အာဏာရူးမြန်မာစစ်တပ်ကို ဒေါက်ဖြုတ်သွားသည့် မလေးရှားဝန်ကြီးချုပ်
မြန်မာအာဏာသိမ်းတာဝန်ရှိသူတွေအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်လာခွင့်ပြုဖို့နဲ့ အာဆီယံနဲ့သဘောတူထားတာတွေ အ
မြန်ဆုံးအကောင်အထည်ဖေါ်ဖို့ မလေးရှားဝန်ကြီးချုပ် Datuk Seri Ismail Sabri Yaakob က ကုလသမဂ္ဂညီလာခံကနေတောင်းဆို
လိုက်ပါတယ်။စင်တင်ဘာ ၂၅ ရက်နေ့က အထွေထွေညီလာခံကို ဗီဒီယိုနဲ့ပေးပို့တဲ့မိန့်ခွန်းမှာ ထဲ့သွင်းတောင်းဆိုသွားတာပါ။
မြန်မာစစ်တပ်အာဏာသိမ်းပြီးကတည်းက အခြေအနေအားလုံးယိုယွင်းပျက်စီးနေရတဲ့အထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပြိုလဲနဲ့ ကိုဗစ်
ကူးစက်သေဆုံးမှုတွေက ပိုစိတ်ပူစရာဖြစ်နေတယ်ဆိုပါတယ်။ နိုင်ငံတကာကပေးတဲ့အကူအညီတွေဟာ တကယ်လိုအပ်နေသူတွေလက်ထဲ
ရောက်ဖို့အရေးကြီးနေပြီလို့လည်း မလေးဝန်ကြီးချုပ်ကပြောပါတယ်။ မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် (၁) သိန်းခွဲကျော်လက်ခံ
ထားရဆဲဖြစ်တယ်လို့လည်း ရိုဟင်ဂျာအရေးကိုပါ မလေးဝန် ကြီးချုပ်က မီးမှောင်းထိုးပြောသွားပါတယ်။
လူသားတွေကိုခြိမ်းခြောက်နေတဲ့ ကိုဗစ်ကို ကာကွယ်တိုက်ဖျက်ကြမယ်ဆိုပြီး တကမ္ဘာလုံးအပစ်ရပ်စဲဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက ဇွန်လထဲ
မှာ သဘောတူကြေ ညာချက်ထုတ်ပြန်ခဲ့ပေမယ့် မြန်မာအပါအဝင် နေရာတချို့မှာ ဆက်လက်ဖြစ်နေဆဲလို့ သူကဆိုပါတယ်။
အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက ညီညီညွတ်ညွတ်နဲ့ တသံတည်းထွက်ကြဖို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောသွား
ပါတယ်။မလေးရှား အင်ဒိုနီးရှား နဲ့ စင်္ကာပူနိုင်ငံတွေဟာ အာဏာသိမ်းမြန်မာစစ် တပ်ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်မပြုဖို့ ပြောဆို
နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။
BNN
Zawgyi
အာဏာ႐ူးျမန္မာစစ္တပ္ကို ေဒါက္ျဖဳတ္သြားသည့္ မေလးရွားဝန္ႀကီးခ်ဳပ္
ျမန္မာအာဏာသိမ္းတာဝန္ရွိသူေတြအေနနဲ႔ အာဆီယံအထူးကိုယ္စားလွယ္ကို အျမန္လာခြင့္ျပဳဖို႔နဲ႔ အာဆီယံနဲ႔သေဘာတူထားတာေ
တြ အျမန္ဆုံးအေကာင္အထည္ေဖၚဖို႔ မေလးရွားဝန္ႀကီးခ်ဳပ္ Datuk Seri Ismail Sabri Yaakob က ကုလသမဂၢညီလာခံကေနေတာင္းဆိုလိုက္ပါတယ္။
စင္တင္ဘာ ၂၅ ရက္ေန႔က အေထြေထြညီလာခံကို ဗီဒီယိုနဲ႔ေပးပို႔တဲ့မိန႔္ခြန္းမွာ ထဲ့သြင္းေတာင္းဆိုသြားတာပါ။
ျမန္မာစစ္တပ္အာဏာသိမ္းၿပီးကတည္းက အေျခအေနအားလုံးယိုယြင္းပ်က္စီးေနရတဲ့အထဲမွာ က်န္းမာေရးေစာင့္ေရွာက္မႈၿပိဳလဲ
နဲ႔ ကိုဗစ္ကူးစက္ေသဆုံးမႈေတြက ပိုစိတ္ပူစရာျဖစ္ေနတယ္ဆိုပါတယ္။ နိုင္ငံတကာကေပးတဲ့အကူအညီေတြဟာ တကယ္လိုအပ္ေန
သူေတြလက္ထဲ ေရာက္ဖို႔အေရးႀကီးေနၿပီလို႔လည္း မေလးဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ မေလးရွားနိုင္ငံဟာ ရိုဟင္ဂ်ာဒုကၡသည္ (၁)
သိန္းခြဲေက်ာ္လက္ခံထားရဆဲျဖစ္တယ္လို႔လည္း ရိုဟင္ဂ်ာအေရးကိုပါ မေလးဝန္ ႀကီးခ်ဳပ္က မီးေမွာင္းထိုးေျပာသြားပါတယ္။
လူသားေတြကိုၿခိမ္းေျခာက္ေနတဲ့ ကိုဗစ္ကို ကာကြယ္တိုက္ဖ်က္ၾကမယ္ဆိုၿပီး တကမၻာလုံးအပစ္ရပ္စဲဖို႔ အဖြဲ႕ဝင္နိုင္ငံအားလုံးက ဇြန္လ
ထဲမွာ သေဘာတူေၾက ညာခ်က္ထုတ္ျပန္ခဲ့ေပမယ့္ ျမန္မာအပါအဝင္ ေနရာတခ်ိဳ႕မွာ ဆက္လက္ျဖစ္ေနဆဲလို႔ သူကဆိုပါတယ္။
အၾကမ္းဖက္မႈေတြရပ္ဆိုင္းဖို႔ အဖြဲ႕ဝင္နိုင္ငံအားလုံးက ညီညီညြတ္ညြတ္နဲ႔ တသံတည္းထြက္ၾကဖို႔လည္း မေလးရွားဝန္ႀကီးခ်ဳပ္က
ေျပာသြားပါတယ္။မေလးရွား အင္ဒိုနီးရွား နဲ႔ စကၤာပူနိုင္ငံေတြဟာ အာဏာသိမ္းျမန္မာစစ္ တပ္ကို တရားဝင္အစိုးရအျဖစ္အသိအမွတ္မျပဳ
ဖို႔ ေျပာဆိုေနတဲ့ အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြျဖစ္ပါတယ္။…
BNN