ၾကားသိသမွ်

သထုံ၊ ထုံးဘိုလေး ထုံးဘိုကြီးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် BGF မှားယွင်းပစ်ခတ်ပြီး ၂၀ ဦးသေဆုံး

သထုံ၊ ထုံးဘိုလေး ထုံးဘိုကြီးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် BGF မှားယွင်းပစ်ခတ်ပြီး ၂၀ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး-ထုံးဘိုကြီးကျေးရွာအနီးတဝိုက်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်

နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့ အချင်းချင်းမှားယွင်းပစ်ခတ်ပြီး ၂၀ ဦး သေဆုံးသွားကြောင်း KNU တပ်မဟာ ၁ ထံမှ သတင်းရရှိ

သည်။”သူတို့ နယ်မြေရှင်းလင်းရေး အဖွဲ့ခွဲပြီး လှုပ်ရှားကြတဲ့အခါမှာ BGF ကို KNLA လို့ ထင်ပြီး စစ်ကောင်စီတပ်က စပစ်တာ၊

အပြန်အလှန်ပစ်ကြပြီးတော့ အယောက် ၂၀ သေသွားတယ်၊ နှစ်ဖက်စလုံးက တပ်သား အယောက် ၂၀ သေတာပေါ့” ဟု KNU တပ်မဟာ ၁

မှ ဗိုလ်အဆင့် အရာရှိတစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီနဲ့ BGF တို့မှားယွင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်က BGF တပ်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတချို့ကို မကျေနပ်လို့ တမင်ပစ်ခတ်ခဲ့

တယ်လို့လည်း ဒေသခံရွာသားတချို့က အချင်းချင်းပြောဆိုသုံးသပ်နေကြောင်း ကရင်သတင်းရင်းမြစ် Salween Press တွင်လည်း ဖော်ပြ

ထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထုံးဘိုကြီး ထုံးဘိုလေး ရွာလမ်းဝတွင် KNLA တပ်မဟာ ၁နှင့် အကြမ်းဖက် စစ်ကောင်စီ

တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်စီးလာသော ပြည်သူတစ်ဦးအား ပစ်ခတ်ခဲ့ပြီး အနီးဝန်းကျင်ရှိ

ပြည်သူပိုင် အဆောက်အအုံကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့သည်။

Zawgyi

သထုံ၊ ထုံးဘိုေလး ထုံးဘိုႀကီးရြာအနီးတဝိုက္တြင္ စစ္ေကာင္စီတပ္ႏွင့္ BGF မွားယြင္းပစ္ခတ္ၿပီး ၂၀ ဦးေသဆုံး
ရန္ကုန္၊ စက္တင္ဘာ ၂၆

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ထုံးဘိုေလး-ထုံးဘိုႀကီးေက်းရြာအနီးတဝိုက္တြင္ စက္တင္ဘာလ ၂၃ ရက္ေန႔က အၾကမ္းဖက္စစ္ေကာင္စီ

တပ္ႏွင့္ ကရင္နယ္ျခားေစာင့္တပ္ BGF တို႔ အခ်င္းခ်င္းမွားယြင္းပစ္ခတ္ၿပီး ၂၀ ဦး ေသဆုံးသြားေၾကာင္း KNU တပ္မဟာ ၁ ထံမွ သတင္းရရွိသည္။

“သူတို႔ နယ္ေျမရွင္းလင္းေရး အဖြဲ႕ခြဲၿပီး လႈပ္ရွားၾကတဲ့အခါမွာ BGF ကို KNLA လို႔ ထင္ၿပီး စစ္ေကာင္စီတပ္က စပစ္တာ၊ အျပန္အ

လွန္ပစ္ၾကၿပီးေတာ့ အေယာက္ ၂၀ ေသသြားတယ္၊ ႏွစ္ဖက္စလုံးက တပ္သား အေယာက္ ၂၀ ေသတာေပါ့” ဟု KNU တပ္မဟာ ၁ မွ ဗိုလ္အဆင့္ အရာရွိတစ္ဦးမွ ရန္ကုန္ေခတ္သစ္ သတင္းဌာနသို႔ ေျပာဆိုသည္။

စစ္ေကာင္စီနဲ႔ BGF တို႔မွားယြင္းပစ္ခတ္မႈမွာ စစ္ေကာင္စီတပ္က BGF တပ္ရဲ့လုပ္ကိုင္ေဆာင္ရြက္မႈတခ်ိဳ႕ကို မေက်နပ္လို႔ တမင္ပစ္ခတ္ခဲ့တယ္လို႔လ

ည္း ေဒသခံရြာသားတခ်ိဳ႕က အခ်င္းခ်င္းေျပာဆိုသုံးသပ္ေနေၾကာင္း ကရင္သတင္းရင္းျမစ္ Salween Press တြင္လည္း ေဖာ္ျပထားသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔ နံနက္ပိုင္းတြင္ ထုံးဘိုႀကီး ထုံးဘိုေလး ရြာလမ္းဝတြင္ KNLA တပ္မဟာ ၁ႏွင့္ အၾကမ္းဖက္ စစ္ေ

ကာင္စီ တပ္ဖြဲ႕ဝင္မ်ား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဆိုင္ကယ္စီးလာေသာ ျပည္သူတစ္ဦးအား ပစ္ခတ္ခဲ့ၿပီး အနီးဝန္းက်င္ရွိ ျပည္သူပိုင္ အေဆာက္အအုံကို လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ ဖ်က္ဆီးခဲ့သည္။