စစ်ကောင်စီတပ်အတွက် တပ်သားသစ်များရောက်
လှည်းကူးအခြေစိုက် အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ တပ်သားသစ်များရောက်ရှိလာကြောင်း မျက်မြင်သက်သေ
တစ်ဦးက ပြောသည်။
“ ဖောကားအကြီးလေးစီးနဲ့ လာပို့သွားတာ။ အားလုံး လည်ဂတုံး၊ အင်္ကျီအဖြူ တွေ ဝတ်ထားတယ်။ စစ်ကားတစ်ကားမှာ အယောက် ၂၅၊ ၃၀
ရှိတယ်။ အသက်ကလည်း လူငယ်အရွယ်တွေပဲ ” ဟု ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းပထမဆုံးပြန်တွေ့ရသော စစ်သင်တန်းကျောင်း လည်ပတ်မှုဖြစ်ကာ သင်တန်းကာလမှာ လေးလဖြစ်သည်ဟု
သိရသည်။လေ့ကျင့်ရေးကွင်း ကလည်း သေနတ်နှင့် လက်နက်ကြီးပစ်သံများ ပြန်ကြား လာရကြောင်း ဒေသခံများကပြောသည်။
Zawgyi
စစ္ေကာင္စီတပ္အတြက္ တပ္သားသစ္မ်ားေရာက္
လွည္းကူးအေျခစိုက္ အမွတ္(၁)စစ္အေျခခံေလ့က်င့္ေရးသင္တန္းေက်ာင္းသို႔ တပ္သားသစ္မ်ားေရာက္ရွိလာေၾကာင္း မ်က္ျမင္သ
က္ေသတစ္ဦးက ေျပာသည္။
“ ေဖာကားအႀကီးေလးစီးနဲ႔ လာပို႔သြားတာ။ အားလုံး လည္ဂတုံး၊ အကၤ်ီအျဖဴ ေတြ ဝတ္ထားတယ္။ စစ္ကားတစ္ကားမွာ အေယာက္ ၂၅၊
၃၀ ရွိတယ္။ အသက္ကလည္း လူငယ္အရြယ္ေတြပဲ ” ဟု ကိုယ္တိုင္ျမင္ေတြ႕ရသူတစ္ဦးက ေျပာသည္။
အာဏာသိမ္းၿပီးေနာက္ပိုင္းပထမဆုံးျပန္ေတြ႕ရေသာ စစ္သင္တန္းေက်ာင္း လည္ပတ္မႈျဖစ္ကာ သင္တန္းကာလမွာ ေလးလျဖစ္သည္ဟု
သိရသည္။ေလ့က်င့္ေရးကြင္း ကလည္း ေသနတ္ႏွင့္ လက္နက္ႀကီးပစ္သံမ်ား ျပန္ၾကား လာရေၾကာင္း ေဒသခံမ်ား
ကေျပာသည္။