လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်အား မိမိအနေဖြင့် မလိုလားသော်လည်း ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက်
ဆောင်ရွက်နေရခြင်းများရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။
“လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်အား မိမိအနေဖြင့် မလိုလားသော်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်
ဆောင်ရွက်နေရခြင်းဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မိမိတို့အနေဖြင့်
ဦးဆောင် ကြိုးပမ်းဆောင်ရွက်ပေးရမည်”ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။
နေပြည်တော်တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ အစည်းအဝေး
(၁၅/၂၀၂၁)တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်ပြီးနောက် စစ်တပ်အားဆန့်ကျင်သူများကို အာဏာသိမ်းစစ်တပ်၏ စစ်သားများ နှင့် ရဲတို့က ပစ်ခတ်
ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် စက်တင်ဘာလ(၂၄)ရက်နေ့အထိ ရက်ပေါင်း(၂၃၆)ရက်နေ့အထိ သေဆုံးသူ (၁,၁၂၃)ဦးအထိ ရှိနေ
ကြောင်း AAPP ၏ စစ်တမ်းအရ သိရပြီး စာရင်းမဲ့ သေဆုံးမှုများမှာ ပို၍ များနိုင်သည်ဟု AAPP က အသိပေးထားသည်။
နိုင်ငံအတွင်း တိုင်းရင်းသားဒေသများနှင့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ရှာဖွေမှုများလုပ်ဆောင်ရာ PDF
များကို မတွေ့၍ ကျေးရွာများကို မီးရှိုဖျက်ဆီးမှုများအပြင် အပြစ်မဲ့ ပြည်သူများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးမှုများအထိ လုပ်ဆောင်မှု
များရှိနေကြောင်း သိရသည်။
Zawgyi
လက္နက္ကိုင္ ေျဖရွင္းသည့္ လမ္းစဥ္အား မိမိအေနျဖင့္ မလိုလားေသာ္လည္း ျပည္သူမ်ား၏ အသက္အိုးအိမ္ စည္းစိမ္လုံျခဳံေရးအတြ
က္ ေဆာင္ရြက္ေနရျခင္းမ်ားရွိေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာသည္။
“လက္နက္ကိုင္ ေျဖရွင္းသည့္ လမ္းစဥ္အား မိမိအေနျဖင့္ မလိုလားေသာ္လည္း ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္လုံျခဳံေရးအတြ
က္ ေဆာင္ရြက္ေနရျခင္းျဖစ္ၿပီး ျပည္တြင္း ၿငိမ္းခ်မ္းေရးရမွသာ ျပည္သူမ်ားလိုလားသည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာ
င္းကို မိမိတို႔အေနျဖင့္ ဦးေဆာင္ ႀကိဳးပမ္းေဆာင္ရြက္ေပးရမည္”ဟု အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မ
င္းေအာင္လွိုင္က ေျပာၾကားျခင္း ျဖစ္သည္။
ေနျပည္ေတာ္တြင္ ၂၀၂၁ခုႏွစ္ စက္တင္ဘာလ(၂၄)ရက္ေန႔ မြန္းလြဲပိုင္းက က်င္းပျပဳလုပ္သည့္ အာဏာသိမ္းစစ္ေကာင္စီ၏ အစည္း
အေဝး (၁၅/၂၀၂၁)တြင္ ယင္းသို႔ ေျပာၾကားျခင္း ျဖစ္သည္။
နိုင္ငံ့အာဏာကို စစ္တပ္က သိမ္းလိုက္ၿပီးေနာက္ စစ္တပ္အားဆန႔္က်င္သူမ်ားကို အာဏာသိမ္းစစ္တပ္၏ စစ္သားမ်ား ႏွင့္ ရဲတို႔က ပစ္ခတ္ ဖမ္းဆီး
သတ္ျဖတ္မႈမ်ားေၾကာင့္ စက္တင္ဘာလ(၂၄)ရက္ေန႔အထိ ရက္ေပါင္း(၂၃၆)ရက္ေန႔အထိ ေသဆုံးသူ (၁,၁၂၃)ဦးအထိ ရွိေ
နေၾကာင္း AAPP ၏ စစ္တမ္းအရ သိရၿပီး စာရင္းမဲ့ ေသဆုံးမႈမ်ားမွာ ပို၍ မ်ားနိုင္သည္ဟု AAPP က အသိေပးထားသည္။
နိုင္ငံအတြင္း တိုင္းရင္းသားေဒသမ်ားႏွင့္ ေက်းရြာမ်ားတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)မ်ားအား ရွာေဖြမႈမ်ားလု
ပ္ေဆာင္ရာ PDF မ်ားကို မေတြ႕၍ ေက်းရြာမ်ားကို မီးရွိုဖ်က္ဆီးမႈမ်ားအျပင္ အျပစ္မဲ့ ျပည္သူမ်ားကို လက္နက္အားကိုးျဖင့္ ဖမ္းဆီးမႈမ်ား
အထိ လုပ္ေဆာင္မႈမ်ားရွိေနေၾကာင္း သိရသည္။