ဒီစာဖတ်ပြီးမှ ဒလန်လုပ်ပါ
(အံမယ်ခေါင်းစဥ်က မသိရင် ဟိုတုန်းက ဗမာ့တိုင်းရင်းဆေးကြော်ငြာလိုလို ဘာလိုလိုနဲ့ 😁)
ဒီကာလမှာ ကျနော်တို့ ရယ်စရာအနေနဲ့ အမြဲတမ်းပြောလေ့ရှိတယ် ဇာတ်လမ်းတစ်ခုရှိတယ်။
တော်လှန်ရေးပြီးသွားလို့ ၁၀ နှစ်အကြာ ခင်ဗျားဟာ နယ်မြို့လေးတစ်မြို့မှာ မိသားစုနဲ့ အတူညစာစားနေချိန် ဒါမှမဟုတ် အေးအေးချမ်း
ချမ်း TV ကြည့်နေကြတယ်ဆိုကြပါစို့။ အဲ့ဒီအချိန်မှာ ခင်ဗျားရဲ့အိမ်တံခါးကို တစ်ယောက်ယောက်ကလာခေါက်တယ်။
ခင်ဗျား တံခါးထဖွင့်တဲ့အချိန်မှာ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့လူတစ်ယောက်ကိုတွေ့တယ်။ သူကခင်ဗျားကို ကို— လားလို့ မေးမယ်
ခင်ဗျားက ဟုတ်ပါတယ်လို့ဖြေ လိုက်တဲ့အခါ အသင့်ပါလာတဲ့ အသံတိတ်ပြောင်းတပ် သေနတ်နဲ့ ခင်ဗျား နဖူးကိုပစ်ပြီး ပြန်ထွက်သွားလိမ့်
မယ်။ဒါမှမဟုတ် ပါဆယ်ပုံးတစ်ပုံးကို ခင်ဗျားအိမ်ရှေ့မှာချသွားလိမ့်မယ်။ ပါဆယ်ပုံးထဲမှာ ဘာပါသလဲကတော့ ခင်ဗျားလည်းသိမှာပါ။
ဒါကရယ်စရာပုံပြင်ဆိုပေမယ့် နောက်ပိုင်းတစ်ကယ်ဖြစ်လာနိုင်တဲ့ကိစ္စတစ်ခုဆိုတာ ကျနော်တို့ တွေးထားရပါတယ်။ ဒီတော်လှန်ရေးမှာ
ရည်ရွယ်သည်ဖြစ် မရည်ရွယ်ပဲဖြစ် ခင်ဗျား ဘယ်သူ့ကို ဒုက္ခပေးမိခဲ့လဲ။ အဲ့ဒီလူက ဘယ်လိုလူမျိုးလဲပေါ်မူတည်ပြီး တံခါးလာခေါက်ခံရမယ့်
သူဟာ ခင်ဗျားလည်း ဖြစ်နိုင်သလို ကျနော်လည်းဖြစ်သွားနိုင်တာမျိုးပါ။
အဲ့ဒီအထဲမှာတော့ လူတော်တော်များများကို ဘဝတွေပျက်အောင် အသက်တွေဆုံးရှုံးအောင် လုပ်ထားမိတဲ့ ဒလန်တွေအနေနဲ့ကတော့
တွေးကြည့်စရာမလိုလောက်အောင်ပါပဲ။ခုနောက်ပိုင်း သတင်းတွေမှာ ဒလန်တွေသတ်ခံရတဲ့ သတင်းတွေ နေ့စဥ်ရက်ဆက်ဆိုသလိုပါနေ
တာတွေ့ကြမှာပါ။ သတိထားမိသလောက်ဆို နေ့တိုင်းလိုလိုပါပဲ။တစ်ကယ်တော့ ဒလန်တွေကို ၂ဖက်စလုံး ဘယ်သူက မှသဘောမကျကြပါ
ဘူး။ ဒါဟာ ဒလန်တွေဘာလို့ အလွယ်တကူ အသတ်ခံနေရလဲဆိုတဲ့ အကြောင်းရင်းလည်းဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်း ဒလန်ဆိုတာ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်ထဲကလိုဆို အလိုတော်ရိပါပဲ။ အလိုတော်ရိတွေဟာ ကိုယ်တိုင်သတ္တိမရှိ
အရည်အချင်းမရှိကြလို့ သူများအားကိုးနဲ့ လူပေါ်လူဇော်လုပ်ချင်ကြတာ အကျိုးအမြတ်ရှာချင်ကြတာပါ။ ဒါကို ဟိုဘက်ကလည်း သိပါ
တယ်။ တစ်ကယ်တမ်း အကျိုးအမြတ်သာရမယ်ဆို ဟိုဘက်သတင်းလည်း ဒီဘက်ကို ရောင်းစားဖို့ဝန်မလေးကြပါဘူး။ ဟိုဘက်ကလူတွေ
ကို မလိုအပ်ဘဲ ပိုပြီးလူမိုက်ပုံစံဖြစ်စေအောင် အမျိုးမျိုးသွေးထိုးပေးနေကြတာလည်း သူတို့ပါပဲ။
အဲ့ဒီလို သူတို့ရဲ့ ရွံစရာစိတ်ဓါတ်တွေကြောင့်လည်း သူတို့ အငှားအားကိုးနေတဲ့ လက်နက်ကိုင်တွေထဲက ရဲအချို့ရော ပြည်သူတွေကပါ သူ
တို့ကိုကြည့်မရကြလို့ သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ကစလို့ ဘယ်လိုနေထိုင်သွားလာလေ့ ရှိတယ်ဆိုတာတွေကို သတင်းတွေပေးနေခဲ့
ကြတာလည်းဖြစ်တယ်။ ဒါကြောင့်လည်း ဒလန်တွေကို အလွယ်တစ်ကူရှင်းနေနိုင်ကြတာလည်းဖြစ်ပါတယ်။
ကျနော်တို့ တော်လှန်ရေးဟာ ရွေးချယ်စရာမရှိလို့ ကံမကောင်းအကြောင်းမလှစွာပဲ လက်နက်ကိုင်တော်လှန်ရေးကို ကူးပြောင်းလိုက်ကြရ
တယ်။ ဒါကြောင့် တော်လှန်ရေး အောင်မြင်ခဲ့သည့်တိုင် လက်နက်ကိုင်တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုး အချို့ကိုလည်း ခံစားကြရဦးမှာ
ပါပဲ။ အရှုံးအနိုင်တွေ ကွဲပြားသွားသည့်တိုင် အချိန်တစ်ခုအထိ သွေးထွက်သံယိုကိစ္စတွေက ရှိနေနိုင်တာမျိုးပါ။
ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ တတ်နိုင်သမျှ ရန်သူမမွေးကြပါနဲ့ အပြောအဆို အလုပ်အကိုင်သတိထားကြပါ။ အထူးသဖြင့် ဒလန် မလုပ်
ကြပါနဲ့လို့ ပြောပါရစေ။ လုပ်မိခဲ့ရင်လည်း ရပ်တန်းကရပ်ကြပါ။ ကိုယ့်အပြစ်တွေကို သက်ဆိုင်တဲ့သူဆီမှာ ဝန်ချတောင်းပန်လိုက်ကြပါ။ ကျ
နော်တို့လူမျိုးက ခွင့်လွှတ်တဲ့နေရာ မေ့ပစ်တဲ့နေရာမှာ အလွယ်ဆုံးလို့တောင် ပြောလို့ရတဲ့လူမျိုးပါ။ မဟုတ်ရင်တော့ တော်လှန်ရေးပြီးသွား
သည့်တိုင် အိမ်တံခါးလာခေါက်တိုင်း ကြောက်လန့်နေရမယ့်နေ့ရက်တွေကို ခင်ဗျားရင်ဆိုင်သွားရမှာပါ။
လင်းနစ်