နစက က ဒေါ်အောင်ဆန်းစုကြည်ကို သတင်းတချို့ ပေးသိ၊ ဒေါ်အောင်ဆန်းစုကြည် မှာ ရေဒီယို မရှိ သလို တီဗီလည်း မရှိ
စက်တင်ဘာ ၂၈
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သိသင့် သလောက် သိရှိကြောင်း၊ နစက အနေနဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို သတင်း တချို့ ပေးသိကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မှာ ရေဒီယို တီဗီ မရှိဘူးလို့ ပြောပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၃ ဦး ရုံးချိန်းနဲ့ ပတ်သက်ပြီး ရှေ့နေ ဒေါ်မင်းမင်းစိုးကို မေးမြန်းရာ သတင်းကိစ္စ နဲ့ ပတ်သက်ပြီး သူက
အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ကို ပုဒ်မ ၅၀၅-ခ နဲ့ ဒီကနေ့ ရုံးချိန်းမှာ ဒီအမှုနဲ့ ပတ်သက်ပြီး သူတို့ ၃ ဦးက
အပြစ်မရှိကြောင်း ပြောထားတာ ဖြစ်တဲ့ အတွက်…တရားသူကြီးက ဘာကြောင့် အပြစ်မရှိတာလဲ ဆိုတဲ့ မေးခွန်းကို၃ ယောက်စလုံးက အဲဒီ
အပြစ်ကို မကျူးလွန်တဲ့ အတွက်ကြောင့် အပြစ်မရှိဘူးလို့ ဖြေကြားခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ရုံးချိန်းမှာ ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း တွေ့ရတယ်လို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
နောက်ရုံးချိန်းကို အောက်တိုဘာ ၅ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါတယ်။
Zawgyi
နစက က ေဒၚေအာင္ဆန္းစုၾကည္ကို သတင္းတခ်ိဳ႕ ေပးသိ၊ ေဒၚေအာင္ဆန္းစုၾကည္ မွာ ေရဒီယို မရွိ သလို တီဗီလည္း မရွိ
စက္တင္ဘာ ၂၈
ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းျပည္မွာ ျဖစ္ပ်က္ေနတဲ့ သတင္းေတြကို သိသင့္ သေလာက္ သိရွိေၾကာင္း၊ နစက အေနနဲ႔
ေဒၚေအာင္ဆန္းစုၾကည္ကို သတင္း တခ်ိဳ႕ ေပးသိေၾကာင္း ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ မွာ ေရဒီယို တီဗီ မရွိဘူးလို႔ ေျပာပါတယ္။
ဒီကေန႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ၃ ဦး ႐ုံးခ်ိန္းနဲ႔ ပတ္သက္ၿပီး ေရွ႕ေန ေဒၚမင္းမင္းစိုးကို ေမးျမန္းရာ သတင္းကိစၥ
နဲ႔ ပတ္သက္ၿပီး သူက အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ ကို ပုဒ္မ ၅၀၅-ခ နဲ႔ ဒီကေန႔ ႐ုံးခ်ိန္းမွာ ဒီအမႈနဲ႔ ပတ္သက္ၿပီး သူတို႔
၃ ဦးက အျပစ္မရွိေၾကာင္း ေျပာထားတာ ျဖစ္တဲ့ အတြက္…
တရားသူႀကီးက ဘာေၾကာင့္ အျပစ္မရွိတာလဲ ဆိုတဲ့ ေမးခြန္းကို၃ ေယာက္စလုံးက အဲဒီအျပစ္ကို မက်ဴးလြန္တဲ့ အတြက္ေၾကာင့္
အျပစ္မရွိဘူးလို႔ ေျဖၾကားခဲ့တယ္လို႔ ေရွ႕ေန ေဒၚမင္းမင္းစိုး က ေျပာပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔ ႐ုံးခ်ိန္း
မွာ က်န္းက်န္းမာမာ လန္းလန္းဆန္းဆန္း ေတြ႕ရတယ္လို႔ ေဒၚမင္းမင္းစိုး က ေျပာပါတယ္။ေနာက္႐ုံးခ်ိန္းကို ေအာ
က္တိုဘာ ၅ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါတယ္။