တရုပ်ဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ ဖြစ်တာကြောင့် ဘယ်သူတွေက ဖျက်ဖျက် မပျက်ဘူး လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အတွက် ဘယ်သူတွေ၊ ဘယ်အခြေအနေတွေက ဖျက်ဖျက် မပျက်ပါ
ဘူးလို့ စကစရဲ့တပ်မတော်သတင်းမှန်ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ရဲ့ဆက်ဆံမှုက ပိုမိုခိုင်မာနက်ရှိုင်းပါတယ်လို့လည်း ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက အာရှပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့ စစ်အင် အားကြီးထွားမှုကို ထိန်းချုပ်ဖို့အတွက် သြစတေးလျ၊
အမေရိကန်၊ ဗြိတိန်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အောကတ်စ် (Aukcus) စာချုပ် ချုပ်ခဲ့တာမှာ နစကရဲ့သဘောထားကို သတင်းဌာနတစ်ခု
က မေးမြန်းတဲ့အပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့တာလို့ သိရပါတယ်။
အောကတ်စ် (Aukcus) အဖွဲ့ ဖွဲ့စည်းလိုက်တာဟာ ဒေသတွင်း အုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုကြား ပြိုင်ဆိုင်မှုအား ကြီးမား လာတာဟာ
သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် စိန်ခေါ်မှုတစ်ရ ပ်
ဖြစ်တယ်လိုလည်း ဌင်းက ဆိုပါတယ်။
ဒေသတွင်း အုပ်စုဖွဲ့မှု၊ စစ်ရေးချဲ့ထွင်လာမှု၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ စီးပွားရေး ပြိုင်ဆိုင်မှုနဲ့ လက်နက်အပြိုင်အဆိုင် တပ်
ဆင်မှုတွေဟာ ဒေသတွင်း ပဋိပက္ခကို ကြီးထွားလာနိုင်ကြောင်း၊
ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေနဲ့ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် လိုအပ်သလို ကြိုးပမ်း
ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရှိကြောင်းနဲ့
အင်အားပြ ခြိမ်းခြောက်မှုတွေနဲ့ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ထိပါးမယ့် အပြုအမူတွေကို ရှောင်ရှားရမှာဖြစ်တယ်
လို့လည်း ပြောဆိုခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ သဘောထားအများစုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆိုတာထက် သူတို့ ထိန်းချုပ်နိုင်တဲ့ အစိုးရတက်လာဖို့၊
အာဏာရဖို့ပါပဲ။ အဲ့ဒီအတွက် အကြမ်းဖက် NUG, CRPH တို့ကို တိုက်ရိုက်၊ သွယ်ဝိုက် ထောက်ခံလျက်ရှိပါတယ်။
အကြမ်းဖက် လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ ပူပန်နေစရာ မလိုပါဘူး။ မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ
အဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
ယင်းအပြ င်ကိုဗစ်တတိယလှိုင်းဖြစ်စဉ်မှာ မြန်မာပြည်သူတွေကို တကယ်ထိထိရောက်ရောက် အကူအညီပေးခဲ့တာ ဘယ်နိုင်ငံလဲဆိုတာ
ပြည်သူတစ်ရပ်လုံး သိကြပါတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကဖြေကြားခဲ့တယ် လို့ သိရပါတယ်။
Credit