အာရုံကြောညပ်ရတဲ့အကြောင်း
ခန္ဓာကိုယ်မှာရှိတဲ့ ဘယ်အာရုံကြောမဆို ဖိအားတွေများလွန်းရင် ပိပြီးတော့ညပ်တတ်ပါတယ်။
ဒါဆိုရင် အာရုံကြောရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက်ပြီး လူနာမှာ ဝေဒနာတွေ ပိုခံစားရပါတယ်။
အာရုံညပ်စေတဲ့ အကြောင်းရင်းတွေက အရိုးအတက်ထွက်တာ -အရိုးအဆစ်ရောင်ရမ်းတဲ့ OA ရောဂါမျိုးမှာ
အရိုးတွေ ထူလာပြီး အတက်ထွက်ကာ အာရုံကြောကို ဖိတတ်ပါတယ်။ ကျောရိုးမှာ ဆိုရင်လည်း အတက်ထွက်ပြီး
အာရုံကြောပိတတ်ပါသေးတယ်။
(လေးဖက်နာ အဆစ်ရောင် )
-ဒါဆိုရင်လည်း ရောင်နေတဲ့ အဆစ်က ကြီးလာပြီး အနီးအနားအာရုံကြောကို ဖိတတ်ပါတယ်။
(သိုင်းရွိုက်ရောဂါ )
-သိုင်းရွိုက်ရောဂါရှိသူတွေက သူများတွေထက် လက်ကောက်ဝတ် အာရုံကြောညပ်တဲ့ရောဂါ carpal tunnel syndrome ဖြစ်လွယ်ပါတယ်။
(ဆီးချိုရောဂါ)အဆစ်တစ်ခုတည်းကို အကြာကြီး အသုံးပြုရတဲ့သူတွေ (ဥပမာ စာစီစာရိုက်)
အဝလွန်တဲ့သူတွေ၊ကိုယ်ဝန်ဆောင်တွေ – ကိုယ်ဝန်ဆောင်ချိန်မှာ အာရုံကြောလမ်းကြောင်းတွေဖောင်းပြီး ညပ်တတ်ပါတယ်။
အိပ်ရာထဲ အကြာကြီး လဲနေသူတွေ – ကြာကြာလဲနေလေေ အာရုံကြောညပ်နိုင်ခြေ များလေပဲ ဖြစ်ပါတယ်။
အာရုံကြောညပ်တဲ့အခါ လူနာများအနေနဲ့
-ထုံတာ၊ ကျဉ်တာ
-စပ်ဖျင်းဖျင်းနဲ့ ပူသလို ခံစားရတာ
-အပ်နဲ့ထိုးသလို ခံစားရတာ
-ကြွက်သား အားနည်းတာဖြစ်တတ်ပါတယ်။ အိပ်တဲ့အချိန်ဆို ပိုဆိုးပါတယ်။
ဒါကြောင့် လူနာများအနေနဲ့ အထက်ပါ လက္ခဏာတွေကို ရက်အတော်ကြာ ခံစားနေရမယ်။
ဒါမှမဟုတ် ပြောခဲ့တဲ့ ရောဂါအခံတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
ခရက်ဒစ်-
Zawgyi
အာ႐ုံေၾကာညပ္ရတဲ့အေၾကာင္း
ခႏၶာကိုယ္မွာရွိတဲ့ ဘယ္အာ႐ုံေၾကာမဆို ဖိအားေတြမ်ားလြန္းရင္ ပိၿပီးေတာ့ညပ္တတ္ပါတယ္။
ဒါဆိုရင္ အာ႐ုံေၾကာရဲ့ ပုံမွန္လုပ္ငန္းေဆာင္တာေတြကို ထိခိုက္ၿပီး လူနာမွာ ေဝဒနာေတြ ပိုခံစားရပါတယ္။
အာ႐ုံညပ္ေစတဲ့ အေၾကာင္းရင္းေတြက အရိုးအတက္ထြက္တာ -အရိုးအဆစ္ေရာင္ရမ္းတဲ့ OA ေရာဂါမ်ိဳးမွာ
အရိုးေတြ ထူလာၿပီး အတက္ထြက္ကာ အာ႐ုံေၾကာကို ဖိတတ္ပါတယ္။ ေက်ာရိုးမွာ ဆိုရင္လည္း အတက္ထြက္ၿပီး
အာ႐ုံေၾကာပိတတ္ပါေသးတယ္။
(ေလးဖက္နာ အဆစ္ေရာင္ )
-ဒါဆိုရင္လည္း ေရာင္ေနတဲ့ အဆစ္က ႀကီးလာၿပီး အနီးအနားအာ႐ုံေၾကာကို ဖိတတ္ပါတယ္။
(သိုင္းရြိဳက္ေရာဂါ )
-သိုင္းရြိဳက္ေရာဂါရွိသူေတြက သူမ်ားေတြထက္ လက္ေကာက္ဝတ္ အာ႐ုံေၾကာညပ္တဲ့ေရာဂါ carpal tunnel syndrome ျဖစ္လြယ္ပါတယ္။
(ဆီးခ်ိဳေရာဂါ)အဆစ္တစ္ခုတည္းကို အၾကာႀကီး အသုံးျပဳရတဲ့သူေတြ (ဥပမာ စာစီစာရိုက္)
အဝလြန္တဲ့သူေတြ၊ကိုယ္ဝန္ေဆာင္ေတြ – ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အာ႐ုံေၾကာလမ္းေၾကာင္းေတြေဖာင္းၿပီး ညပ္တတ္ပါတယ္။
အိပ္ရာထဲ အၾကာႀကီး လဲေနသူေတြ – ၾကာၾကာလဲေနေလေ အာ႐ုံေၾကာညပ္နိုင္ေၿခ မ်ားေလပဲ ျဖစ္ပါတယ္။
အာ႐ုံေၾကာညပ္တဲ့အခါ လူနာမ်ားအေနနဲ႔
-ထုံတာ၊ က်ဥ္တာ
-စပ္ဖ်င္းဖ်င္းနဲ႔ ပူသလို ခံစားရတာ
-အပ္နဲ႔ထိုးသလို ခံစားရတာ
-ႂကြက္သား အားနည္းတာျဖစ္တတ္ပါတယ္။ အိပ္တဲ့အခ်ိန္ဆို ပိုဆိုးပါတယ္။
ဒါေၾကာင့္ လူနာမ်ားအေနနဲ႔ အထက္ပါ လကၡဏာေတြကို ရက္အေတာ္ၾကာ ခံစားေနရမယ္။
ဒါမွမဟုတ္ ေျပာခဲ့တဲ့ ေရာဂါအခံေတြ ရွိေနမယ္ဆိုရင္ဆရာဝန္နဲ႔ ျပသၿပီး ကုသမႈ ခံယူသင့္ပါတယ္။
ခရက္ဒစ္-