ၾကားသိသမွ်

စစ်ကောင်စီတပ်နှင့် KNLA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၉ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ်နှင့် KNLA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၉ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး

တပ်မတော် KNLA တို့ စက်တင်ဘာလ ၂၃ ရက်တွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးပြီး KNLA ဘက်မှ

ထိခိုက်ကျဆုံးမှုမရှိကြောင့် KNU သတင်းရင်းမြစ် သူးလေ တွင်ဖော်ပြသည်။

ဘူးသိုမြို့နယ် ဘူးအားဒဲ ကျေးရွာအုပ်စု မြနော်လူကျေးရွာတွင် ၁ ကြိမ်၊ နံနက် ၈ နာရီတွင် ဒွယ်လိုးမြို့ ကတိုင်တီကျေးရွာအုပ်စု ထွီသီးအူ

တွင် တစ်ကြိမ်၊ နံနက် ၈ နာရီ ၄၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ် အချိန်ထိ ဘူးသိုမြို့နယ် ခေါပုတ်ကျေးရွာအတွင်းတွင် ၁ ကြိမ်၊ ၁၀ နာရီခွဲတွင်

လူသောမြို့နယ် ဖလာခိုကျေးရွာအုပ်စုတွင် ၁ ကြိမ်၊ ညနေပိုင်းတွင် ဘူးသိုမြို့နယ် ပါဟဲ့ကျေးရွာအုပ်စုတွင် ၁ ကြိမ် အပါအဝင်

စက်တင်ဘာလ ၂၃ ရက် တစ်ရက်တည်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကရင်နယ်ခြားစောင့်တပ် ဗိုလ်မောင်ချစ် ဦးဆောင်သော တပ်ရင်း ၁၀၁၄ တပ်ဖွဲ့မှ ဖော်ထီးခူတပ်စခန်း

အတွင်းသို့ အင်အား ၁၀ ဦးခန့် ဖြင့်လည်းကောင်း စက်တင်ဘာလ ၂၄ ရက်တွင် BGF တပ်များမှ ကမကောင်းမှ ကတိုင်တိသို့ ကား ၄ စီးခန့်

ဖြင့်လည်းကောင်း အင်အားဖြည့်တင်းထားပြီး ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင်လည်း KNU တပ်မဟာ ၅ ဌာနချုပ် မူတြော် အနီးတဝိုက်

တွင် လေယာဉ်ဖြင့် လာရောက်ထောက်လှမ်းခဲ့ကြောင်း ဖော်ပြထားသည်။

Zawgyi


ရန်ကုန်၊ စက်တင်ဘာ ၂၅









ပ်စခန်းအတွင်းသို့ အင်အား ၁၀ ဦးခန့် ဖြင့်လည်းကောင်း စက်တင်ဘာလ ၂၄ ရက်တွင် BGF တပ်များမှ ကမကောင်းမှ ကတိုင်တိသို့ ကား ၎

