ၾကားသိသမွ်

အောင်လံလွှင့်ချီနွေဦးထီ ဆုမဲပေါက်သူ ၇၅ ဦးထဲမှ ၆၂ ဦးက NUG သို့ ပြန်လည်လှူဒါန်း

အောင်လံလွှင့်ချီနွေဦးထီထွက်ရှိ၊ ဆုမဲပေါက်သူ ၇၅ ဦးထဲမှ ၆၂ ဦးက NUG သို့ ပြန်လည်လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”Pilot project ရဲ့ ထီပေါက်စဉ်ကို

အောက်တိုဘာ ၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး ဆုမဲပေါက်သူ ကံထူးရှင် ၇၅ ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

ကံထူးရှင်တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က computerized

random selection စနစ်နဲ့ ရွေးချယ်ခဲ့ တာဖြစ်ပြီး နွေဦးထီရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းအပေါ် ကံထူးရှင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကံထူးခဲ့တဲ့ ၇၅ ယောက်ထဲက ၆၂ ယောက်ကတော့ သူတို့ရရှိတဲ့ ဆုကြေးငွေတွေကို ပြန် လည်လှူဒါန်းဖို့ဆန္ဒပြုထားကြတယ်လို့ ဆိုပါ

တယ်။ပြန်လည်လှူဒါန်းကြသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်

ပြုမှတ်တမ်းလွှာတွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့

ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်

ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့် လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေ

ကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက်

အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။

Zawgyi

ေအာင္လံလႊင့္ခ်ီေႏြဦးထီထြက္ရွိ၊ ဆုမဲေပါက္သူ ၇၅ ဦးထဲမွ ၆၂ ဦးက NUG သို႔ ျပန္လည္လႉဒါန္း

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က စမ္းသပ္ေရာင္းခ်ခဲ့တဲ့ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ”Pilot project ရဲ့ ထီေပါက္စဥ္ကို ေအာ

က္တိုဘာ ၁ ရက္ ဒီကေန႔ ထုတ္ျပန္လိုက္ၿပီး ဆုမဲေပါက္သူ ကံထူးရွင္ ၇၅ ေယာက္ ထြက္ေပၚလာခဲ့ပါတယ္။

ကံထူးရွင္ေတြကိုေတာ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီး ျမႇုပ္ႏွံမႈဝန္ႀကီး ဦးတင္ထြန္းနိုင္က

computerized random selection စနစ္နဲ႔ ေရြးခ်ယ္ခဲ့ တာျဖစ္ၿပီး ေႏြဦးထီေရာင္းရေငြရဲ့ ၃၀ ရာခိုင္ႏႈန္းအေပၚ ကံထူးရွင္ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ကံထူးခဲ့တဲ့ ၇၅ ေယာက္ထဲက ၆၂ ေယာက္ကေတာ့ သူတို႔ရရွိတဲ့ ဆုေၾကးေငြေတြကို ျပန္ လည္လႉဒါန္းဖို႔ဆႏၵျပဳထားၾကတယ္လို႔ ဆို

ပါတယ္။ျပန္လည္လႉဒါန္းၾကသူေတြကို အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္ႀကီးဌာနမွ ေက်းဇူးတင္ဂုဏ္ျပဳမွတ္တမ္းလႊာေတြ ေပးပို႔သြားမယ္လို႔ ဆိုပါတယ္။

ေအာင္လံလႊင့္ခ်ီေႏြဦးထီကိုေတာ့ အမ်ိဳးသား ညီညြတ္ေရးအစိုးရ(NUG)၊ စီမံကိန္း၊ ဘ႑ာေရးနဲ႔ ရင္းႏွီးျမႇုပ္ႏွံေရးဝန္ႀ

ကီးဌာနက ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္ေန႔မွာ စတင္ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ထီေရာင္းခ်ရမႈရဲ့ ၇၀ ရာခိုင္ႏႈန္းကို နိုင္ငံ့ဝန္ထမ္း

CDM ေတြအတြက္ သုံးစြဲသြားမွာျဖစ္ၿပီး ၃၀ ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ေပးအပ္သြားဖို႔ ေၾကညာထားခဲ့တာ ျဖစ္ပါတ

ယ္။အၾကမ္းဖက္ အာဏာသိမ္း စစ္ေကာင္စီကေတာ့ အဆိုပါထီနဲ႔ ပတ္သက္ၿပီး ဖြင့္ လွစ္ေရာင္းခ်သူေတြနဲ႔ အားေပး

အားေျမႇာက္ျပဳလုပ္သူေတြကို တရားစြဲ၊ ဖမ္းဆီး ေထာင္ခ်သြားမယ္လို႔ ၿခိမ္းေျခာက္ ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာျပည္သူေတြ သပိတ္ေမွာက္ၿပီး မထိုးဘဲေနတဲ့ ေအာင္ဘာေလထီကိုလည္း အြန္လိုင္းကေနေရာင္းခ်ဖို႔ အၾကမ္းဖက္ အာဏာသိမ္း စစ္ေကာင္စီက စီစဥ္ေနပါတယ္။