ၾကားသိသမွ်

“ဘုတ် ဘုတ် ဘတ် ဘတ် တရားတွေကို နာနေသမျှတော့ နိုင်ငံတော်ရဲ့ အနာဂါတ်ဟာ ရှုပ်ရှုပ်ယှက်ယှက်တွေ ထပ်ဖြစ်နေဦးမှာပဲ”လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံက ဆို

“ဘုတ် ဘုတ် ဘတ် ဘတ် တရားတွေကို နာနေသမျှတော့ နိုင်ငံတော်ရဲ့ အနာဂါတ်ဟာ ရှုပ်ရှုပ်ယှက်ယှက်တွေ ထပ်ဖြစ်နေဦးမှာပဲ”လို့

အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံက ဆို

လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့

သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ စက်တင်ဘာ ၃၀ရက်နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့

သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ရွှေဈေးဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်။ ဒီကိစ္စနဲ့

ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြည်လည်လည်ပတ်ဖို့ ကျဆင်းလာတဲ့ စီးပွားရေးတွေ အဆင်ပြေစွာ စီစစ်လည်ပတ်နိုင်ရေး

အတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေများ ရောင်းပေးတာတွေ ပြည်ပပို့

ကုန်ရငွေများ အချိန်မှီပြန်လည်ဝင် ရောက်အောင် ဆောင်ရွက်ပေးတာတွေ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို အချိန်ကာလ

သတ်မှတ်ခြင်းနဲ့ ပိုကုန်မြင့်တင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချို့ကပြောကြတယ် ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆည်းမ

ပေးနိုင်ဘူးဆိုတာ ရှိပါတယ်။ ဒါလည်း အဖြစ်မှန်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးထားတာကတော့ နိုင်ငံမှာထွက်တဲ့

အခြေခံစားကုန်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ ပြည်ပကနေ ဝယ်ယူပေးနေရတဲ့ ဟာကတော့ စက်သုံးဆီ၊ စားသုံးဆီ ဒါတွေနဲ့

ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးနေပါတယ်။လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။