စိုင်ပြင်မြို့အနီး အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား (၁၃) စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အများအပြား ထိခိုက်သေဆုံး
၂၈ ၊ ၉ ၊ ၂၀၂၁ ။
ယနေ့ စက်တင်ဘာလ (၂၈) ရက် နေ့လည် (၁၂) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့အနီးတွင်
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား (၁၃) စီးပါ စစ်ယာဉ်တန်း စိုင်ပြင်နှင့် ဘု
တလင်ကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးပြီး ယင်းစခအလောင်းများနှင့် ဒဏ်ရာရ
သူများအား ကား (၃) စီးနှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြန်သယ်သွားကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များ ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ရာ လက်ပံ
ကျေးရွာမှ အမျိုးသမီးငယ် (၁) ဦး လက်နက်ကြီးကျည်စင်မှန်ပြီး ခြေချောင်း (၃) ချောင်း ဖြတ်လိုက်ရကြောင်း သိရသည်။
Zawgyi
၂၈ ၊ ၉ ၊ ၂၀၂၁ ။