KIA နယ်ကျော်တိုက်ခိုက်သိမ်းပိုက်လာနေသည့်အပေါ် နစက အနေဖြင့်လုံးဝကန့်ကွက်ကြောင်း သတင်းထုတ်ပြန်
KIA ကချင်လက်နက်ကိုင်အဖွဲ့သည် PDF အမည်ခံသူပုန်များကိုကူညီပေးသည်ဆိုသည့်အကြောင်းပြ
ချက်ဖြင့် ကချင်ပိုင်နက်အပြင်ဘက်အထိ ခြေဆန့်နယ်ကျွံ့လာသည့်အပေါ် နစက အနေဖြင့် ပြင်းပြင်း
ထန်ထန်ကန့်ကွက်ကြောင်း MRTV မှတဆင့်သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့်(စက်တင်ဘာ ၂၄ရက်) နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာ နှင့် ဆားတောင်ပုံ
ကျေးရွာကြား တောတွင်း၌ကောလင်းမြို့နယ် ကာလာကျေးရွာဘက်မှလာသော နစက
တပ်သား ၁၀၀ ခန့်နှင့် KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့
တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် KIA တို့သည် PDF စစ်သူပုန်တို့၏ဝတ်စုံကိုဝတ်ဆင်၍ PDF အယောင်ဆောင်ကာ မိမိတို့ နစက
တပ်မတော်အား အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟုသတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၂ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ရှိ မူးမြစ်တံတားပေါ်၌ ကောလင်း၊ ကသာ၊ ပင်လည်ဘူးမှ
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ နှင့် နစက တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နစက တပ်မတော်သား ၁၅ဦးကျ
ဆုံးပြီးဗိုလ်ကြီးတစ်ဦးပေါင်ကျိုးသွားခဲ့ရသည်ဟုသတင်းထုတ်ပြန်သည်။ထိုတိုက်ပွဲတွင်လည်း KIA တို့သည် PDF အယောင်ဆောင်၍မိမိ
တို့နစကအစိုးရတပ်မတော်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သို့ဖြစ်ပါ၍ KIA ခေါင်းဆောင်ပိုင်းအနေဖြင့် တာဝန်ယူမှု့၊တာဝန်ခံမှု့ ရှိစေလိုကြောင်း၊ KIA တပ်မဟာများကို ခေါင်းဆောင်များက
ထိထိရောက်ရောက်ထိန်းသိမ်းပေးထားရန်လိုအပ်သည်ဟု နစက တပ်မတော်က တောင်းဆိုထားသည်။
Zawgyi
KIA နယ္ေက်ာ္တိုက္ခိုက္သိမ္းပိုက္လာေနသည့္အေပၚ နစက အေနျဖင့္လုံးဝကန္႔ကြက္ေၾကာင္း သတင္းထုတ္ျပန္
KIA ကခ်င္လက္နက္ကိုင္အဖြဲ႕သည္ PDF အမည္ခံသူပုန္မ်ားကိုကူညီေပးသည္ဆိုသည့္အေၾကာင္းျပ
ခ်က္ျဖင့္ ကခ်င္ပိုင္နက္အျပင္ဘက္အထိ ေျခဆန္႔နယ္ကၽြံ့လာသည့္အေပၚ နစက အေနျဖင့္ ျပင္းျပင္း
ထန္ထန္ကန္႔ကြက္ေၾကာင္း MRTV မွတဆင့္သတင္းထုတ္ျပန္သည္။
လြန္ခဲ့သည့္(စက္တင္ဘာ ၂၄ရက္) ေန႔လည္ ၁၁နာရီ ၅၀မိနစ္တြင္ ပင္လည္ဘူးၿမိဳ႕နယ္ အဂၤါးေက်းရြာ ႏွင့္ ဆားေတာင္ပုံ
ေက်းရြာၾကား ေတာတြင္း၌ေကာလင္းၿမိဳ႕နယ္ ကာလာေက်းရြာဘက္မွလာေသာ နစက
တပ္သား ၁၀၀ ခန႔္ႏွင့္ KIA ႀကီးၾကပ္ေသာ ေကာလင္း၊ ဝန္းသို၊ ပင္လည္ဘူး ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕တို႔
တိုက္ပြဲျဖစ္ပြားခဲ့ရာတြင္ KIA တို႔သည္ PDF စစ္သူပုန္တို႔၏ဝတ္စုံကိုဝတ္ဆင္၍ PDF အေယာင္ေဆာင္ကာ မိမိတို႔ နစက
တပ္မေတာ္အား အျပင္းအထန္တိုက္ခိုက္ခဲ့သည္ဟုသတင္းထုတ္ျပန္သည္။
စက္တင္ဘာ ၂၂ရက္ ညေနပိုင္းကလည္း စစ္ကိုင္းတိုင္း ပင္လည္ဘူးၿမိဳ႕နယ္ရွိ မူးျမစ္တံတားေပၚ၌ ေကာလင္း၊ ကသာ၊ ပင္လည္ဘူးမွ
ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႕မ်ား ႏွင့္ နစက တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ရာ နစက တပ္မေတာ္သား ၁၅ဦးက်
ဆုံးၿပီးဗိုလ္ႀကီးတစ္ဦးေပါင္က်ိဳးသြားခဲ့ရသည္ဟုသတင္းထုတ္ျပန္သည္။ထိုတိုက္ပြဲတြင္လည္း KIA တို႔သည္ PDF အေယာင္ေဆာင္၍မိမိ
တို႔နစကအစိုးရတပ္မေတာ္ကိုတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။
သို႔ျဖစ္ပါ၍ KIA ေခါင္းေဆာင္ပိုင္းအေနျဖင့္ တာဝန္ယူမႈ႔၊တာဝန္ခံမႈ႔ ရွိေစလိုေၾကာင္း၊ KIA တပ္မဟာမ်ားကို ေခါင္းေဆာ
င္မ်ားကထိထိေရာက္ေရာက္ထိန္းသိမ္းေပးထားရန္လိုအပ္သည္ဟု နစက တပ္မေတာ္က ေတာင္းဆိုထားသည္။