ဂျီနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ တင်
သွင်းခဲ့တဲ့ မြန်မာအရေး အစီရင်ခံစာနဲ့ ပြောကြားချက်များကို ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် လိုက်ပါတယ်။
” မြန်မာနိုင်ရဲ့ အခြေအနေဟာ ပေါက်ကွဲသံတွေနဲ့ ပြည်တွင်းစစ်ကြီးဆီကို ဦးတည်နေပါပြီ ။ အချို့ဒေသတွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေပြီး အရပ်သားခုခံကာကွယ်ရေးတပ်ဖွဲ့တွေလည်း သေကြေ ၊ ဒဏ်ရာရ ၊ ဖမ်းဆီး နှိပ်စက်ခံနေရပါပြီ ။
ဒါ့အပြင် ကိုဗစ်နိုင်တင်း ကပ်ရောဂါကလည်း ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ကုလအဖွဲ့ကြီးအတွက် အမြန်ဆုံး အက်ရှင်ဝင်နိုင်မှသာ ဆိုးရွားတဲ့ အခြေအနေတွေကို ထိန်းနိုင်ပါလိမ့်မယ် ။
မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ အာဏာသိမ်းစကတည်းက အရပ်သားပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်းနေပါတယ် ။ မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့တွေကို ကြည့်နိုင်ပါတယ် ။
အချို့ ပြစ်မှု့တွေဟာ အလွန်ပြင်းထန်ပါတယ် ။ မြန်မာပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့် ၊ လွတ်လပ်မှု့ ၊ လုံခြုံရေးတွေအတွက် ကူညီဖို့ လိုပါတယ် ။ ညှဉ်းပန်းနှိပ်စက်မှု့ကို အချိန်မီတားမြစ်ဖို့ လိုအပ်ပါတယ် ။
တရားမျှတသော ရုံးတင်စစ်ဆေးပိုင်ခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်တွေအတွက် တာဝန်ယူပေးဖို့လိုပါတယ် ။
ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်တာဟာ ပြည်သူတွေကို လက်နက်ကိုင်ချင်လာအောင် တွန်းအားပေးလိုက်သလိုပါပဲ ။ လူ့အခွင့်အရေး ချိူးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ ခုခံကာကွယ်ဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး ။
လက်ရှိအခြေအနေမှာတော့ မြန်မာစစ်တပ်ဟာ ခုခံကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အရပ်သားပြည်သူတွေနဲ့ ထိပ်တိုက်တွေ့နေပါပြီ ။ အချို့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို
အနိုင်မရနိုင်တော့ တိုက်လေယာဉ်တွေ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ချေမှုန်းနေပါတယ် ။ ဒီလို တိုက်လေယာဉ်တွေ သုံးတဲ့အတွက် ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးနေပါတယ် ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ရှ်ချလက်
မြန်မာ့အမျိူးသားရေး အကျိူးဆက်တွေဟာ ကြောက်စရာကောင်းသလို ၊ ကြေကွဲဖွယ်လည်း ကောင်းလှပါတယ် ။” လို့ ကုလသမဂ္ဂ
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ရှ်ချလက် က မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုထားပါတယ်။
ဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုလိုက်တဲ့ အစီရင်ခံစာပါ ။
အဆိုပါ အစည်းအဝေးကာလအတွင်းမှာ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်တဲ့ ဆွေးနွေးမှု (၃)ခုကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ
ကျင်းပခဲ့ပြီး ယင်းဆုံးဖြတ်ချက်မှာ အပြန် အလှန် ဆွေးနွေးမှုများရဲ့ အနှစ်သာရကို လျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံရဲ့ မျက်ကွယ်မှာ
တစ်ဖက်သတ် ပြုလုပ်တဲ့ ကိစ္စဖြစ်တာကြောင့် လူ့အခွင့်အရေးကောင်စီမှာ အန္တရာယ်ရှိတဲ့ အစဉ်အလာကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ၂၂-၉-၂၀၂၁ ရက်မှာ နှုတ်ဖြင့် အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အထူးအစီရင်ခံစာ တင်သွင်းသူတို့ လိုက်နာရမယ့် ကျင့်ဝတ်မှာ ၎င်းရဲ့ကောက်ချက်များကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ ပထမဆုံး ပေးပို့ဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များအပေါ်
အများပြည်သူသို့ ထုတ်ဖော်ပြောကြားရာမှာ သက်ဆိုင်ရာနိုင်ငံရဲ့ တုံ့ပြန်ချက်များကို ထည့်သွင်းဖော်ပြရန် ပါရှိသည်ကို ချိုးဖောက်ထားကြောင်း တွေ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူက ၎င်းရဲ့ကျင့်ဝတ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ ခြင်းကြောင့် တစ်ဖက်သတ်အစီရင်ခံမှုများ ဖြစ်ပေါ်စေကာ
နိုင်ငံတကာအသိုက် အဝန်းကို မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားစေခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရန် အထောက်အကူမပြုတဲ့အပြင်
အဟန့်အတား ဖြစ်စေပြီး ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားတဲ့ ယန္တရားများရဲ့ အစီရင်ခံစာများနဲ့ ပြောကြားချက် များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။