ၾကားသိသမွ်

မိမိတို့၏အန္တရာယ်ကိုမမှုဘဲဖော်ပြထားသော“ဖယ်ခုံ PDF ရဲ့ တကယ့်မြေပြင်က နေထိုင်မှု့ဘဝများ”

ဖယ်ခုံ PDF များ၏ နေထိုင်မှုပုံစံ

စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင်တော်လှန်ကြသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားများ၏ ရှေ့တန်းမြေပြင်တွင် နေထိုင်စား

သောက်ရပုံများကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) မှထုတ်ပြန်ထားသည်။

“ဖယ်ခုံ PDF ရဲ့ တကယ့်မြေပြင်က နေထိုင်မှု့ဘဝများ” ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းတွင် ဖယ်ခုံ

PDF၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ရဲဘော်တွေ အမှတ်တမဲ့ ရိုက်ထားတဲ့ပုံလေးတွေထုတ်ပြန်လိုက်တာပါ။ ပြည်သူတွေကိုလည်း ရှေ့တန်းမြေပြင်က ရဲဘော်တွေ ဘယ်လို

နေထိုင်စားသောက်ရလဲ ဆိုတာကို သိစေချင်လို့ပါ။ ပြည်သူတွေရဲ့စာနာအားပေးကူညီမှုနဲ့ပဲ ကျွန်တော်တို့ ရပ်တည်နေရတဲ့အတွက် အားလုံး

ရဲ့ အားပေးကူညီမှုတော့ လိုတာပေါ့ဗျာ” ဟု ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ်၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ရှမ်း ကယား နယ်စပ်တွင် ရှိသည့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တွင် နေ့စဉ်နှင့်အမျှ တပ်ဖွဲ့ဝင် ဦးရေ တိုးလာ‌လျက်ရှိပြီး နေထိုင်စား

သောက်ရေးနှင့် လက်နက်တပ်ဆင်‌ရေး အကူအညီလိုအပ်နေသည့်အတွက် အဖွဲ့ဝင်အသစ်များအား ကန့်သတ်ထားရသည်ဟု ၎င်းက

ဆိုသည်။

“ဒီမှာက စစ်တပ်ဘက်က မြို့တစ်ဝက်လောက်ထိအထိုင်ချထားတာဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း တစ်နေ့တစ်ခြား

အင်အားတွေအလုံးအရင်းနဲ့တိုးလာတာ။ အမျိုးသမီး၊ အမျိုးသား၊ အသက်ကြီးတဲ့သူတွေကအစ အကုန်လုံးနီးပါးက PDF ပဲ” ဟု ပြည်သူ့

ကာကွယ်ရေးတပ်သားများ အကြောင်းပြောသည်။

ဖယ်ခုံ PDF အနေဖြင့် ဇူလိုင်လ အစောပိုင်း မှစတင်ကာ စစ်ကောင်စီတပ်သားများဖြင့် ထိတွေ့တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး ဒီး

မော့ဆို PDF ၊ မိုးဗြဲ PDF၊ ရှမ်းတောင် PDF၊ နေပြည်တော် PDF နှင့်လွိုင်ကော် PDF တပ်ဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းထားသည်။

Zawgyi

ဖယ္ခုံ PDF မ်ား၏ ေနထိုင္မႈပုံစံ

စစ္အာဏာသိမ္းမႈကို လက္နက္စြဲကိုင္ေတာ္လွန္ၾကသည့္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္သားမ်ား၏ ေရွ႕တန္းေျမျပင္တြင္ ေနထိုင္စားေသာက္ရပုံမ်ားကို ဖယ္ခုံျပည္သူ႔ကာကြယ္ေရးတပ္ (ဖယ္ခုံ PDF) မွထုတ္ျပန္ထားသည္။

“ဖယ္ခုံ PDF ရဲ့ တကယ့္ေျမျပင္က ေနထိုင္မႈ႔ဘဝမ်ား” ဟူသည့္ ေခါင္းစဥ္ျဖင့္ ယေန႔ စက္တင္ဘာလ ၂၆ ရက္ မနက္ပိုင္းတြင္ ဖယ္ခုံ PDF၏ လူမႈကြန္ရက္စာမ်က္ႏွာမွ ထုတ္ျပန္ထားျခင္းျဖစ္သည္။

“ရဲေဘာ္ေတြ အမွတ္တမဲ့ ရိုက္ထားတဲ့ပုံေလးေတြထုတ္ျပန္လိုက္တာပါ။ ျပည္သူေတြကိုလည္း ေရွ႕တန္းေျမျပင္က ရဲေဘာ္ေတြ ဘယ္လိုေနထိုင္စားေသာက္ရလဲ ဆိုတာကို သိေစခ်င္လို႔ပါ။

ျပည္သူေတြရဲ့စာနာအားေပးကူညီမႈနဲ႔ပဲ ကၽြန္ေတာ္တို႔ ရပ္တည္ေနရတဲ့အတြက္ အားလုံးရဲ့ အားေပးကူညီမႈေတာ့ လိုတာေပါ့

ဗ်ာ” ဟု ဖယ္ခုံျပည္သူ႔ ကာကြယ္ေရးတပ္၏ ေခါင္းေဆာင္တစ္ဦးက ေျပာသည္။

ရွမ္း ကယား နယ္စပ္တြင္ ရွိသည့္ ဖယ္ခုံျပည္သူ႔ကာကြယ္ေရးတပ္တြင္ ေန႔စဥ္ႏွင့္အမၽွ တပ္ဖြဲ႕ဝင္ ဦးေရ တိုးလာ‌လ်က္ရွိၿပီး ေနထိုင္

စားေသာက္ေရးႏွင့္ လက္နက္တပ္ဆင္‌ေရး အကူအညီလိုအပ္ေနသည့္အတြက္ အဖြဲ႕ဝင္အသစ္မ်ားအား ကန႔္သတ္ထားရသည္ဟု ၎ကဆိုသည္။

“ဒီမွာက စစ္တပ္ဘက္က ၿမိဳ႕တစ္ဝက္ေလာက္ထိအထိုင္ခ်ထားတာျဖစ္သလို ျပည္သူ႔ကာကြယ္ေရးတပ္ဘက္ကလည္း တစ္ေန႔တစ္ျခားအင္အားေတြအလုံးအရင္းနဲ႔တိုးလာတာ။

အမ်ိဳးသမီး၊ အမ်ိဳးသား၊ အသက္ႀကီးတဲ့သူေတြကအစ အကုန္လုံးနီးပါးက PDF ပဲ” ဟု ျပည္သူ႔ကာကြယ္ေရးတပ္သားမ်ား အေၾကာင္းေျပာသည္။

ဖယ္ခုံ PDF အေနျဖင့္ ဇူလိုင္လ အေစာပိုင္း မွစတင္ကာ စစ္ေကာင္စီတပ္သားမ်ားျဖင့္ ထိေတြ႕တိုက္ပြဲမ်ား အဆက္မျပတ္ျဖစ္ပြားခဲ့ၿပီး ဒီးေ

မာ့ဆို PDF ၊ မိုးျဗဲ PDF၊ ရွမ္းေတာင္ PDF၊ ေနျပည္ေတာ္ PDF ႏွင့္လြိဳင္ေကာ္ PDF တပ္ဖြဲ႕မ်ားႏွင့္ မဟာမိတ္အျဖစ္ ပူးေပါင္းထားသည္။