ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်ကြေး ကလေး၊ လူကြီး တစ်ဦးကို ကျပ် ၅၀၀၀ အထိ တိုးမြင့်လိုက်တာကြောင့် တိရစ္ဆာန်တွေကို အစာ
သွားရောက်ကျွေးချင်တဲ့ပြည်သူတွေ အခက်အခဲဖြစ်လာနေပါတယ်။
လာရောက်လည်ပတ်သူပြည်သူတစ်ဦးက “တိရစ္ဆာန် ဥယျာဉ်လာတာ အထဲက တိရစ္ဆာန်လေးတွေ အစာကျွေးချင်တာရယ်၊ ကလေးတွေ
အားလပ်ရက် လိုက်ပို့ချင်တာရယ်ကြောင့်ပါ။ အခုဝင်ကြေးက ကလေးကော လူကြီးကော တစ်ယောက် ငါးထောင်ဆိုတော့ အခုလို မ
ပြေလည်တဲ့ကာလမှာ စဉ်းစားကြည့်ပါဦး”လို့ ပြောပါတယ်။
တိရစ္ဆာန်ရုံဝင်ကြေးကို အရင်က လူကြီးကျပ် ၁၀၀၀ ၊ ကလေး ကျပ် ၅၀၀ ကောက်ခံနေရာကနေ အခု ကျပ် ၅၀၀၀ အထိ ငါးဆနီးပါးထိ တိုး
မြင့်ကောက်ခံနေတာဖြစ်ပါတယ်စနေ၊ တနင်္ဂနွေ အားလပ်ရက် လာရောက်လည်ပတ်သူတွေများပြားပြီး ခုလို ဝင်ကြေး ကျပ် ၅၀၀၀ တိုးမြှင့်
ကောက်ခံတာကြောင့် အလည်လာသူတွေ အထဲမဝင်ဘဲ လှည့်ပြန်နေကြတာလည်း ရှိပါတယ်။
တိရစ္ဆာန်ဥယျာဉ်ထဲမှာတော့ ဈေးဆိုင်တွေ ပိတ်ထားတာကြောင့် တိရစ္ဆာန်လေးတွေ အစာရေစာ ခက်ခဲမှာစိုးရိမ်ပြီး အလည်လာတဲ့ ပြည်သူ
တွေက အပြင်ကနေ အစာတွေဝယ်ယူကာ အစာကျွေးကြတာ ဖြစ်ပါတယ်။
Zawgyi
ရန္ကုန္တိရစၧာန္ဥယ်ာဥ္ဝင္ေၾကး ကေလး၊ လူႀကီး တစ္ဦးကို က်ပ္ ၅၀၀၀ အထိ တိုးျမင့္လိုက္တာေၾကာင့္ တိရစၧာန္ေတြကို အစာ
သြားေရာက္ေကၽြးခ်င္တဲ့ျပည္သူေတြ အခက္အခဲျဖစ္လာေနပါတယ္။
လာေရာက္လည္ပတ္သူျပည္သူတစ္ဦးက “တိရစၧာန္ ဥယ်ာဥ္လာတာ အထဲက တိရစၧာန္ေလးေတြ အစာေကၽြးခ်င္တာရယ္၊ ကေလးေတြ
အားလပ္ရက္ လိုက္ပို႔ခ်င္တာရယ္ေၾကာင့္ပါ။ အခုဝင္ေၾကးက ကေလးေကာ လူႀကီးေကာ တစ္ေယာက္ ငါးေထာင္ဆိုေတာ့ အခု
လို မေျပလည္တဲ့ကာလမွာ စဥ္းစားၾကည့္ပါဦး”လို႔ ေျပာပါတယ္။
တိရစၧာန္႐ုံဝင္ေၾကးကို အရင္က လူႀကီးက်ပ္ ၁၀၀၀ ၊ ကေလး က်ပ္ ၅၀၀ ေကာက္ခံေနရာကေန အခု က်ပ္ ၅၀၀၀ အထိ ငါးဆနီးပါးထိ
တိုးျမင့္ေကာက္ခံေနတာျဖစ္ပါတယ္စေန၊ တနဂၤေႏြ အားလပ္ရက္ လာေရာက္လည္ပတ္သူေတြမ်ားျပားၿပီး ခုလို ဝင္ေၾကး က်ပ္
၅၀၀၀ တိုးျမႇင့္ေကာက္ခံတာေၾကာင့္ အလည္လာသူေတြ အထဲမဝင္ဘဲ လွည့္ျပန္ေနၾကတာလည္း ရွိပါတယ္။
တိရစၧာန္ဥယ်ာဥ္ထဲမွာေတာ့ ေဈးဆိုင္ေတြ ပိတ္ထားတာေၾကာင့္ တိရစၧာန္ေလးေတြ အစာေရစာ ခက္ခဲမွာစိုးရိမ္ၿပီး အလည္လာတဲ့
ျပည္သူေတြက အျပင္ကေန အစာေတြဝယ္ယူကာ အစာေကၽြးၾကတာ ျဖစ္ပါတယ္။