀ ေက်ာ္ ရွိနိုင္ေၾကာင္း သုံးသပ္ ေျပာဆိုေနၾကသည္။
“က်ေနာ္တို႔ ရထားတဲ့ သတင္းအရေတာ့ စစ္ကားေတြကလည္း ေန႔တိုင္းဝင္ေနဆဲျဖစ္တယ္။ ဒီေန႔ထိဆိုရင္ အစီးေရ (၁၀၀) ေလာက္ေတာ့ ရွိၿပီ။ ၿပီးေတာ့ ဗန္းေမာက္ကေန ပင္လည္ဘူးဘက္လာတဲ့ ေတာလမ္းမွာ ေပ်ာက္ေပ်ာက္သြားတယ္လို႔ သိရတယ္။ အဲေတာ့ စစ္အင္အားကေတာ့ အတိအက်ေျပာရခက္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
စစ္ကိုင္းတိုင္းတြင္ စက္တင္ဘာလ ၂၂ရက္ေန႔မွ ၂၇ရက္ေန႔ထိ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA၊ PDF ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ကာ စစ္ေကာင္စီတပ္မွ (၇၀) ခန႔္ ေသဆုံးခဲ့သည္။
ထို႔ေနာက္ စက္တင္ဘာလ (၂၆) ရက္ေန႔မွစကာ ပင္လည္ဘူး၊ ေကာလင္း၊ ဝန္းသိုၿမိဳ႕နယ္မ်ားတြင္ အင္တာနက္နဲ႔ ဖုန္းလိုင္းမ်ား ျဖတ္ေ
တာက္ခံရကာ စက္တင္ဘာလ (၂၆) ရက္ေန႔ ဝမ္းဘဲအင္းတြင္ စစ္ေကာင္စီတပ္မွ ေလယာဥ္ျဖင့္ လာေရာက္တိုက္ခိုက္မူမ်ား ရွိခဲ့သည္။
လက္ရွိ စစ္ကိုင္းတိုင္း ၿမိဳ႕နယ္ (၁၀) ခုတြင္ အင္တာနက္ႏွင့္ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ခံထားရသည့္အျပင္ စစ္ေဘးေရွာင္ျပည္သူမ်ားလည္း အေျမာက္အမ်ား ရွိေနေၾကာင္း သိရသည္။
သို႔ေသာ္ ဆက္သြယ္ေရးခက္ခဲမူမ်ား ရွိေနသည့္အတြက္ စစ္ေဘးေရွာင္မ်ားႏွင့္ ပတ္သက္သည့္အခ်က္လက္မ်ား တိတိက်က် ရရွိရန္မွာ ခက္ခဲေနဆဲ ျဖစ္သည္။
ျမန္မာျပည္ေျမာက္ပိုင္းသို႔ စစ္အင္အားတိုးခ်ဲ႕ရန္ လမ္းေၾကာင္းျဖစ္ေနေသာ စစ္ကိုင္းတိုင္းတြင္ ေရွ႕ဆက္ တိုက္ပြဲမ်ား ပိုမိုျဖစ္ပြားလာနိုင္သည္ဟု ေဒသခံမ်ားက သုံးသပ္ေျပာဆိုေနၾကသည္။ Source;KNG