ၾကားသိသမွ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်ဖြစ်ကာ ရူးသလို ကြောင်သလို ဖြစ်နေပြီဟု နေပြည်တော်အသိုင်းအဝိုင်းမှ ပြောဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်ဖြစ်ကာ ရူးသလို ကြောင်သလို ဖြစ်နေပြီဟု နေပြည်တော်အသိုင်းအဝိုင်းမှ ပြောဆို

နေပြည်တော်၊ စက်တင်ဘာ ၂၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်ဖြစ်ကာ ရူးသလို ကြောင်သလို ဖြစ်နေပြီဆိုတဲ့သတင်း လွန်ခဲ့တဲ့

အပတ်လောက်ထဲက နေပြည်တော်အသိုင်းအဝိုင်းမှ အသံစထွက်လာခဲ့ပါတယ်။ဒီနောက်ပိုင်း မအလ ပြောပြောနေတဲ့မြေအောက်ရထား

အရူးစကားများ၊လျှပ်စစ်ကားကိစ္စ အရူးစကားများလျှပ်စစ်ရထားကိစ္စ အရူးစကားများစီးပွားဖြစ် ငှက်ပျောပင်စိုက်ဖို့ပြောတဲ့ အရူးစကားများ၊

သူ့တပ်တွင်းကပါ မယုံတော့တဲ့ NLD မဲစာရင်းလိမ်တယ်ဆိုတဲ့ အရူးစကားများ၊ အာဆီယံနိုင်ငံတွေထက် စီးပွားရေးသာအောင်လုပ်ပြမယ်

ဆိုတဲ့ အရူးစကားများနဲ့ အခုနောက်ဆုံးပြောလိုက်တဲ့ ” လက်နက်အားကိုး အနိုင်ကျင့်ပြီး ပြည်သူတွေကို အကြောက်တရားဖြင့် အုပ်ချုပ်မှု

မျိုး မလိုလားဘူး ” ဆိုတဲ့ သူ့လုပ်ရပ်ကို သူပြန်ပြောနေတဲ့ အရူးစကားများကို ကြည့်ရင် မင်းအောင်လှိုင်တစ်ကောင်တော့

သေချာတယ်။စိတ်ဂယောက်ဂယက်ဖြစ်နေပါပြီ။ကိုယ့်စကားကိုယ် အမှန် မသိလောက်အောင်ကို စိတ်ရူးပေါက်ရာတွေ ပြောဆိုနေတဲ့အဆ

င့် ရောက်သွားပါပြီ။မင်းအောင်လှိုင်အနေနဲ့ ရူးမယ်ဆိုလဲရူးလောက်ပါတယ်၊၈၈ ကလို အချိုအချောင်လေးရမလားလို့ အာဏာကောက်သိမ်း

လိုက်တာ သူ့တပ်ထဲ မုဆိုးမအရေအတွက်သာတိုးတိုးလာတယ် တနိုင်ငံလုံး အုပ်ချုပ်မရဖြစ်နေပါပြီ။UN အပါအဝင် ကမ္ဘာ့နိုင်ငံတွေကလဲ

သောက်ဖက်မလုပ်ကြသလိုပြည်သူတွေက မထောက်ခံကြတဲ့အပြင် ဝိုင်းဆဲနေတာကိုပဲ ခံနေရပါတယ်။

ဒါ့အပြင် အရပ်သား CDM တွေသာ

မကစစ်သား CDM တွေပါ များများလာနေလို့ တပ်ပျက်သလို ဖြစ်နေရတာနဲ့ EAOs တွေနဲ့ PDF တွေက ဝိုင်းသမကြလို့ စစ်ခွေးတွေ မြေ

သြဇာအဖြစ်များနေကြရတာတွေတင်မက စစ်တပ်ထောက်တိုင် လုပ်ငန်းတွေပါ အတွယ်ခံနေရလို့ သူတောင်းစားခွက်ပျောက်ကိန်း ဆိုက်

သွားရတာနဲ့ ပြည်သူတွေက အခွန်တွေမပေးတော့ ဝန်ထမ်းလစာ စစ်သားလစာတောင် ပေးဖို့ မလောက်တော့လို့ ငွေစက္ကူအသစ်တွေ

ရိုက်နှိပ်ဖြန့်လိုက်တာ ငွေကြေးပိုဖောင်းပွလာပြီး ရွှေစျေး ဒေါ်လာစျေးနဲ့ ကုန်စျေးနှုံးတွေတက်လာတာကို မထိန်နိုင်မသိမ်းနိုင်ဖြစ်နေရတာနဲ့

ပြည်ပရင်းနှီးမြှုတ်နှံသူတွေ အကုန်နီးပါးပြန်ကုန်ကြလို့ စက်ရုံတွေပိတ်လိုက်ရတာနဲ့ အလုပ်လက်မဲ့တွေ များလာနေလို့ ပြည်သူတွေ ပို

ပေါက်ကွဲနေကြရတာတွေကြောင့်အပြင်အခုနောက်ပိုင်းမင်းအောင်လှိုင် မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်

တွေ အကင်ခံနေတာတွေနဲ့ဆို မင်းအောင်လှိုင်တစ်ကောင် စိတ်ဂယောက်ဖြစ်ပြီး ရူးနေပြီဆိုတာ သေချာပါတယ်။

မိုင်တဲလ်တာဝါတိုင်ကိစ္စက မအလအတွက် သည်းခြေပျက်လောက်စေတဲ့ ထိခိုက်စေမှုပါ။ မအလ မိသားစုတစ်စုလုံး ဒေဝါလီခံရလောက်တဲ့

အထိ လျော်ပေးရတော့မှာပါ။ဒါ့ကြောင့်လဲ သူ့ စစ်ခွေးတွေ မသာပေါ်နေတုန်းက ဘာတစ်ခွန်းမှ မပြောခဲ့ပဲ သူ့တာဝါတိုင်တွေ ထိတော့မှ

သွေးရူးသွေးတမ်းနဲ့ ကြောင်တောင်တောင်စိန်ခေါ်စကားပြောတဲ့အထိ ရူးသွားခဲ့ပါပြီ။

သူ့ကြောင့် တိုင်းပြည်စီးပွားရေးက သုညအောက် မိုင်းနက်အဆုံးထိ ကျဆင်းသွားပါတယ်ဆိုနေမှ စီးပွားရေးကို အာဆီယံနိုင်ငံတွေထက်သာ

အောင် လုပ်ပြမယ်ဆိုတဲ့ ကြောင်တောင်တောင်စကားတွေပါ ပြောဆိုနေမှုဟာ ၈၈ တုန်းက စစ်အာဏာရှင် စောမောင် ပြောခဲ့တဲ့ အရူး

စကားနဲ့ ထပ်တူကျနေပါပြီ။၈၈ တုန်းက စောမောင်တစ်ကောင်လဲ ပုတီးကြီးကိုင်မြှောက်ပြီး မြန်မာပြည်ကို သူကယ်တင်မယ်ဆိုတဲ့

ကြောင်တောင်တောင်စကားမျိုးကို အခု မင်းအောင်လှိုင်ပြောသလို ပြောခဲ့ပါသည်။

ဒါ့ကြောင့်လဲ ခုနောက်ပိုင်း စစ်ဘောမ Facebook အကောင့်တွေမှာ စောမောင်ကို ဖယ်ပြီး သန်းရွှေက ထပ်ပြီး အာဏာသိမ်းခဲ့သလို

အခုအရူးစကားတွေ ပြောနေတဲ့ မင်းအောင်လှိုင်ကို ဖယ်ပြီး စိုးဝင်းက အာဏာထပ်သိမ်းဖို့ မြှောက်ပေးနေကြပါပြီ။

မင်းအောင်လှိုင်ကို ဖယ်ပြီး ဘယ်စစ်ခွေးကပဲ အာဏာထပ်သိမ်းသိမ်းMaALoe တွေ က MaALoe တွေပါလို့ ပြည်သူတွေက ထပ်ဆဲနေကြ

ဦးမှာပါ။၈၈ တုန်းက ပြည်သူတွေ ငြိမ်ခဲ့ကြတယ်ဆိုတာ နေဝင်း မဆလ အစိုးရပြုတ်ကျသွားတာရယ်နဲ့ ရွေးကောက်ပွဲအမှန်အကန်လုပ်ပေး

မယ်ဆိုတဲ့ ဒင်းတို့စစ်ခွေးတွေ ပြောခဲ့တဲ့ စကားကို ယုံပေးခဲ့လို့ ငြိမ်ပေးခဲ့ကြတာပါ။

အခုကတော့ ဒီကလိန်ကကျစ်စစ်ခွေးတွေရဲ့ စကား ပြည်သူတွေက လုံးဝ မယုံတော့ပါ။ စစ်ခွေးမျိုးပြုတ်အောင်တိုက်မှ တိုင်းပြည်ငြိမ်းချမ်း

မည် တိုးတက်မည်ဆိုတဲ့ အသိနဲ့ တတိုင်းပြည်လုံး တော်လှန်နေကြပါပြီ။

မင်းအောင်လှိုင် ရူးသွားလို့ နောက်ထပ်စစ်ခွေးခေါင်းဆောင်တစ်ကောင်တက်လာလဲ ထပ်ရူးပြီး ထပ်ကြောင်သွားဖို့ပဲရှိပါတယ်။

ပြည်သူတွေကတော့ စစ်ခွေးတော်လှန်ရေး တိုက်ပွဲ ဝင်နေကြမှာပါ။

အခု မင်းအောင်လှိုင် ရူးနေတာကတော့ သေချာနေပါပြီ။
#လက်ယာ