ၾကားသိသမွ်

လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ သောစစ်ကောင်စီတပ်နှင့် PDF-Kalay၊ CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲမြင်ကွင်း (ရုပ်/သံ)

စက်တင်ဘာလ ၂၆ ရက် စစ်ကောင်စီတပ်နှင့် PDF-Kalay၊ CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲမြင်ကွင်း (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ဘေးအိမ်စုနှင့် စည်ပင်ကြီးရွာအနီး စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၁၀၀

ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်

ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF-Kalay မှ ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်သားများသည် စည်ပင်ကြီးရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ပြီး စည်ပင်ကြီးမှတ

ဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီမှ အနည်းဆုံး ၃ ဦးသေဆုံးခဲ့သလို PDF (Kalay)

နှင့် CNDF ဘက်မှ ၅ ဦး လက်နက်ကြီးထိမှန်ကာ မစိုးရိမ်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Video – သူရိန် (PDF-Kalay)

Zawgyi


ရန်ကုန်၊ စက်တင်ဘာ ၂၈







Video – သူရိန် (PDF-Kalay)