ၾကားသိသမွ်

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

၁ အောက်တိုဘာလ ၂၀၂၁ခုနှစ်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

အောက်တိုဘာ (၁) ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ၇၂ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ တရုတ်

ပြည်သူ အားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန် တောင်းပေး လိုက်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းဟာ တရုတ်ပြည်သူတွေက သူတို့ရဲ့ ကံတရားကို ကိုယ်တိုင်ဆုံးဖြတ်ပြီး သမိုင်းခေတ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ၊

ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်လို့လဲ ဝန်ကြီးချုပ်က သဝဏ်လွှာ ထဲမှာ ပြောထားပါတယ်။

အိမ်နီးချင်းတွေ အနေနဲ့ မြန်မာနဲ့ တရုတ်တို့ဟာ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။

လွတ်လပ်ရေးရအပြီး မြန်မာ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၀ မှာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး

နိုင်ငံချင်း ချစ်ကြည်ရေးအုတ်မြစ်ကို တည်ဆောက်ဖို့ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံတလွှား ခရီးဆန့်ခဲ့ပါတယ်။

မြန်မာအစိုးရ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာလဲ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ ကို သွားရောက် လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်၊

ချစ်ကြည်ရေး တိုးမြင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့် ရှိနေပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင် ဖြစ်ထွန်းဖို့

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

Zawgyi

အမ်ိဳးသား ညီညြတ္ေရး အစိုးရ NUG က တ႐ုတ္ျပည္သူ႔ သမၼတနိုင္ငံ အမ်ိဳးသားေန႔ ကို ဂုဏ္ျပဳ သဝဏ္လႊာ ေပးပို႔

၁ ေအာက္တိုဘာလ ၂၀၂၁ခုႏွစ္

အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက တ႐ုတ္ျပည္သူ႔ သမၼတနိုင္ငံ အမ်ိဳးသားေန႔ ကို ဂုဏ္ျပဳ သဝဏ္လႊာကို ေပးပို႔ခဲ့ပါတယ္။ ေအာက္တိုဘာ (၁) ရက္ေန႔မွာ က်ေရာက္တဲ့ တ႐ုတ္ျပည္သူ႔ သမၼတနိုင္ငံရဲ့ ၇၂ႀကိမ္ေျ

မာက္ အမ်ိဳးသားေန႔ အထိမ္းအမွတ္ အေနနဲ႔ တ႐ုတ္ျပည္သူ အားလုံး က်န္းမာေပ်ာ္ရႊင္ေစဖို႔ အေကာင္းဆုံး ဆုမြန္ ေတာင္းေပး လိုက္ပါတယ္လို႔ အမ်ိဳးသားညီညြတ္ေရး အစိုးရ (NUG)ရဲ့ သဝဏ္လႊာထဲမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ ကြန္ျမဴနစ္ေတာ္လွန္ေရးက ေမြးဖြားေပးလိုက္တဲ့ တ႐ုတ္ ျပည္သူ႔သမၼတနိုင္ငံ တည္ေထာင္ျခင္းဟာ တ႐ုတ္ျပည္သူေတြက သူတို႔ရဲ့ ကံတရားကို ကိုယ္တိုင္ဆုံးျဖတ္ၿပီး သမိုင္းေခတ္သစ္ကို ဖြင့္လွစ္လိုက္တဲ့ လုပ္ရပ္တစ္ခုပါပဲ၊ ဒီေခတ္သစ္မွာ တ႐ုတ္နိုင္ငံဟာ ကမၻာကို လ

က္လွမ္းမီတဲ့ အားေကာင္းတဲ့ နိုင္ငံ ျဖစ္လာၿပီး ျပည္သူေတြရဲ့ ႂကြယ္ဝမႈ တျဖည္းျဖည္း တိုးလာတာကို မွတ္ေက်ာက္တင္ ခံနိုင္လာတာကို ျမင္ရတယ္လို႔လဲ ဝန္ႀကီးခ်ဳပ္က သဝဏ္လႊာ ထဲမွာ ေျပာထားပါတယ္။

အိမ္နီးခ်င္းေတြ အေနနဲ႔ ျမန္မာနဲ႔ တ႐ုတ္တို႔ဟာ အားေကာင္းၿပီး ထူးျခားတဲ့ ဆက္ဆံေရးကို ႏွစ္ေပါင္းမ်ားစြာ တည္ေထာင္ထားခဲ့ၿပီး ႏွစ္နိုင္ငံလုံးက ျပည္သူေတြ အတြက္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ရရွိတာ ေသခ်ာေစဖို႔ နီးနီးကပ္ကပ္ ပူးေပါင္းေ

ဆာင္ရြက္ ေနပါတယ္။ လြတ္လပ္ေရးရအၿပီး ျမန္မာ့ ပထမဆုံး ဝန္ႀကီးခ်ဳပ္ ဦးႏုဟာ ၁၉၅၀ မွာ တ႐ုတ္နဲ႔ သံတမန္ ဆက္ဆံေရး ခ်က္ခ်င္း စတင္တည္ေထာင္ခဲ့ၿပီး နိုင္ငံခ်င္း ခ်စ္ၾကည္ေရးအုတ္ျမစ္ကို တည္ေဆာက္ဖို႔ တ႐ုတ္ေခါင္းေဆာင္ ေမာ္စီတုံးရဲ့ ဖိတ္ေခၚခ်က္အရ တ႐ုတ္နိုင္ငံတလႊား ခရီးဆန႔္ခဲ့ပါတယ္။

ျမန္မာအစိုးရ နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဟာလဲ ၂၀၁၅ ခုႏွစ္မွာ တ႐ုတ္နိုင္ငံ ကို သြားေရာက္ လည္ပတ္ၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးခဲ့ပါတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ျမန္မာနိုင္ငံအတြင္း ၿငိမ္းခ်မ္းေရး

ကို ေထာက္ပံ့ခဲ့တဲ့ အတြက္နဲ႔ ျမန္မာျပည္သူ အားလုံးအတြက္ တ႐ုတ္ျမန္မာ ဆက္ဆံေရးကို လမ္းဖြင့္ေပးတဲ့ တ႐ုတ္အစိုးရရဲ့ ကတိကဝတ္ေတြ အတြက္ NUG အစိုးရက ေက်းဇူးတင္ေၾကာင္း တ႐ုတ္အမ်ိဳးသားေန႔ အခါသမယမွာ ေဖာ္ျပလိုက္ပါတယ္၊

ခ်စ္ၾကည္ေရး တိုးျမင့္ေအာင္ ေဆာင္ရြက္ရာမွာ တ႐ုတ္နဲ႔ မိတ္ဖက္ျဖစ္ဖို႔ NUG အစိုးရက အဆင္သင့္ ရွိေနၿပီး အနာဂတ္ေတြကို

မၽွေဝထားတဲ့ လူ႔အဖြဲ႕အစည္း ေအာင္ျမင္ ျဖစ္ထြန္းဖို႔ တ႐ုတ္ျပည္သူ႔ သမၼတ နိုင္ငံနဲ႔ အျပန္အလွန္ ဆက္ဆံေရး အားျဖည့္ဖို႔ ဆက္လက္ ကတိျပဳခ်င္ပါတယ္လို႔ သဝဏ္လႊာထဲမွာ ေဖာ္ျပထားတာကိုေတြ႕ရပါတယ္။