ၾကားသိသမွ်
iPhone 13 ဝယ်ဖို့ အလုပ်လုပ်ရသော ကြာချိန်တွေကို ဖော်ပြထားသော နိုင်ငံများ
iPhone 13 ဝယ်ဖို့ အလုပ်လုပ်ရသော ကြာချိန်တွေကို ဖော်ပြထားသော နိုင်ငံများ
အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 13 ဝယ်ဖို့အတွက် နိုင်ငံအလိုက် အလုပ်လုပ်ရကြာချိန် အချို့များကို ဖော်ပြပေးလိုက်ပါတယ်။
အဆိုပါ အလုပ်လုပ်ရတဲ့ကြာချိန်တွေအတွက် စစ်တမ်းကောက်ယူမှုှုကိုတော့ Money SuperMarket က စစ်တမ်းကောက်ထားတာဖြစ်ပါ
တယ်။ စစ်တမ်းကနေ အလုပ်လုပ်ချိန် ၈ နာရီနဲ့ နိုင်ငံတစ်ခုစီရဲ့ Minimum Wages တွေနဲ့ တွက်ထားတဲ့စာရင်းပဲ ဖြစ်ပါတယ်။
Brazil က iPhone 13 ကို $1400 ဖြစ်ခဲ့ပေမဲ့ ဝယ်ဖို့အတွက် အလုပ်လုပ်ရချိန်က ၈၆ ရက်ခန့်ပဲရှိတယ်လို့ဆိုပါတယ်။
Philippines ကလဲ iPhone 13 ကို $1100 ဆိုပေမဲ့ နိုင်ငံသားတစ်ယောက်ဝယ်နိုင်ဖို့ အလုပ်လုပ်ရချိန်က ရက် ၁၀၀ ခန့်ပါ။
iPhone 13 ဈေးအသက်သာဆုံးနိုင်ငံမှာ ပါဝင်တဲ့ Hong Kong ကတော့ Result ကောင်းပါပဲ $870 ကျော်တန်တဲ့ iPhone ဝယ်ဖို့ ၇ ရက်
ခန့်ပဲ အလုပ်လုပ်စရာလိုမယ်လို့ဆိုပါတယ်။
iPhone 13 ကို $900 ခန့် ကျသင့်တဲ့ Singapore ကလဲ နိုင်ငံသားတစ်ယောက် ဝယ်နိုင်ဖို့ အလုပ်လုပ်ရတဲ့ အချိန်က ၆ ရက်ခန့်ပါပဲ။
Switzerland ကတော့ Working Hour အနည်းဆုံးနိုင်ငံပါ iPhone 13 ဈေးနှုန်းက $1000 ခန့် ရှိပြီးတော့ ၄ ရက်ခန့်နဲ့ ထို iPhone ကို
ဝယ်နိုင်ကြပါတယ်။
ဆိုတော့ အနှစ်ချုပ်ပြောရရင် iPhone 13 ဝယ်ဖို့ အကြာဆုံးနိုင်ငံတွေက Philippines, india, Brazil, Turkey, Russia တို့ဖြစ်ပြီးတော့
တစ်ပတ်ခန့်ပဲ ကြာတဲ့ နိုင်ငံတွေကတော့ Switzerland, Luxembourg , US, Singapore , Norway တို့ပဲဖြစ်ပါတယ်။
ဒါကတော့ ၈ နာရီစာ လုပ်အားခနဲ့ စစ်တမ်းကောက်ထားတာဖြစ်ပါတယ်။ တကယ် တခြားစရိတ်စကတွေပါ တွက်ရင်တော့ ရက်
အနည်းငယ် ကွာကောင်း ကွာနိုင်ပါလိမ့်မယ် ။
မြန်မာနိုင်ငံမှာဆိုရင်ကော iPhone တစ်လုံးဝယ်ဖို့ ဘယ်လောက်ထိ ကြာမယ်ထင်ပါသလဲ။
Zawgyi