မုံရွာမြို့ ဇလုပ်အဝိုင်းပတ်အနီး ဖောက်ခွဲရာ အာဏာသိမ်းအဖွဲ့ဘက်က (၂)ဦး သေဆုံး
Monywa The Boys နှင့် Monywa UG Group တို့ ပူးပေါင်းပြီး ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းက မုံရွာ
မြို့နယ်အတွင်း ဇလုပ်အဝိုင်းပတ်အနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ အာဏာသိမ်းအဖွဲ့ဘက်က (၂)ဦး သေဆုံးသွားကြောင်း အဆိုပါ အဖွဲ့က
သတင်းထုတ်ပြန်ထားရှိသည်။
ယနေ့ နံနက်(၉)နာရီခွဲဝန်းကျင်တွင် မုံရွာမြို့ပတ်လမ်း၊ ဇက်ဆိပ်တွင်လည်း အာဏာသိမ်းစစ်တပ်နှင့်ရဲများက သေနတ်သုံးချက်ပစ်ဖောက်
ရာမှ ၎င်းတို့ ပစ်လိုသည့် ကားသမားကို မထိဘဲ ဆိုင်ကယ်မောင်းလာသည့် ပြည်သူတစ်ဦး၏ ခြေထောက်တွင် ကျည်ထိမှန်သွားပြီး ၎င်းအား
ဆေးကုပေးမည်ဟုဆိုကာ ကားဖြင့် တင်ခေါ်သွားကြောင်းလည်း သိရသည်။
မုံရွာမြို့၏ ပြည်ထောင်စုလမ်း ရေစင်ကြီးမီးပွိုင့်အနီးတွင် ရဲနှင့်စစ်သားများရှိနေသလို မြို့တွင် အချို့လမ်းများတွင်လည်း စစ်ဆေးမှုများ
လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
Zawgyi
မုံရြာၿမိဳ႕ ဇလုပ္အဝိုင္းပတ္အနီး ေဖာက္ခြဲရာ အာဏာသိမ္းအဖြဲ႕ဘက္က (၂)ဦး ေသဆုံး
Monywa The Boys ႏွင့္ Monywa UG Group တို႔ ပူးေပါင္းၿပီး ယေန႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔ နံနက္ပိုင္း
က မုံရြာၿမိဳ႕နယ္အတြင္း ဇလုပ္အဝိုင္းပတ္အနီးတြင္ ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့ရာ အာဏာသိမ္းအဖြဲ႕ဘက္က (၂)ဦး ေသဆုံးသြားေၾကာင္း
အဆိုပါ အဖြဲ႕က သတင္းထုတ္ျပန္ထားရွိသည္။
ယေန႔ နံနက္(၉)နာရီခြဲဝန္းက်င္တြင္ မုံရြာၿမိဳ႕ပတ္လမ္း၊ ဇက္ဆိပ္တြင္လည္း အာဏာသိမ္းစစ္တပ္ႏွင့္ရဲမ်ားက ေသနတ္သုံးခ်က္ပစ္ေဖာက္ရာမွ
၎တို႔ ပစ္လိုသည့္ ကားသမားကို မထိဘဲ ဆိုင္ကယ္ေမာင္းလာသည့္ ျပည္သူတစ္ဦး၏ ေျခေထာက္တြင္ က်ည္ထိမွန္သြားၿပီး ၎အား ေဆး
ကုေပးမည္ဟုဆိုကာ ကားျဖင့္ တင္ေခၚသြားေၾကာင္းလည္း သိရသည္။
မုံရြာၿမိဳ႕၏ ျပည္ေထာင္စုလမ္း ေရစင္ႀကီးမီးပြိဳင့္အနီးတြင္ ရဲႏွင့္စစ္သားမ်ားရွိေနသလို ၿမိဳ႕တြင္ အခ်ိဳ႕လမ္းမ်ားတြင္လည္း စစ္ေ
ဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားထံက သိရသည္။