အိမ်ဖြူတော်ကနေ တောင်းဆိုကြပြန်ပြီ
နိုင်ငံခြားသားများအပါအဝင် ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဩစတေးလျ ဂျပန် နဲ့ အိန္ဒိယ ၄ နိုင်ငံ the Quad အဖွဲ့က အာဏာသိမ်းမြန်မာစစ်တပ်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ ၄ နိုင်ငံထိပ်သီးဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ကြေ ညာချက်မှာ ထဲ့သွင်းတောင်းဆိုထားတာပါ။
အာဆီယံဘုံသဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖေါ်ဖို့နဲ့ အကြမ်းဖက်တာတွေချက်ချင်းရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီအမြန်ပြန်အသက်သွင်းဖို့လည်း ထပ်မံတောင်းဆိုထားတာတွေ့ရပါတယ်။
အမေရိကန်သမ္မတရဲ့ ကုလသမဂ္ဂညီလာခံမှာ ပြောခဲ့တဲ့မိန့်ခွန်းအရဆိုရင် သံတမန်နည်းလမ်းဖိအားပေးမူတွေကိုအရင်ကျိုးစားမယ့်အနေအထားရှိနေပါတယ်။
သံတမန်နည်းလမ်းနဲ့ဘယ်လိုမှ ဖြေရှင်းမရမှ စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ သမ္မတ ဘိုင်ဒန်ကပြောထားပါတယ်။
၄ နိုင်ငံ the Quad အဖွဲ့ဟာ တရုတ်ကို ထိမ်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်တာမို့ မြန်မာနိုင်ငံအရေးမှာလည်း မြန်မာစစ်တပ်ကို လွှမ်းမိုးနိုင်တဲ့ တရုတ်နိုင်ငံကို ပိုမိုဖိအားပေးလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ပြည်တွင်း အိမ်ခြံမြေစီးပွါးရေးဂယက်နဲ့ အာဖဂန်အရေးတွေမှာ ဗျာများနေတဲ့ တရုတ်ကိုပဲ ဝိုင်းဖိအားပေးမဲ့အနေအထားလို့ လေ့လာသူတွေက ယူဆပါတယ်။
တရုတ်ကို ပစ်မှတ်ထား ဖိအားပေးခြင်းဟာ တရုတ်လိုလားသူတွေပါဝင်နေတဲ့ အာဆီယံကိုပါ အလိုအလျောက်ဖိအားပေးပြီးဖြစ်မယ်လို့ သူတို့က သုံးသပ်ပါတယ်။
လေးပွင့်ဆိုင် ကွာဒ့်အဖွဲ့အစည်းအဝေး၏ ပူးတွဲကြေငြာချက်
မြန်မာ့အရေးနဲ့ မြောက်ကိုရီးယားအရေးကို အဖြေရှာဖို့ သမ္မတဂျိူးဘိုင်ဒန်က လေးပွင့်ဆိုင် ကွာဒ့် အစည်း အဝေးမှာ တွေ့ဆုံဆွေးနွေးပြီး ကြေငြာချက်တစ်ရပ် ထုတ်လိုက်ပါတယ် ။
အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ဟာ ကုလညီလာခံမှာရောက်နေတဲ့ အိန္ဒိယ ၊ ဂျပန် ၊ သြစတေးလျခေါင်းဆောင်တွေနဲ့ အစီအစဉ်မရှိပဲ တွေ့ဆုံခဲ့ကြတာပါ ။
ဒါဟာ ကွာဒ့်အဖွဲ့ဝင် ခေါင်းဆောင်တွေရဲ့ ပထမဦးဆုံးအကြိမ် လူခြင်းတွေ့ဆုံ ဆွေးနွေးမှု့ပါ ။ကွာဒ့်အဖွဲ့ရဲ့ ပူးတွဲကြေငြာချက်ကတော့ …..၊
မြန် မာနိုင်ငံက အကြမ်းဖက်မှု့တွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအ ကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတာပါ ။
ဒါ့အပြင် ကုလဆုံးဖြတ်နဲ့အညီ မြောက်ကိုရီးယားရဲ့ နယူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိကို အကော င်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ် ။
ပူးတွဲကြေငြာချက်မှာ မြောက်ကိုရီးယားဟာ ရန်စမှု့တွေကို ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ် ။ ” ခိုင်မာတဲ့ ဆွေးနွေးရေးအတွက် စားပွဲဝိုင်းပေါ်ကို လာခဲ့ပါ ” လို့လည်း ဖိတ်ခေါ်ထားပါတယ် ။
ကွာဒ့်ခေါင်းတွေဟာ မြောက်ကိုရီးယားဘက်က ပြန်ပေးဆွဲထားတဲ့ ကိစ္စကို ချက်ချင်းဖြေရှင်းခိုင်းထားပါတယ် ။ နယူကလီးယား ဒုံး
လက်နက်တွေ ဆက်လက်စမ်းသပ်မှု့မျိူး မလုပ်ဖို့လည်း ပြင်းထန်စွာ တားမြစ်လိုက်ပါတယ် ။
မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်ဖြင့် ဒီမိုကရေစီ ပြန် လည်ထူထောင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ် ။ ဒါ့အပြင် လေးနိုင်ငံ ထိပ်သီးခေါင်း ဆောင်တွေဟာ ASEAN Five Point Consensus ကို အမြန်ဆုံး အကောင်အထည်ဖော်ခိုင်းပါတယ် ။
ပူးတွဲကြေငြာချက်မှာ အင်ဒို-ပစိဖိတ်နဲ့ အခြားဘက်တွေမှာ ဒီမိုကရေစီကြံ့ခိုင်မှု့ကို တည်ဆောက်နိုင်ဖို့ ကတိပြုခဲ့ကြပါတယ် ။
မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှု့တွေကို ချက်ချင်းရပ်တန့်ဖို့ လိုအပ်ပြီး ငြိမ်းချမ်းသော အဖြေကိုရှာဖို့ တိုက် တွန်းထားပါတယ် ။
ပါတီအားလုံးဟာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု့တွေ လုပ်ရလိမ့်မယ်လို့ တောင်းဆိုထားပါတယ် ။( ဒါကတော့ နယူးယောက်မှာရောက်နေတဲ့ ကွာဒ့်လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးပွဲအပြီး ၊ ပူးတွဲကြေငြာချက်ပါ ။ )
စာရေးသူရဲ့ ဝေဖန်သုံးသပ်မှု့ မပါဝင်ပါဘူး ။
ဘကြီးအောင် LA & BNN