ၾကားသိသမွ်

တည်ငြိမ်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်လျှင် တိုင်းအတွင်းရှိ ဝန်ထမ်းအများစု လုံခြုံရေးအခြေအနေအရ CDM ပြုလုပ်သွားနိုင်ဟုန-မ-ခ တိုင်းမှူးနဲ့ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က ပြော

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န-မ-ခ)နှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတို့သည် တိုင်းအတွင်း၌ တရားဥပဒေစိုးမိုးရေးနှင့်

တည်ငြိမ်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်လျှင် တိုင်းအတွ င်းရှိ နိုင်ငံ့ ဝန်ထမ်းအများစုသည် လုံခြုံရေးအခြေ အနေအရ CDM

ပြုလုပ်သွားနိုင်ကြောင်း ဝန်ထမ်းအချို့က People Media ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များသည် ဝန်ထမ်းများအနေဖြင့် CDM မပြုလုပ်လျှင် ၎င်းတို့၏ အသက်ကို တာဝန်မယူနိုင်

ကြောင်း ထုတ်ပြန်ထားပါတယ်။

အလားတူ စက်တင်ဘာ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ဒု-ဦးစီး

မှူးအပါအဝင် မြေ တိုင်း-၄ (၆) ဦးတို့သည် CDM ပြုလုပ်ခဲ့ကြပါတယ်။

“CDM တစ်ကယ်လုပ်ချင်တဲ့ဝန်ထမ်းတွေဆိုရင် တပ် မတော်အာဏာရယူပြီးနောက်ပိုင်းမှာ လုပ်ကြမှာ။ အခုက လုံခြုံရေးအာမခံချက်မရှိ

ဘူး။ တပ်နဲ့ ရဲဆိုတာ ဖြစ်စဉ်ပြီးမှ ရောက်လာကြတာ။ ဆိုလိုတာက လုပ်ကြံခံရပြီးမှ ရောက်လာတာ” လို့ မြောင်မြို့နယ်ဒေသခံတစ်ဦးက

ပြောပါတယ်။အလားတူ စက်တင်ဘာ ၃၀ ရက်၌ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ရွှေလှေကျေးရွာ၊ သုခဒီပကျေးရွာ၊

မြစ်သာကျေးရွာကျေးရွာအပါအဝင် အခြားသော ကျေးရွာများမှ ပညာရေးဝန်ထမ်းများသည် CDM ပြုလုပ်ခဲ့ပါတယ်။

ထို့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသရှိ ပညာရေးဝန်ထမ်း၊ ရပ်ကျေးထွေအုပ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း အချို့သည်လည်း

စက်တင်ဘာလနောက်ဆုံးပတ်၌ CDM ပြုလုပ်မှု သိသာစွာ များပြားလာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာက PDF အားကောင်းပါတယ်။ မုံရွာမြို့ပေါ်မှာတောင် လုပ်ကြံခံနေရတာ မနည်းဘူး။ ဒါက အုပ်ချုပ်ရေးမြို့တော်

အခြေအနေပါ။ အုပ်ချုပ်ရေးနဲ့ အလှမ်းဝေးတဲ့ မြို့နယ်၊ ကျေးရွာတွေရဲ့ အခြေအနေက ဆိုးရွားနေတာ အရှိတရားပါလို့” ကန့်ဘလူမြို့ခံတစ်

ဦးက ပြောပါတယ်။

အလားတူ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကန့်ဘလူခရိုင် ကောင်စီဝင်တစ်ဦး၏ မိတ္တူဆိုင်သည် လက်ပစ် ဗုံး ပစ်သွင်းခံရပြီး ထိခိုက်

ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။…

အထက်ပါ အခြေအနေနှင့်ပတ်သက်၍ “ကန့်ဘလူဒေသခံတစ်ဦးက န-မ-ခ တိုင်းမှူးနဲ့ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က လုံခြုံရေးထိထိရောက်

ရောက် လုပ်မပေးနိုင်ရင် ဝန်ထမ်းတွေက CDM ပြုလုပ်မှု မြင့်တက်မယ်လို့“ ပြောပါတယ်။

ထို့အတူ စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းကြောင်းတစ်ခု၌ လမ်းဘေးဗုံး ပေါက်ကွဲမှုလည်း ဖြစ်ပေါ်ခဲ့

ပါတယ်။

Zawgyi

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(န-မ-ခ)ႏွင့္ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူတို႔သည္ တိုင္းအတြင္း၌ တရားဥပေဒစိုး

မိုးေရးႏွင့္ တည္ၿငိမ္ေရးကို ထိထိေရာက္ေရာက္ မေဆာင္ရြက္နိုင္လၽွင္ တိုင္းအတြ င္းရွိ နိုင္ငံ့ ဝန္ထမ္းအမ်ားစုသည္ လုံျခဳံေရးအေၿခ အေနအရ CDM ျပဳလုပ္သြားနိုင္ေၾကာင္း ဝန္ထမ္းအခ်ိဳ႕က People Media ကို ေျပာပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ PDF မ်ားသည္ ဝန္ထမ္းမ်ားအေနျဖင့္ CDM မျပဳလုပ္လၽွင္ ၎တို႔၏ အသက္ကို တာဝန္မယူနိုင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

အလားတူ စက္တင္ဘာ ၃၀ ရက္ေန႔က စစ္ကိုင္းတိုင္းေျမာင္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနရွိ ဒု-ဦးစီးမႉးအပါအဝင္ ေၿမ တိုင္း-၄ (၆) ဦးတို႔သည္ CDM ျပဳလုပ္ခဲ့ၾကပါတယ္။

“CDM တစ္ကယ္လုပ္ခ်င္တဲ့ဝန္ထမ္းေတြဆိုရင္ တပ္ မေတာ္အာဏာရယူၿပီးေနာက္ပိုင္းမွာ လုပ္ၾကမွာ။ အခုက လုံျခဳံေရးအာမခံခ်က္မရွိဘူး။

တပ္နဲ႔ ရဲဆိုတာ ျဖစ္စဥ္ၿပီးမွ ေရာက္လာၾကတာ။ ဆိုလိုတာက လုပ္ႀကံခံရၿပီးမွ ေရာက္လာတာ” လို႔ ေျမာင္ၿမိဳ႕နယ္ေဒသခံတစ္ဦးက ေျပာပါတယ္။

အလားတူ စက္တင္ဘာ ၃၀ ရက္၌ ေျမာင္ၿမိဳ႕နယ္၊ လက္ယက္မေက်းရြာ၊ ဇီးကၽြန္းေက်းရြာ၊ ေရႊေလွေက်းရြာ၊ သုခဒီပေက်းရြာ၊ ျမစ္သာေက်းရြာေက်းရြာအပါအဝင္ အျခားေသာ ေက်းရြာမ်ားမွ ပညာေရးဝန္ထမ္းမ်ားသည္ CDM ျပဳလုပ္ခဲ့ပါတယ္။

ထို႔အတူ စစ္ကိုင္းတိုင္းအထက္ပိုင္းေဒသရွိ ပညာေရးဝန္ထမ္း၊ ရပ္ေက်းေထြအုပ္မ်ား၊ ဌာနဆိုင္ရာ ဝန္ထမ္း အခ်ိဳ႕သည္လည္း စက္တင္ဘာလေနာက္ဆုံးပတ္၌ CDM ျပဳလုပ္မႈ သိသာစြာ မ်ားျပားလာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းမွာက PDF အားေကာင္းပါတယ္။ မုံရြာၿမိဳ႕ေပၚမွာေတာင္ လုပ္ႀကံခံေနရတာ မနည္းဘူး။ ဒါက အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္အေျခအေနပါ။

အုပ္ခ်ဳပ္ေရးနဲ႔ အလွမ္းေဝးတဲ့ ၿမိဳ႕နယ္၊ ေက်းရြာေတြရဲ့ အေျခအေနက ဆိုးရြားေနတာ အရွိတရားပါလို႔” ကန႔္ဘလူၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

အလားတူ စက္တင္ဘာ ၃၀ ရက္ေန႔ကလည္း ကန႔္ဘလူခရိုင္ ေကာင္စီဝင္တစ္ဦး၏ မိတၱဴဆိုင္သည္ လက္ပစ္ ဗုံး ပစ္သြင္းခံရၿပီး ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။…

အထက္ပါ အေျခအေနႏွင့္ပတ္သက္၍ “ကန႔္ဘလူေဒသခံတစ္ဦးက န-မ-ခ တိုင္းမႉးနဲ႔ စစ္ကိုင္းတိုင္းအစိုးရ အဖြဲ႕က လုံျခဳံေရးထိထိေရာက္ေရာက္ လုပ္မေပးနိုင္ရင္ ဝန္ထမ္းေတြက CDM ျပဳလုပ္မႈ ျမင့္တက္မယ္လို႔“ ေျပာပါတယ္။

ထို႔အတူ စက္တင္ဘာလအတြင္းက စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းေၾကာင္းတစ္ခု၌ လမ္းေဘးဗုံး ေပါက္ကြဲမႈလည္း ျဖစ္ေပၚခဲ့ပါတယ္။