ၾကားသိသမွ်

ရွှေပြည်သာမှာ ဗုံးပေါက်လို့ စစ်တပ်နဲ့ရဲလာရောက်စစ်ဆေးနေချိန် ဗုံးထပ်ပေါက်တာကြောင့် လေးဦးဒဏ်ရာရ

ရွှေပြည်သာမှာ ဗုံးပေါက်လို့ စစ်တပ်နဲ့ရဲလာရောက်စစ်ဆေးနေချိန် ဗုံးထပ်ပေါက်တာကြောင့် လေးဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၃၀၊၂၀၂၁

ရွှေပြည်သာမြို့နယ် ၂၅ရပ်ကွက်မှာ ဗုံးပေါက်ကွဲတဲ့သတင်းကြောင့် စစ်တပ်နဲ့ရဲတွေ ရောက်လာစစ်ဆေးချိန်မှာ ထပ်ပြီးဗုံးနှစ်လုံးဆင့်ပေါက်

ခဲ့ပါတယ်။ အံဒီပေါက်ကွဲမှုကြောင့် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ ရွှေအုန်းပင်လမ်းက နေအိမ်တလုံးမှာ ဒီကနေ့မွန်းလွဲ ၂နာရီက ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့တယ်လို့

ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ပထမဗုံးတစ်လုံးအရင်ပေါက်တယ် စစ်တပ်နဲ့ရဲတွေလာမှ ဗုံးနှစ်လုံးထပ်ပေါက်တယ် ။ လေးဦးဒဏ်ရာရတယ် နှစ်ဦးက အိမ်ငှားလင်မ

ယား နှစ်ဦးက စစ်သားနဲ့ရဲ “လို့ပြောပါတယ်။

လက်တလော ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားပြီး စစ်တပ်နဲ့ရဲတွေဟာ ၂၅ရပ်ကွက်ရှိ လမ်းဆုံတွေမှာ

စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မနေ့ညကလည်း ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဉ်အိမ်ရာမြို့တော် ၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားမှာ စစ်ကားနဲ့လှည့်ကင်းကား

တွေအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံးတွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အမည်မ

သိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးရသူတွေရှိသလို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးရသူတွေလည်းရှိပါတယ်။Source;VOM

Zawgyi

ေရႊျပည္သာမွာ ဗုံးေပါက္လို႔ စစ္တပ္နဲ႔ရဲလာေရာက္စစ္ေဆးေနခ်ိန္ ဗုံးထပ္ေပါက္တာေၾကာင့္ ေလးဦးဒဏ္ရာရ

ရန္ကုန္၊စက္တင္ဘာ ၃၀၊၂၀၂၁

ေရႊျပည္သာၿမိဳ႕နယ္ ၂၅ရပ္ကြက္မွာ ဗုံးေပါက္ကြဲတဲ့သတင္းေၾကာင့္ စစ္တပ္နဲ႔ရဲေတြ ေရာက္လာစစ္ေဆးခ်ိန္မွာ ထပ္ၿပီးဗုံးႏွစ္လုံးဆင့္ေပါက္ခဲ့ပါတယ္။ အံဒီေပါက္ကြဲမႈေၾကာင့္ ေလးဦးဒဏ္ရာရရွိခဲ့တယ္လို႔ ရပ္ကြက္ေနျပည္သူေတြဆီက သိရပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္၊ (၂၅)ရပ္ကြက္၊ ေရႊအုန္းပင္လမ္းက ေနအိမ္တလုံးမွာ ဒီကေန႔မြန္းလြဲ ၂နာရီက ဗုံးေပါက္ကြဲမႈသုံးႀကိမ္ျဖစ္ခဲ့တယ္လို႔ ရပ္ကြက္ေနသူတစ္ဦးက ေျပာပါတယ္။

“ပထမဗုံးတစ္လုံးအရင္ေပါက္တယ္ စစ္တပ္နဲ႔ရဲေတြလာမွ ဗုံးႏွစ္လုံးထပ္ေပါက္တယ္ ။ ေလးဦးဒဏ္ရာရတယ္ ႏွစ္ဦးက အိမ္ငွားလင္မ
ယား ႏွစ္ဦးက စစ္သားနဲ႔ရဲ “လို႔ေျပာပါတယ္။

လက္တေလာ ဒဏ္ရာရရွိသူေတြကို ေျမာက္ဥကၠလာပေဆး႐ုံႀကီးကို ပို႔ေဆာင္ထားၿပီး စစ္တပ္နဲ႔ရဲေတြဟာ ၂၅ရပ္ကြက္ရွိ လမ္းဆုံေတြမွာ
စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။

မေန႔ညကလည္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၊ ယုဇနဥယ်ာဥ္အိမ္ရာၿမိဳ႕ေတာ္ ၊ ၁၄ လမ္းႏွင့္ ၁၅ လမ္းၾကားမွာ စစ္ကားနဲ႔လွည့္ကင္းကား
ေတြအနီးမွာ ဗုံးေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့လေတြက ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈး႐ုံးေတြ ဌာနဆိုင္ရာ႐ုံးေတြမွာ ဗုံးေပါက္ကြဲမႈေတြျဖစ္ခဲ့ၿပီး အမည္မ
သိအဖြဲ႕က ေသနတ္နဲ႔ပစ္ခတ္လို႔ ေသဆုံးရသူေတြရွိသလို စစ္တပ္ကေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ေသဆုံးရသူေတြလည္းရွိပါတယ္။Source;VOM