ၾကားသိသမွ်

ဘာပြစ်မှုမှမကျူးလွန်ထား၍ အပြစ်မရှိဟု တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြတ်ပြတ်သားသားငြင်းဆို

နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သီးသန့်တရားရုံး၊ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်း

မြင့်နှင့် ဦးမျိုးအောင်တို့ကိုစွဲဆိုထားသည့် ပုဒ်မ ၅၀၅-ခ (အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားစေမှု) အမှုနှင့် သဘာဝဘေးအန္တရာယ်

စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးခဲ့သည်။

ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို ရှေ့နေများက စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦးကို “အပြစ်ရှိပါသလား” ဟု မေးမြန်းခဲ့ရာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာ ၅၀၅-ခ အမှုနဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေနှစ်ဦးကို ပြန်ပြီးစစ်ဆေးပါတယ်။ စစ်ဆေးပြီးသွားတဲ့အခါမှာ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမျိုးအောင်ကို “အပြစ်ရှိပါသလား” လို့ မေးပါတယ်။

သုံးဦးစလုံးက “အပြစ်မရှိပါဘူး” လို့ ပြန်ဖြေပါတယ်။“ဘာကြောင့် အပြစ်မရှိတာလဲ” လို့ တရားသူကြီးက ပြန်မေးပါတယ်။

“အမှုများကို ကျုးလွန်ထားခြင်းမရှိခဲ့တာကြောင့် အပြစ်မရှိဘူူး” လို့ သုံးဦးစလုံးက ပြန်ဖြေပါတယ်။” ဟု ယနေ့တရားခွင်အခြေအနေနှင့်ပတ်သက်ပြီး ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပြသည်။

ယနေ့တွင် ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး တရားလိုနှင့် သက်သေများအားစစ်မေးခြင်းအစီအစဉ်များပြီးသွားပြီဖြစ်သည့်အတွက်

လာမည့်အပတ် အင်္ဂါနေ့ရုံးချိန်းတွင် အမှုစီမံခန့်ခွဲခြင်းအစီအစဉ် (တရားစွဲခံထားရသူများကို စစ်မေးမည့် ရုံးချိန်းများကိုစီမံခန့်ခွဲခြင်း) ကို ပြုလုပ်မည်ဖြစ်သည်။

ယခုရက်သတ္တပတ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်သည့် ရုံးဖွင့်ရက် လေးရက်လုံး တရားရုံး၊ ရုံးချိန်းများ ရှိ

နေသည့်အတွက် ၎င်း၏ကျန်းမာရေးထိခိုက်လာမည်ကိုစိုးရိမ်သဖြင့် ရုံးချိန်းခွာပေးရန် တရားသူကြီးကိုလျှောက်ထားခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း ရှေ့နေများက ဆိုသည်။

“ဒီတစ်ပတ်မှာ တရားရုံးက ၄ ရက်ဆက်တိုင်းဖြစ်နေတဲ့အခါကျတော့ အမေစုရဲ့ ကျန်းမာရေးအခြေအနေထိခိုက်မှာစိုးရိမ်လို့ နောက်တစ်ပတ်မှာ အနားပေးဖို့ တင်ပြခဲ့တာပါ။

ဒါပေမယ့် တရားသူကြီးက သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ တရားခွင်ကို ဆက်လက်ကျင်းပသွားမယ်လို့ပြောပါတယ်။ အမေကတော့

“အဆင်ပြေသလိုလုပ်ပါ” လို့ပြောပါတယ်။” ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ဆိုသည်။ယနေ့ တရားရုံးကိုရောက်လာသည့် ဒေါ်အောင်ဆန်းစု

ကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းလည်း ၎င်းကပြောသည်။

Burma Associated Press