ၾကားသိသမွ်

ပူတာအို သို့တက်လာမည့်အကြမ်းဖက်အာဏာသိမ်းအဖွဲ့အားKIO/KIA ၏ ဦးဆောင်မှုဖြင့်တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေ‌ပြီဟု ပူတာအို-PDF ကြေညာ

တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေ‌ပြီဟု ပူတာအို-PDF ကြေညာ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အခြေစိုက် လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်သည့် ပူတာအို -PDFက မိဘပြည်သူများမျှော်လင့်ထားသည့်

အတိုင်း စစ်အာဏာရှင်ကျဆုံးစေရေး တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဟု စက်တင်ဘာ ၂၈ရက်တွင် ကြေညာလိုက်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပူတာအိုသို့ အောက်တိုဘာလဆန်းပိုင်းတွင် လာရောက်ရန်ရှိနေချိန်တွင်

ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့တို့မှ ပြည်သူ့စစ်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရန်ရှိ‌နေကြောင်း ကြားသိရပြီး

ခရီးစဉ်လုံခြုံရေးအတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။

သို့သော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်မည်မဟုတ်ဘဲ ဒု

တပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အခြားအရာရှိများသာ လာရောက်နိုင်ဖွယ် ရှိ‌ကြောင်း ဆိုသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာ ၁၉ ရက်က ပူတာအိုသို့ သွားရန်စီစဉ်ခဲ့သော်လည်း KIA မှ ဖြတ်သန်းခွင့်မပြု

ခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။

ပူတာအို-PDF သည် KIO/KIA ၏ ဦးဆောင်မှုအောက်တွင်ရှိနေသေးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်ထားသည်။

Zawgyi

တိုက္ပြဲဝင္ရန္အသင့္ျဖစ္ေန‌ၿပီဟု ပူတာအို-PDF ေၾကညာ

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕တြင္ အေျခစိုက္ လႈပ္ရွားေနေသာ အဖြဲ႕တစ္ခုျဖစ္သည့္ ပူတာအို -PDFက မိဘျပည္သူမ်ားေမၽွာ္လင့္ထား

သည့္ အတိုင္း စစ္အာဏာရွင္က်ဆုံးေစေရး တိုက္ပြဲဝင္ရန္အသင့္ျဖစ္ေနၿပီဟု စက္တင္ဘာ ၂၈ရက္တြင္ ေၾကညာလိုက္သည္။

အာဏာသိမ္းအၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္သည္ ပူတာအိုသို႔ ေအာက္တိုဘာလဆန္းပိုင္းတြင္ လာေရာက္ရန္ရွိေ

နခ်ိန္တြင္ ယခုကဲ့သို႔ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ခရီးစဥ္အတြင္း ပူတာအို၊ ေနာင္မြန္ႏွင့္ ေခါင္လန္ဖူးၿမိဳ႕တို႔မွ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေတြ႕ဆုံရန္ရွိ‌ေနေၾကာင္း ၾ

ကားသိရၿပီး ခရီးစဥ္လုံျခဳံေရးအတြက္ ျပင္ဆင္ေနေၾကာင္းလည္း သိရသည္။

သို႔ေသာ္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္မ်ားက စစ္ေခါင္းေဆာင္ကိုယ္တိုင္ လာေရာက္မည္မဟု

တ္ဘဲ ဒုတပ္ခ်ဳပ္၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ အျခားအရာရွိမ်ားသာ လာေရာက္နိုင္ဖြယ္ ရွိ‌ေၾကာင္း ဆိုသည္။

အၾကမ္းဖက္အာဏာသိမ္းစစ္ေခါင္းေဆာင္သည္ စက္တင္ဘာ ၁၉ ရက္က ပူတာအိုသို႔ သြားရန္စီစဥ္ခဲ့ေသာ္လည္း KIA မွ ျဖတ္သန္းခြင့္မျပဳျ

ခင္းေၾကာင့္ ခရီးစဥ္ဖ်က္သိမ္းခဲ့ရသည္။

ပူတာအို-PDF သည္ KIO/KIA ၏ ဦးေဆာင္မႈေအာက္တြင္ရွိေနေသးေၾကာင္း ၿပီးခဲ့သည့္ စက္တင္ဘာ ၂၂ ရက္ကထုတ္ျပန္ထားသည္။