ငွေကြေးဖေါင်းပွမှု inflation ကို အစမှာ လျှင်လျှင်မြန်မြန်ထိန်းချုပ်ရပါတယ်။ မထိန်းချုပ်ရင် hyperinflation ထိမ်းချုပ်နိုင်စွမ်းမဲ့ ဖေါင်းပွ
မှုအဖြစ် အလျှင်အမြန် တိုးလာပါတယ်။
ဥပမာ… ဇင်ဘာဘွေ၊ ဗင်နီဇွဲလား နိုင်ငံကို ကြည့်မြင်နိုင်ပါတယ်။ ဗင်နီဇွဲလား ဟာ ၂၀၁၆ ကနေ ၂၀၁၉ ကြား ၅၃,၇၉၈,၅၀၀ % (ရာခိုင်နှုံး
၅၃ သန်းကျော်) တိတိ ငွေကြေးဖေါင်းပွပါတယ်။ လေးနှစ်အတွင်း ဆတိုး ဖေါင်းပွနှုံး ဟာ ကြောက်ခမန်းလိလိ ဖြစ်လာပါတယ်။
ငွေကြေးဖေါင်းပွမှုဟာ ရေတိုမှာ ဒေါ်လာ၊ ရွှေ နဲ့ မတိုင်းတာပါဘူး၊ ကုန်ပစ္စည်းဈေးနှုံး အတက်အကျ Comsumer price index CPI နဲ့
နှိုင်းယှဉ်ပါတယ်။ နိုင်ငံတနိုင်ငံဟာ တနှစ် နဲ့ တနှစ်ကြား ၃% … ဥပမာ မနှစ်က ကန်စွန်းရွက်တစီး ၁၀၀ ကနေ ဒီနှစ် ၁၀၃ ကျပ် ပဲ တက်
တယ်ဆိုရင် inflation ထိမ်းနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလို Export သွင်းကုန် မှာ Trade deficit ဖြစ်နေတဲ့ နိုင်ငံ မှာတော့ ဒေါ်လာဈေးနဲ့အတူ ပစ္စည်းဈေးတွေ လိုက်တက်လာနိုင်ပါ
တယ်။ အဓိက က ရေနံ နဲ့ စားဆီ ကို တင်သွင်းနေရလို့ပါ။ နိုင်ငံအနေနဲ့ကတော့ ဒေါ်လာဝင်ငွေတိုးမယ့်နည်း အကုန် သုံးဖို့လိုမယ်။
Inflation နောက်မှာ recession လိုက်ပါတယ်။ hyperinflation နောက်မှာ great depression လိုက်ပါတယ်။ Inflation ကို ထိမ်းဖို့
ဘဏ်တွေက loan ထုတ်ချေးပေးတာ လျော့ဖို့ ဗဟိုဘဏ်က စီမံရပါတယ်။ အခု မြန်မာမှာတော့ဘဏ်တွေက ချေးငွေထုတ် ပေးဖို့မပြောနဲ့
အပ်ငွေတောင် မထုတ်ပေးနိုင်၊ လူတွေမှာလည်း ငွေမရှိပဲနဲ့ inflation တက်နေတာ ထူး ခြား ငွေကြေးဖေါင်းပွမှု ပုံစံ ဖြစ်နေပါတယ်။
အထုတ်အထည်နဲ့ ရှိတဲ့လူက အခြေအနေအရပ်ရပ်ကြောင့် ငွေသားကို ကိုင်ထားပါတယ်။တခါ ကောလဟာလကြောင့် ငွေတန်ဖိုးကျမှာစိုး
လို့ ဒေါ်လာ ရွှေ နဲ့ ဖလှယ်ပါတယ်။ဒီအခါ ဒေါ်လာ ရွှေဈေး ဟာ ကမော က်ကမ ဖြစ်လာပါတယ်။ Socioeconomic and political မ
တည်ငြိမ်မှုဆုံချက် ပေါင်းစုံ ရိုက်ခတ်မှု ကြောင့် panic ဖြစ်ပြီး inflation ဖြစ်လာပါတယ်။ တက်လာတဲ့ မထိမ်းထားနိုင်ရင် နိုင်ငံသား
အားလုံးထိပါမယ်။
ဒေါ်လာတက်လို့ သွင်းကုန်ဈေးနှုံးနောက်လိုက်ပြီး စက်ဆီနဲ့ သယ်ပို့နေရတဲ့ အခြေခံစားသုံးကုန် တက်လာရင် ခပ်သွက်သွက် ထိခိုက်သွား
မယ့်သူတွေက တော့ ကမ္ဘာ့ poverty မျဉ်းအောက်ရောက်နေတဲ့ ၂၄% သော မြန်မာပြည်က ဆင်းရဲသားတွေ ဖြစ်ပါတယ်။
ဒေါ်လာ ရွှေဈေး ဘာကြောင့်တက်သလဲအကျိုး အ ကြောင်းလိုက်ပြီး အဲ့ဒီဈေးကွက်တွေထိမ်းဖို့ အားအနည်းငယ်ပဲ ထုတ်ရမယ်၊ ဒါပေမဲ့
hyperinflation ဖြစ်သွားမှဆို လူ သန်းငါးဆယ်ကျော် ဘယ်အားနဲ့ ထိမ်းကြမလဲ?
(မူရင်းတင်သူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။သတင်းများပြန်လည်မျှဝေပေးခြင်းပါခင်ဗျာ)