နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားဝင်ငွေက သွင်းကုန် ထုတ်ကုန် ပို့ကုန် Export Importနဲ့ တခြား နိုင်ငံတကာရင်နှီးမြုပ်နှံမှုတွေက ဝင်ငွေတွေ၊
သယံဇာတရောင်းချရငွေတွေအပြင် စီးပွားရေးကျချိန်တို့ ကပ်ဆိုက်ချိန်တို့မှာ ကျုပ်တို့မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်တွေ
နဲ့ တခြား ဂျပန်လိုနိုင်ငံတွေက ချေးပေး လှူပေးထားတာတွေကို မြန်မာကျပ်ငွေကြေးအာမခံအဖြစ် ဒေါ်လာငွေကို ဗဟိုဘဏ်က အမြဲတမ်း ဘဏ္ဍာအဖြစ် ထိန်း သိမ်းထားရတာပါ။
၂၂.၉.၂၀၂၁ ရက်နေ့တွင် ဗဟိုဘဏ် စက်တင်ဘာလအတွက် ၄ကြိမ်မြောက် ထုတ်ရောင်းရာ စုစုပေါင်း ၄၈ သန်းရှိ လေလံပျှမ်းမျှဈေး ၁၇၅၅ ဖြင့် ယနေ့ ၁၀ သန်းရောင်းချလိုက်ကြောင်း သိရပါတယ်။
နိုင်ငံရဲ့ ဝင်ငွေ ထွက်ငွေနဲ့ အသုံးစရိတ်ကို တွက်ချက်ပြီး Gross domestic product (GDP)ဆိုတဲ့ စီးပွားရေးအခြေ အနေပြသည့် ကိန်းဂဏန်းတစ်ခုထွက်လာတယ်၊
ကမ္ဘာမှာ လက်ရှိအမေရိကန်က GDPအမြင့်ဆုံး အကောင်းဆုံးနဲ့ တရုတ်က ဒုတိယလိုက်ပြီး ဂျပန်နဲ့ ဂျာမနီ အစရှိတဲ့ နိုင်ငံကြီးတွေက နောက်ကလိုက်နေတာ၊ မြန်မာပြည်ကတော့ အောက်နားက စာရင်းထဲမှာပေါ့။
GDP အတက်အကျပေါ် မူတည်ပြီးလည်း နိုင်ငံရဲ့ဘဏ္ဍာအနေအထားကို ဆုံးရှုံးမှုကို သိရှိနိုင်တယ်။
နိုင်ငံ့စီးပွားရေး အတက်အကျ ငွေကြေးဖောင်းပွမှုတွေမှာ အစည်းအဝေးတွေလုပ်ပြီး ဘဏ္ဍာထိန်းထားသည့်အထဲက အရှုံးခံထုတ်ရောင်းတာတို့ ပြန်ဝယ်ပေးတာတို့ လုပ်ရတာပါ၊ သူများနိုင်ငံတွေမှာ လုပ်ကြတာပေါ့ဗျာ၊
ကျုပ်တို့ဆီမှာတော့ နိုင်ငံ့ရဲ့ စီးပွားရေး နောက်ဆုံးထွက်သက်ဖြစ်သည့် ကျပ်ငွေအာမခံအပေါင်ဒေါ်လာတွေကို မိဘအမွေလို့ အားတိုင်း အောက်ဈေးနဲ့ ဟိုဖက်ရပ်ကွက်က လူတွေကို ထုတ်ရောင်းပေးနေတာ အားလုံးအသိပဲလေ။
တစ်ဒေါ်လာ ကျပ်2000ကျော်နေချိန် တကယ်လိုအပ်နေသည့် ပြည်သူ့လုပ်ငန်းခွင်တွေကို မဟုတ်ပဲ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတော့မည့် အာဏာရှင်တွေရဲ့ မိသားစုတွေကို အောက်ဈေး1700ကျော်နဲ့ ထုတ်ရောင်းပေးနေတာ၊
ဘဏ္ဍာဒေါ်လာတွေကို ဝယ်တဲ့နေရာမှာလည်း ပြန်ပေးသွားတာက အာမခံမရှိပဲ ရိုက်ထုတ်ထားတဲ့ မြန်မာကျပ်ပိုက်ဆံနဲ့ဆိုတော့ ဘဏ္ဍာရေးက မိအေးနှစ်ခါ သုံးခါနာတာလောက်သွားကျပါတယ်၊
ဒီဘဏ္ဍာတိုက်ထဲက ထွက်သွားတဲ့ ပြည်သူပိုင်သည့် ဒေါ်လာငွေတွေ တိုင်းပြည်ထဲက ပြည်သူ့လက်ထဲမှာ လည်ပတ်မနေပဲနဲ့ နိုင်ငံရပ်ခြားမှာ
သူတို့မိသားစုတွေ ရင်းနှီးမြုပ်နှံဖို့အတွက် အလုံးလိုက် အရင်းလိုက် ထွက်သွားတော့ ဈေးကွက်ထဲမှာ ဒေါ်လာအရောင်းအဝယ်မရှိတော့ပဲ ကျပ်ငွေဈေးကျ ဖောင်းပွမှုက နေ့စဉ်နဲ့အမျှ ဆိုးဝါးလာမှာပါ။
ဒါကြောင့် ဗဟိုဘဏ်က ရှိသမျှ နိုင်ငံပိုင် အာမခံဒေါ်လာတွေ ဘယ်လောက်ထုတ်ရောင်းရောင်း ဘာမှထူးလာမှာ မဟုတ်ပါဘူး၊
နိုင်ငံတကာကနေ အကြွေးအနေနဲ့ ချေးပြီး ယူထားတဲ့ ဒေါ်လာတွေကုန်သွားရင်တော့ အကြွေးပင်လယ်ထဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေ
လက်ပစ်ကူးပြီး ရုန်းကုန်ရင်း ကျန်ခဲ့ရမှာပါ၊သူတို့မိသားစုတွေကတော့ နိုင်ငံခြားမှာ ပြည်သူပိုင်ဒေါ်လာတွေနဲ့ ရင်နှီးမြုပ်နှံရင်း
သားစဉ်မြေးဆက် သာယာဖို့ ကြံစည် လုပ်ဆောင်နေတာပါ၊ အခုရက်ပိုင်း မြို့တွေက အာဏာရှင်ပိုင် ကျွန်းအပြည့်နဲ့ သိန်းသောင်းချီတန်
အိမ်ကြီးအိမ်ကောင်းတွေ ဇွတ်ရောင်းနေတာ ကြည့်ရင်၊ ဒေါ်လာဈေးကွက်ထဲမှာ ရောင်းဖို့မရှိလောက်အောင် ဈေးပျက် ပစ္စည်းပြတ်ဖြစ်သွား
တာကို ကြည့်ခြင်းအားဖြင့်ဟိုဖက်ရပ်ကွက်က သွေးပျက်ပြီး သ င်္ဘောပျက်ကြီးလို့ တစစနဲ့ ဖြေးဖြေးချင်းနစ်မြုပ်နေသည့် မြန်မာနိုင်ငံကြီးကို
ဖျက်စီးစွန့်ပစ်ပြီး ပြေးနေကြပြီဆိုတာ စုံစမ်းကြည့်စရာမလို့ အသိသာကြီးပါ၊
သူတို့ရဲ့ အောက်ခြေက လူတွေပဲ မသိကျေးကျွန်ပြုခံနေရရင်း သူတို့ဖျက်စီးလိုက်တဲ့ မြုပ်တော့မည့်သင်္ဘာပျက်ကြီးရဲ့ အထွက်လမ်းကြောင်း အသက်ကယ်လှေတွေကို အာဏာရှင်တစ်စုအတွက် အသက်ပေးရင်း ကာကွယ်နေကြတာပါ၊
ဒီလိုဖြစ်နေအောင်လည်း အမိန့်နာခံခြင်းဆိုသည့် အခွင့်အာဏာအောက်မှာ အမှန်တရားကို ဆုံးဆုံးမြုပ်အောင် နှစ်ပေါင်းများစွာ လေ့ကျင်မှိုင်း တိုက်ထားတာပါ။ အချိန်မီ နိုးထဖို့ အမှန်တကယ်လိုအပ်ပါပြီ။
မြန်မာပြည်ရဲ့ စီးပွားရေး GDPဘယ်လောက်ကျသွားလည်း ဒီကာလမှာ ဘယ်လောက်အနုတ်ပြသွားလည်းဆိုတာ အိမ်နီးချင်းနိုင်ငံတွေနဲ့
နှိုင်းယှဉ်ပြထားတာပါပြေးမည့်သူတွေ နိုင်ငံကို အကြွေးတွေ ဒုက္ခတွေနဲ့ အခွံကြီးပဲ ချန်မထားခဲ့သေးခင်ပေါ့ဗျာ၊
အစောကယ်တင်နိုင်လေ အမြန်ပြန်ထူထောင်နိုင်လေပဲ၊ ကျွန်တော်တို့ ခင်ဗျားတို့ သားသမီးတွေ လက်ထက် ကျွန်တော်တို့လိုမျိုး နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင်ပါ။
သေချာတာကတော့ဘအမှန်တရားအတွက် တိုက်နေသည့် ဓမ္မဝါဒီသမားတွေက တစ်ချိန်တစ်ရက်ကာလတစ်ခုမှာ သေချာပေါက်အောင်မြင်ပြီး တိုင်းပြည်ကို ပြန်ကယ်တင်နိုင်ချိန်
ဒီဘဏ္ဍာရေးအလွဲသုံးစားကိစ္စတွေကို Back Dateနဲ့ ပြန်လိုက်ပြီး ကမ္ဘာနဲ့ချီပြီး အကုန်ပြန်ရှင်းမှာပါ၊ မတရားမှု ဆိတ်ကွယ်ရာ မရှိစေရပါဘူး၊ လုပ်ရဲရင် ခံရဲဖို့၊ ပြည်သူ့ပစ္စည်းခိုးရဲရင် ရှင်းရဲဖို့ ဘယ်နိုင်ငံရောက်နေနေ အဖမ်းခံရဲဖို့သာ ပြင်ဆင်ထားပါ။
မြန်မာပြည်ရဲ့ စီးပွားရေး GDPဘယ်လောက်ကျသွားလည်း ဒီကာလမှာ ဘယ်လောက်အနုတ်ပြသွားလည်းဆိုတာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ။
Hadee Maung
Zawgyi
နိုင္ငံတစ္ခုရဲ့ နိုင္ငံျခားဝင္ေငြက သြင္းကုန္ ထုတ္ကုန္ ပို႔ကုန္ Export Importနဲ႔ တျခား နိုင္ငံတကာရင္ႏွီးျမဳပ္ႏွံမႈေတြက ဝင္ေငြေတြ၊ သယံဇာတေရာင္းခ်ရေငြေတြအျပင္ စီးပြားေရးက်ခ်ိန္တို႔ ကပ္ဆိုက္ခ်ိန္တို႔မွာ က်ဳပ္တို႔ျမန္မာျပည္လို ဖြံ့ၿဖိဳးဆဲနိုင္ငံေတြကို ကမၻာ့ဘဏ္ေတြနဲ႔ တျခား ဂ်ပန္လိုနိုင္ငံေတြက ေခ်းေပး လႉေပးထားတာေတြကို ျမန္မာက်ပ္ေငြေၾကးအာမခံအျဖစ္ ေဒၚလာေငြကို ဗဟိုဘဏ္က အျမဲတမ္း ဘ႑ာအျဖစ္ ထိန္း သိမ္းထားရတာပါ။
၂၂.၉.၂၀၂၁ ရက္ေန႔တြင္ ဗဟိုဘဏ္ စက္တင္ဘာလအတြက္ ၄ႀကိမ္ေျမာက္ ထုတ္ေရာင္းရာ စုစုေပါင္း ၄၈ သန္းရွိ ေလလံပၽွမ္းမၽွေဈး ၁၇၅၅ ျဖင့္ ယေန႔ ၁၀ သန္းေရာင္းခ်လိုက္ေၾကာင္း သိရပါတယ္။နိုင္ငံရဲ့ ဝင္ေငြ ထြက္ေငြနဲ႔ အသုံးစရိတ္ကို တြက္ခ်က္ၿပီး Gross domestic product (GDP)ဆိုတဲ့ စီးပြားေရးအေၿခ အေနျပသည့္ ကိန္းဂဏန္းတစ္ခုထြက္လာတယ္၊ ကမၻာမွာ လက္ရွိအေမရိကန္က GDPအျမင့္ဆုံး အေကာင္းဆုံးနဲ႔ တ႐ုတ္က ဒုတိယလိုက္ၿပီး ဂ်ပန္နဲ႔ ဂ်ာမနီ အစရွိတဲ့ နိုင္ငံႀကီးေတြက ေနာက္ကလိုက္ေနတာ၊ ျမန္မာျပည္ကေတာ့ ေအာက္နားက စာရင္းထဲမွာေပါ့။GDP အတက္အက်ေပၚ မူတည္ၿပီးလည္း နိုင္ငံရဲ့ဘ႑ာအေနအထားကို ဆုံးရႈံးမႈကို သိရွိနိုင္တယ္။
နိုင္ငံ့စီးပြားေရး အတက္အက် ေငြေၾကးေဖာင္းပြမႈေတြမွာ အစည္းအေဝးေတြလုပ္ၿပီး ဘ႑ာထိန္းထားသည့္အထဲက အရႈံးခံထုတ္ေရာင္းတာတို႔ ျပန္ဝယ္ေပးတာတို႔ လုပ္ရတာပါ၊ သူမ်ားနိုင္ငံေတြမွာ လုပ္ၾကတာေပါ့ဗ်ာ၊ က်ဳပ္တို႔ဆီမွာေတာ့ နိုင္ငံ့ရဲ့ စီးပြားေရး ေနာက္ဆုံးထြက္သက္ျဖစ္သည့္ က်ပ္ေငြအာမခံအေပါင္ေဒၚလာေတြကို မိဘအေမြလို႔ အားတိုင္း ေအာက္ေဈးနဲ႔ ဟိုဖက္ရပ္ကြက္က လူေတြကို ထုတ္ေရာင္းေပးေနတာ အားလုံးအသိပဲေလ။
တစ္ေဒၚလာ က်ပ္2000ေက်ာ္ေနခ်ိန္ တကယ္လိုအပ္ေနသည့္ ျပည္သူ႔လုပ္ငန္းခြင္ေတြကို မဟုတ္ပဲ နိုင္ငံရပ္ျခားသို႔ ထြက္ေျပးေတာ့မည့္ အာဏာရွင္ေတြရဲ့ မိသားစုေတြကို ေအာက္ေဈး1700ေက်ာ္နဲ႔ ထုတ္ေရာင္းေပးေနတာ၊ ဘ႑ာေဒၚလာေတြကို ဝယ္တဲ့ေနရာမွာလည္း ျပန္ေပးသြားတာက အာမခံမရွိပဲ ရိုက္ထုတ္ထားတဲ့ ျမန္မာက်ပ္ပိုက္ဆံနဲ႔ဆိုေတာ့ ဘ႑ာေရးက မိေအးႏွစ္ခါ သုံးခါနာတာေလာက္သြားက်ပါတယ္၊
ဒီဘ႑ာတိုက္ထဲက ထြက္သြားတဲ့ ျပည္သူပိုင္သည့္ ေဒၚလာေငြေတြ တိုင္းျပည္ထဲက ျပည္သူ႔လက္ထဲမွာ လည္ပတ္မေနပဲနဲ႔ နိုင္ငံရပ္ျခားမွာ သူတို႔မိသားစုေတြ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ အလုံးလိုက္ အရင္းလိုက္ ထြက္သြားေတာ့ ေဈးကြက္ထဲမွာ ေဒၚလာအေရာင္းအဝယ္မရွိေတာ့ပဲ က်ပ္ေငြေဈးက် ေဖာင္းပြမႈက ေန႔စဥ္နဲ႔အမၽွ ဆိုးဝါးလာမွာပါ။ဒါေၾကာင့္ ဗဟိုဘဏ္က ရွိသမၽွ နိုင္ငံပိုင္ အာမခံေဒၚလာေတြ ဘယ္ေလာက္ထုတ္ေရာင္းေရာင္း ဘာမွထူးလာမွာ မဟုတ္ပါဘူး၊ နိုင္ငံတကာကေန အေႂကြးအေနနဲ႔ ေခ်းၿပီး ယူထားတဲ့ ေဒၚလာေတြကုန္သြားရင္ေတာ့ အေႂကြးပင္လယ္ထဲ ျမန္မာနိုင္ငံသူနိုင္ငံသားေတြ လက္ပစ္ကူးၿပီး ႐ုန္းကုန္ရင္း က်န္ခဲ့ရမွာပါ၊
သူတို႔မိသားစုေတြကေတာ့ နိုင္ငံျခားမွာ ျပည္သူပိုင္ေဒၚလာေတြနဲ႔ ရင္ႏွီးျမဳပ္ႏွံရင္း သားစဥ္ေျမးဆက္ သာယာဖို႔ ႀကံစည္ လုပ္ေဆာင္ေနတာပါ၊ အခုရက္ပိုင္း ၿမိဳ႕ေတြက အာဏာရွင္ပိုင္ ကၽြန္းအျပည့္နဲ႔ သိန္းေသာင္းခ်ီတန္ အိမ္ႀကီးအိမ္ေကာင္းေတြ ဇြတ္ေရာင္းေနတာ ၾကည့္ရင္၊ ေဒၚလာေဈးကြက္ထဲမွာ ေရာင္းဖို႔မရွိေလာက္ေအာင္ ေဈးပ်က္ ပစၥည္းျပတ္ျဖစ္သြားတာကို ၾကည့္ျခင္းအားျဖင့္ ဟိုဖက္ရပ္ကြက္က ေသြးပ်က္ၿပီး သ ေဘၤာပ်က္ႀကီးလို႔ တစစနဲ႔ ေျဖးေျဖးခ်င္းနစ္ျမဳပ္ေနသည့္ ျမန္မာနိုင္ငံႀကီးကို ဖ်က္စီးစြန႔္ပစ္ၿပီး ေျပးေနၾကၿပီဆိုတာ စုံစမ္းၾကည့္စရာမလို႔ အသိသာႀကီးပါ၊
သူတို႔ရဲ့ ေအာက္ေျခက လူေတြပဲ မသိေက်းကၽြန္ျပဳခံေနရရင္း သူတို႔ဖ်က္စီးလိုက္တဲ့ ျမဳပ္ေတာ့မည့္သဘၤာပ်က္ႀကီးရဲ့ အထြက္လမ္းေၾကာင္း အသက္ကယ္ေလွေတြကို အာဏာရွင္တစ္စုအတြက္ အသက္ေပးရင္း ကာကြယ္ေနၾကတာပါ၊ဒီလိုျဖစ္ေနေအာင္လည္း အမိန႔္နာခံျခင္းဆိုသည့္ အခြင့္အာဏာေအာက္မွာ အမွန္တရားကို ဆုံးဆုံးျမဳပ္ေအာင္ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င္မွိုင္း တိုက္ထားတာပါ။ အခ်ိန္မီ နိုးထဖို႔ အမွန္တကယ္လိုအပ္ပါၿပီ။
ျမန္မာျပည္ရဲ့ စီးပြားေရး GDPဘယ္ေလာက္က်သြားလည္း ဒီကာလမွာ ဘယ္ေလာက္အႏုတ္ျပသြားလည္းဆိုတာ အိမ္နီးခ်င္းနိုင္ငံေတြနဲ႔ ႏွိုင္းယွဥ္ျပထားတာပါေျပးမည့္သူေတြ နိုင္ငံကို အေႂကြးေတြ ဒုကၡေတြနဲ႔ အခြံႀကီးပဲ ခ်န္မထားခဲ့ေသးခင္ေပါ့ဗ်ာ၊ အေစာကယ္တင္နိုင္ေလ အျမန္ျပန္ထူေထာင္နိုင္ေလပဲ၊ ကၽြန္ေတာ္တို႔ ခင္ဗ်ားတို႔ သားသမီးေတြ လက္ထက္ ကၽြန္ေတာ္တို႔လိုမ်ိဳး နိုင္ငံတကာမွာ မ်က္ႏွာမငယ္ရေအာင္ပါ။
ေသခ်ာတာကေတာ့ဘအမွန္တရားအတြက္ တိုက္ေနသည့္ ဓမၼဝါဒီသမားေတြက တစ္ခ်ိန္တစ္ရက္ကာလတစ္ခုမွာ ေသခ်ာေပါက္ေအာင္ျမင္ၿပီး တိုင္းျပည္ကို ျပန္ကယ္တင္နိုင္ခ်ိန္ ဒီဘ႑ာေရးအလြဲသုံးစားကိစၥေတြကို Back Dateနဲ႔ ျပန္လိုက္ၿပီး ကမၻာနဲ႔ခ်ီၿပီး အကုန္ျပန္ရွင္းမွာပါ၊ မတရားမႈ ဆိတ္ကြယ္ရာ မရွိေစရပါဘူး၊ လုပ္ရဲရင္ ခံရဲဖို႔၊ ျပည္သူ႔ပစၥည္းခိုးရဲရင္ ရွင္းရဲဖို႔ ဘယ္နိုင္ငံေရာက္ေနေန အဖမ္းခံရဲဖို႔သာ ျပင္ဆင္ထားပါ။
ျမန္မာျပည္ရဲ့ စီးပြားေရး GDPဘယ္ေလာက္က်သြားလည္း ဒီကာလမွာ ဘယ္ေလာက္အႏုတ္ျပသြားလည္းဆိုတာ အိမ္နီးခ်င္းနိုင္ငံေတြနဲ႔ ႏွိုင္းယွဥ္ျပထားတာပါ။
Hadee Maung