ၾကားသိသမွ်

စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရတဲ့စေတနာဆရာဝန်ဒေါက်တာဇင်လင်းရေးထားခဲ့ဘူးတဲ့( လိုရမယ်ရ ရေးထားတာပါ မလို ရင်လဲ အကောင်းဆုံးပေါ့)စာ

စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရတဲ့စေတနာဆရာဝန်ဒေါက်တာဇင်လင်းရေးထားခဲ့ဘူးတဲ့စာ

ဒီ ပို့စ် ကတော့ လိုရမယ်ရ ရေးထားတာပါ မလို ရင်လဲ အကောင်းဆုံးပေါ့

ကျွန်တော် ကချင်ပြည်နယ် မှာ ၇ နှစ်လောက်နေခဲ့တဲ့ အချိန်တွေအတွင်း တိုက်ပွဲ အသံတွေကြားမှာ အပြုံးမပျက် အလုပ်လုပ်နိုင်ခဲ့ပေမဲ့ အခု

လို ရန်ကုန်မြို့ပေါ်မှာတင် တော်လှန်ရေး နေ့က ကိုယ့်မျက်စိရှေ့မှာ လူတယောက်ကျည်ထိလို့ ကျဆုံးခဲ့ရတာ ကို မြင်ဖူးတာတော့ပထမဆုံး

ပါ ဆက်လဲမပြုံးနိုင်တော့ပါဘူး

အခုလို ဒဏ်ရာ ရ ကျဆုံးတဲ့ လူတွေရဲ့ ခန္ဓာကိုယ် ကို မအလ တွေက ခွေးလို နွားလို ပြုမူတာ ကို video တွေ

ထဲမှာ မမြင်ချင်မှအဆုံးဖြစ်နေတဲ့ အတွက် အခုလို ကိုယ့် မျက်စိရှေ့မှာ ဖြစ်လာတဲ့ အခါမှာတော့ ဟို မအလ တွေ လက်ထဲ အပါမခံနိုင်ဘူးဆို

တဲ့ စိတ်တခု တည်း နဲ့ ခဏ အတွင်း မှာ ချက်ချင်း တက်ဆွဲဖြစ်ပါတယ်

မြေနီကုန်းမှာ စခတွေ ရက်စက်စွာသတ်လိုက်တဲ့ ဒေါက်တာ ” ဇင်လင်း “သူ၏ Fb မှာတင်ခဲ့တဲ့စာ

ဒီလို အခါမှာ ကျွန်တော် အပါအဝင် တက်ဆွဲ တဲ့ လူတွေအကုန်လုံး လဲ ကျည်ထပ်ထိနိုင်တဲ့ ဆိုတဲ့ အန္တရာယ် ကို သိနားလည်ပြီး ကြောက်

ကြောက်နဲ့ပဲ လုပ်သင့်တဲ့ အရာ ကို လုပ်ခဲ့ကြတာချည်းပါပဲ ဒါ့ကြောင့် မတော်တဆ ကျွန်တော် လဲ ဒီလို ထိမှန် ကျဆုံး ခဲ့ရင် ရှင်ကျန် နေခဲ့တဲ့

လူတွေ ထံကနေ ကျွန်တော် လိုချင်တာ ၂ ခုပဲ ရှိပါတယ်

တခုကတော့ ဒီလိုကျဆုံး ခဲ့တဲ့လူတွေရဲ့ လုပ်ရပ်ကို စေတနာ ကြောင့်ပဲ ဖြစ်ဖြစ် ဒေါသကြောင့်ပဲဖြစ်ဖြစ် အပြစ်တင်တာ ဝေဖန်တာတွေ လုံး

ဝ မလုပ်ပဲ နဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ အန္တရာယ် ကို သိရက်နဲ့ ကြောက်ကြောက်နဲ့ပဲ ကိုယ်ယုံကြည်ရာ မှန်ကန်ရာ ကို စွန့်စား ခဲ့တဲ့ လူတွေ

အဖြစ်သာ နောက်မျိုးဆက်တွေကို ပြောပြပေးဖို့ရယ်

ဒုတိယ တခုကတော့ ကျွန်တော် တို့ဟာ ကျဆုံးခဲ့တဲ့ လူတွေကို တော့ တာဝန်ကျေပြီလို့ သတ်မှတ်ပြီး ရှင်ကျန်နေခဲ့တဲ့ လူတွေက တော့

ရှေ့က သွားလေသူ သူရဲကောင်းတွေ ရဲ့ ပေးဆပ်မှုတွေ အတွက် ဒီ တော်လှန်ရေးကြီး ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့အောင်မြင်အောင် ဆက်

ဆောင်ရွက်ပေးဖို့ပါပဲ

# စကားမစပ်_ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာတော့_အဖွဲ့ချုပ်ရဲ့အလံကိုပဲ_ခြုံခွင့်ပေးပါ
# zinlynn
# photo