ၾကားသိသမွ်
ဘုန်းကြီးကျောင်းတွေမှာသီတင်းသုံးနေထိုင်တဲ့ သံဃာစာရင်း ကောက်ယူနေ
ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတိုက်တွေမှာ သီတင်းသုံးနေထိုင်ကြတဲ့သံဃာတော်နဲ့သီလရှင်တွေရဲ့ အရေအတွက်စာရင်း
ကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ပြီးသက်ဆိုင်ရာ ကျောင်းတိုက်တွေမှာ စာရင်းကောက်ယူမှုတွေ လုပ်နေတယ်လို့ သံဃာတော်တချို့
က မိန့်ကြားကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလို စာရင်းကောက်ယူမှုတွေနဲ့ ကျောင်းနေသံဃာတွေနဲ့ သီလရှင်တွေကို ဧည့်စာရင်းတိုင်ကြားမှုတွေလုပ်ဆောင်ဖို့ ညွှန်ကြားချက်ပါတဲ့
ထုတ်ပြန်ချက်တစ်ခုကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့စာတွေ ပျံ့နှံလာပြီးနောက်ပိုင်းမှာ အခုလိုစာရင်း
ကောက်ယူလာတာဖြစ်တယ်လို့ သံဃာတော်တွေက မိန့်ကြားပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတိုက်တွေမှာ လူပုဂ္ဂိုလ်တွေ အမြဲတမ်း နေထိုင်မှုမရှိစေဖို့ဆိုတဲ့ကြေညာချက်နဲ့အတူ လူ
ပုဂ္ဂိုလ်တွေအပြင် သက်ဆိုင်ရာ ကျောင်းတိုက်က ရဟန်းသံဃာတွေကိုပါ စာရင်းကောက်ယူလာတဲ့အပေါ် ကန့်ကွက်တဲ့သံဃာတော်တွေ
လည်းရှိနေတယ်လို့ သံဃသမဂ္ဂအဖွဲ့က သံဃာတော်တချို့က မိန့်ကြားပါတယ်။
“လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံဃာတော်ပဲဖြစ်ဖြစ် မတရားတဲ့ အမိန့်အာဏာတွေကိုပြတ်ပြတ်သားသား ဆန့်ကျင်ရမှာပါ။ အခုထုတ်တဲ့စာဟာဆို
ရင် ကျောင်းထိုင် ဘုန်းတော်ကြီးတွေကနေတဆင့် သံဃာတော်တွေကိုဖိအားပေးမယ်။ လူပုဂ္ဂိုလ်တွေကို ရှာတာပါဆိုပြီး ကျောင်းတိုက်တွေ
ထဲ ဝင်ရှာတာတွေပါလုပ်တော့မယ်။ လုပ်လည်းလုပ်နေပါတယ်” လို့ မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ဦးဆောင်ဆရာတော်တပါး
က မိန့်ကြားကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမူတွေနဲ့ နေ့စဉ်မပျက် လမ်းပေါ် ထွက်ဆန္ဒပြနေတဲ့ မန္တလေးမြို့က သံဃသမဂ္ဂသပိတ်
စစ်ကြောင်းက ဆရာတော်တွေ ကိုလည်း ဘုန်းတော်ကြီးကျောင်းတွေမှာ လိုက်လံရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရှိရပါတယ်။
Zawgyi
ဘုန်းတော်ကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတိုက်တွေမှာ လူပုဂ္ဂိုလ်တွေ အမြဲတမ်း နေထိုင်မှုမရှိစေဖို့ဆိုတဲ့ေ
ကြညာချက်နဲ့အတူ လူပုဂ္ဂိုလ်တွေအပြင် သက်ဆိုင်ရာ ကျောင်းတိုက်က ရဟန်းသံဃာတွေကိုပါ စာရင်းကောက်ယူလာတဲ့အပေါ်