ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော
နိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂက ယနေ့
သတင်းထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်
သမ္မတဦး၀င်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့တောင်းဆိုထားတဲ့
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဩဂုတ်လတုန်းက တင်သွင်းခဲ့တဲ့အဆိုကို တရုတ်အပါအ၀င် နိုင်ငံပေါင်း ၃၆ ခုက ကန့်ကွက်
ထားတဲ့အတွက် တလကျော်ကြာ ယခု စက်တင်ဘာလကုန်မှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
အတွင်းရေးမှုးချုပ်ရဲ့အဆိုကို နိုင်ငံပေါင်း ၁၁၉ ခုက ထောက်ခံခဲ့ကြပါတယ်။ အဆိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ဘင်္ဂလားဒေရှ့်က ရိုဟင်
ဂျာတွေနဲ့ လူနည်းစုတွေအတွက် ပိုမိုခက်ခဲစေတာ၊ စစ်တပ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်သူတွေနဲ့ သူတို့ရဲ့
ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ မတရားသ တ် ဖြတ် ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ ပျောက်ဆုံးနေတာတွေ၊ ညအချိန်ဝင်
ရောက်စီးနင်းတာတွေ၊ ခြိမ်းခြောက်တာနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများကိုခံနေရတာတွေ၊ လိင်အကြမ်းဖက်ခံနေရာတာတွေကို ဂူတာရပ်က
ထောက်ပြခဲ့ပြီး စစ်တပ်ရဲ့ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ညီညွတ်တဲ့လုပ်ဆောင်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများက စုစည်းတုံ့ပြန်ကြရန် တိုက်တွန်းထားသည်။
ထိုအစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံကအတည်ပြုခဲ့ပြီး တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက မဲမပေးဘဲ နေခဲ့ကြောင်း၊ ဘီလာရုက
ကန့်ကွက်မဲပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတကာကြိုးပမ်းအားထုတ်မှုသည်“ နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြား
အစိုးရအရာရှိများအားချက်ချင်းလွှတ်ပေးခြင်း” နှင့်အတူလိုက်ပါရမည်ဟု Guterres က သူ၏အစီရင်ခံစာတွင် ပြောဆိုထားသည်။
“ စစ်တပ်ရဲအုပ်ချုပ်မှုကို စွက်ဖက် ကာကွယ်ဖို့ အခွင့်အလမ်းကကျဉ်းမြောင်းသွားနိုင်တယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို
ပံ့ပိုးရန်အရေးကြီးပါတယ်” ဟု Guterres ကဆက်လက်ပြောကြားသည်။
တရုတ်သမ္မတ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အီသီယိုပီးယား နိုင်ငံသားများအတွက် ငြိမ်းချမ်း ရေး နှင့် တည်ငြိမ်မှု ရရှိ
ရေးဆိုသည်မှာ ဝေးကွာလှသော အိမ်မက်များ ဖြစ်လာနေသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
ကုလ သမဂ္ဂ အနေဖြင့် မိမိတို့၏ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်း မရှိ ဟု မည်သူတဦး တယောက်မှ ယုံကြည်ချင်း မခံရ ဖြစ်လာနေ
ချိန်တွင် ပြုပြင် ပြောင်းလဲရန် အချိန်တန်လာပြီ ဖြစ်သည်။
အနည်းဆုံး လုံခြုံရေး ကောင်စီတွင် ဗီတို သုံးပြီး တင်သွင်းလာသည့် အဆိုကို ပယ်ချခံရတိုင်း အထွေထွေ ညီလာခံ ရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏
မဲခွဲမှု ဖြင့် အဆုံး အဖြတ် ပေးရမည်ဟူသော ပြင်ဆင်ချက်ကို အနည်းဆုံးတော့ ပြုလုပ်သင့်လှပေသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမြန်ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဂျာမဏီ ဂျပန် အိန္ဒိယနဲ့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတောင်းဆို
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမြန်ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဂျာမဏီ ဂျပန် အိန္ဒိယနဲ့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံ
တောင်းဆိုလိုက်ပါတယ်။
ခေါတ်စနစ်တွေနဲ့ မကိုက်ညီတော့တဲ့ လုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာကတည်းက အဖွဲ့ဝင်နိုင်ငံ
အများစုက ထောက်ခံထားပြီးဖြစ်တယ်ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ထောက်ခံထားတာဖြစ်လို့ အချိန်မဆွဲပဲ
အကောင်အထည်ဖေါ်ဖို့ (၄) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
၇၆ ကြိမ်မြောက် ကုလညီလာခံ
လုံခြုံရေးကောင်စီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းဖို့အရေးဟာ ရှောင်လွှဲလို့မရတဲ့အရာဖြစ်တယ်ဆိုပါတယ်။ လောလောဆယ်မှာ ဗီတိုအာဏာသုံး
ခွင့်ရှိတဲ့ လုံခြုံရေးကောင်စီအမြဲတမ်းကိုယ်စားလှယ်တွေအဖြစ် အမေရိကန် တရုတ် ရုရှား ပြင်သစ်နဲ့ ဗြိတိန် (၅) နိုင်ငံပဲရှိပြီး G4 လို့ လူသိ
များတဲ့ ဂျပန် ဂျာမဏီ ဘရာဇီးလ်နဲ့ အိန္ဒိယ (၄) နိုင်ငံဟာ အမြဲတမ်းကိုယ်စားလှယ်နေရာရဖို့ ကြိုးစားနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။