PDF မှ ထိထိမိမိမိုင်းဆွဲတိုက်ခိုက်လိုက်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် စစ်သားအပြည့်ပါ
စစ်ကား (၃) စီးစလုံး မိုင်းထိမှန်ပြီး ထိခိုက်သေဆုံးမှုများပြား
ယနေ့ စက်တင်ဘာလ (၂၉) ရက် နံနက် (၉) နာရီအချိန်ခန့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်
ဆားလင်းကြီးမြို့နယ် ချောက်တင်းကျကျေးရွာအနီး မုံရွာ-ပုသိမ် ကားလမ်းအတိုင်း မောင်းနှင့်လာတဲ့
အကြမ်းဖက်စစ်ကောင်စီတပ် စစ်သားအပြည့်ပါ စစ်ကား (၃) စီး စစ်ယာဉ်တန်းအား PDF မှ
ထိထိမိမိမိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ် စစ်သားအပြည့်ပါ စစ်ကား (၃) စီးစလုံး မိုင်းထိမှန်ပြီး ထိခိုက်သေဆုံးမှု
များပြားကြောင်း သိရသော်လည်း စာရင်းအတိအကျမသိရသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
Zawgyi