ၾကားသိသမွ်

GTI နောက်ဆုံးနှစ်ကျောင်းသားများ ၂ လသာ ကျောင်းတက်ပြီး အင်ဂျင်နီယာဘွဲ့ရ

GTI နောက်ဆုံးနှစ်ကျောင်းသားများ ၂ လသာ ကျောင်းတက်ပြီး အင်ဂျင်နီယာဘွဲ့ရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဖွင့်လှစ်ထားတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI-Putao) ကျောင်းမှာ ပညာသင်ယူနေတဲ့ တတိယနှစ်

ကျောင်းသူ ကျောင်းသားတွေကို ၂ လပဲ ကျောင်းတက်ခိုင်းပြီး အင်ဂျင်နီယာဘွဲ့ပေးခဲ့တယ်လို့

GTI(ပူတာအို) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သတ်မှတ်တဲ့ အရည်အချင်းမပြည့်ဘဲ ဘွဲ့ပေးနေတဲ့အပေါ် GTI(ပူတာအို) နဲ့ နီးစပ်သူတစ်ဦးက “ပုံမှန်ကျောင်းတက်ရက်က ဒီဇင်ဘာလက

နေ စတက်ရတာပါ။ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ ကျောင်းပိတ်လိုက်ရပါတယ်။ ဇွန်လလောက်ရောက်မှ non

CDM ဆရာ/မတွေ ပေါင်းပြီး ဖွင့်လိုက်တာ။ ကျောင်းတောင်ကောင်းကောင်းမတက်ရဘဲနဲ့ ဇူလိုင်လမှာ စာမေးပွဲဖြေခိုင်းလိုက်တယ်။

လက်တွေ့တောင် မဆင်းခိုင်းဘဲနဲ့ ဘွဲ့ပေးလိုက်တာပါ” လို့ ဆိုပါတယ်။

ပူတာအိုမှ အမည်မဖော်လိုသူ‌ ဒေသခံတစ်ဦးကလည်း “အရည်အချင်းမရှိဘဲ ဘွဲ့ရသွားတော့ လက်တွေ့လုပ်ငန်းခွင်ထဲရောက်ရင်

ဒုက္ခရောက်မှာတော့ အသေအချာပါပဲ။ ဘယ်လိုစိတ်နဲ့များ ကလေးကလား ပညာရေးဖြစ်အောင်

လုပ်နေကြတာလဲမသိဘူး” လို့ ပြောပါတယ်။

GTI(ပူတာအို)မှာ အာဏာမသိမ်းခင်က တတိယနှစ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပေမဲ့ စစ်ကောင်စီက

အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါ

တယ်။GTI(ပူတာအို)မှာ စစ်အာဏာရှင်ကို မလိုလားတဲ့အတွက် CDM မှာ ပါဝင်သူ ဆရာ၊ ဆရာမနဲ့ ရုံးဝန်ထမ်းအားလုံး စုစုပေါင်း ၂၆

ယောက်ခန့် ရှိပါတယ်။

Zawgyi

GTI ေနာက္ဆုံးႏွစ္ေက်ာင္းသားမ်ား ၂ လသာ ေက်ာင္းတက္ၿပီး အင္ဂ်င္နီယာဘြဲ႕ရ

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ အစိုးရစက္မႈလက္မႈသိပၸံ (GTI-Putao) ေက်ာင္းမွာ ပညာသင္ယူေနတဲ့ တတိယႏွစ္ ေ

က်ာင္းသူ ေက်ာင္းသားေတြကို ၂ လပဲ ေက်ာင္းတက္ခိုင္းၿပီး အင္ဂ်င္နီယာဘြဲ႕ေပးခဲ့တယ္လို႔ GTI(ပူတာအို) နဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

သတ္မွတ္တဲ့ အရည္အခ်င္းမျပည့္ဘဲ ဘြဲ႕ေပးေနတဲ့အေပၚ GTI(ပူတာအို) နဲ႔ နီးစပ္သူတစ္ဦးက “ပုံမွန္ေက်ာင္းတက္ရက္က ဒီဇင္ဘာလကေန စတက္ရတာပါ။

ေဖေဖာ္ဝါရီလမွာ စစ္ေကာင္စီက အာဏာသိမ္းလိုက္ေတာ့ ေက်ာင္းပိတ္လိုက္ရပါတယ္။ ဇြန္လေလာက္ေရာက္မွ non CDM ဆရာ/မေတြ ေပါင္းၿပီး ဖြင့္လိုက္တာ။

ေက်ာင္းေတာင္ေကာင္းေကာင္းမတက္ရဘဲနဲ႔ ဇူလိုင္လမွာ စာေမးပြဲေျဖခိုင္းလိုက္တယ္။ လက္ေတြ႕ေတာင္ မဆင္းခိုင္းဘဲနဲ႔ ဘြဲ႕ေပးလိုက္တာပါ” လို႔ ဆိုပါတယ္။

ပူတာအိုမွ အမည္မေဖာ္လိုသူ‌ ေဒသခံတစ္ဦးကလည္း “အရည္အခ်င္းမရွိဘဲ ဘြဲ႕ရသြားေတာ့ လက္ေတြ႕လုပ္ငန္းခြင္ထဲေရာက္ရင္ ဒုကၡေရာက္မွာေတာ့ အေသအခ်ာပါပဲ။

ဘယ္လိုစိတ္နဲ႔မ်ား ကေလးကလား ပညာေရးျဖစ္ေအာင္ လုပ္ေနၾကတာလဲမသိဘူး” လို႔ ေျပာပါတယ္။

GTI(ပူတာအို)မွာ အာဏာမသိမ္းခင္က တတိယႏွစ္ ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း ၁၀၀ ေက်ာ္ တက္ေရာက္ခဲ့ေပမဲ့ စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့ေနာက္ပိုင္း ေက်ာင္းျပန္ဖြင့္တဲ့အခါ ေက်ာင္းသား ေက်ာင္းသူ အနည္းငယ္သာ တက္ေရာက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

GTI(ပူတာအို)မွာ စစ္အာဏာရွင္ကို မလိုလားတဲ့အတြက္ CDM မွာ ပါဝင္သူ ဆရာ၊ ဆရာမနဲ႔ ႐ုံးဝန္ထမ္းအားလုံး စုစုေပါင္း ၂၆ ေယာက္ခန႔္ ရွိပါတယ္။