ၾကားသိသမွ်

NUG ၏ ပထမဆုံး တော်လှန်ရေးအဆင့် အောင်မြင်ကြောင်း၊စစ်ကြေညာချက် အသက်ဝင်မှုဟာ တာထွက်ကောင်းခဲ့ကြောင်းစစ်ဖက်ပညာရှင်တစ်ဦးမှပြောကြား

NUG ၏ ပထမဆုံး တော်လှန်ရေးအဆင့် အောင်မြင်ကြောင်း ပြည်သူ့စစ်ဗျူဟာကျမ်းပြုနှင့်စစ်ရေးလေ့လာသူ တိုင်းရင်းသား စစ်ဖက်ပညာရှင်တစ်ဦးမှပြောကြား

NUG ၏ တော်လှန်ရေးအစဦး စစ်ကြေညာချက် အသက်ဝင်မှုဟာ တာထွက်ကောင်းခဲ့ကြောင်း

“NUG ရဲ့ ပထမဆုံးတော်လှန်ရေးကြေညာချက် က အရေးကြီးဆုံးနဲ့ risk အများဆုံးပဲ သာမာန်လူ နားလည်အောင်ရှင်းပြရရင် နိုင်ငံတကာ

မှာ ကြားဖြတ်အစိုးရတွေဟာ နာမည်ပဲရှိတယ် Armed Power မရှိကြသလို Political legimaticy လည်းအားမကောင်းကြဘူး ဥပမာ တိ

ဘက် ဟောင်ကောင် တို့က အဝေးရောက်အစိုးရတွေပေါ့ အခု စက်တင်ဘာ ၇ ရက်မတိုင်ခင် NUG ဟာ ကမ္ဘာ့နိုင်ငံရေးအဖွဲအစည်း

ပြည်တွင်းအဖွဲ့အစည်းမှာ မထင်မရှားပဲရှိသေးတယ် ဒါပေမယ့် EAO နဲ့ PDF တွေကစတိုက်နေတဲ့အတွက် စကစဟာ ပြန်တုန့်ပြန်ဖို့

အင်အားပြန်စုစည်းဖို့ အပစ်အခတ် ၄ လလောက်ရပ်ဖို့လိုနေတယ်၊သူကိုယ်တိုင်က EAO တွေကိုပြောလို့မရဘူး အဲဒီတော့ အာဆီယံနဲ့

အလဲအလှယ်လုပ်တယ် စစ်ရပ်အောင်လုပ်ပေး ဝင်ခွင့်ပေးမယ်ဆိုတာမျိုး အာဆီယံကလည်း ရပ်ခိုင်းတယ် စကစကလည်း သဘောတူတယ်

အဲဒီ့အချိန်မှာ NUG ဟာ ရုတ်တရက် တစ်နိုင်ငံလုံးက ခုခံ စစ်စဖို့ စစ်ကြေညာလိုက်တယ် အကုန်လုံး အံ့သြသွားသလို အာဆီယံက ပိုပြီးမ

ထင်ထားဘူး ဒါဆိုရင် NUG က ကြေညာတယ်ဆိုတော့ တကယ်ရော စစ်တိုက်ကြပါ့မလား ဆိုတာ ဆက်စောင့်ကြည့်ကြတယ် NUG မှာ

စစ်ကြီးဆင်နွှဲဖို့ အင်အားရှိမရှိဆိုတာကို စစ်ပွဲတကယ်ဖြ်မဖြစ်နဲ့စပြီးစောင့်ကြည့်ကြတယ် အဲဒီ့အချိန် စကစဟာ တိုင်းပြည်တည်ငြိမ်

အောင်လုပ်နေပြီ ဆိုပြီးပြောထားသလို အာဆီယံဟာ လည်း အပစ်ရပ်ဖို့ကြေညာထားတယ် အဲဒီတော့ NUG ပြောတဲ့အတိုင်းဖြစ်မလား

အာဆီယံနဲ့စကစ ပြောတဲ့အတိုင်းဖြစ်မလားစောင့်ကြည့်ကြတယ် နိုင်ငံတကာက အဲဒီ့လို ကြေညာအပြီး နောက်ရက်မှာတော့ ယခင်ရှိပြီး

သား စစ်ပွဲတွေအပြင် တစ်နိုင်ငံလုံး တိုက်ပွဲမျိုးစုံ စပေါ်လာတယ် တဖြေးဖြေးနဲ့ အားကောင်းလာတယ် ပြင်းထန် လာတယ် အဲဒီအချိန်မှာ

စကစ ရော အာဆီယံ စကားပါ မလွှမ်းမိုးတော့ဘဲ NUG ရဲ့ ကြေညာ ချက်က အလွှမ်းမိုးဆုံးဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာ မထင်မရှားရှိခဲ့တဲ့

NUG ဟာ အခုဆိုရင် NUG နဲ့ မဆွေးနွေးရင် ဘာမှလုပ်ရမှာမဟုတ်ဘူးဆိုတဲ့ ပြည်တွင်းသြဇာသက်ရောက်သွားတယ်အကယ်၍ NUG

ကစစ်ကြေညာချိန် ဘယ်သူမှစစ်မတိုက်ဘဲ စိတ်လည်းမဝင်စားကြရင် သြဇာမသက်ရောက်တဲ့သဘောဖြစ်ပြီး နောက်ဆုံး အာဆီယံ

ကတောင် ဂရုစိုက်မှာမဟုတ်တော့ဘူး ဒါ့ကြောင့် NUG ဟာ တော်လှန်ရေးတာထွက်ကောင်းခဲ့တယ် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာတွေ

လည်း အများကြီးကျန်သေးပေမယ့် တော်လှန်းရေးနောက်တစ်ဆင့်ကို ပထမအဆင့်လောက်မခက်ခဲဘဲ ဆက်လက်တက်နိုင်ခဲ့ပြီး

အရေးကြီးဆုံးက တာထွက်တဲ့အချိန်ပဲ တာထွက်ကောင်းသွားပြီဖြစ်လို့ အဆုံးထိ ဆက်ပြေးရတော့မယ် အရှိန် အလျော့အတင်းရှိပေမယ့် သူ့

ကို စကစအနေနဲ့ရပ်ဖို့ ဖျက်ဆီးဖို့မလွယ်တော့ဘူး လက်နက်တို့ ရိက္ခာတို့ကတော့ ဗျူဟာ တိုက်အားပေါ်မူတည်ပြီး ဖြည့်သွားဖို့ပဲလိုတယ် ဒါ

ကလည်း နောက်အဆင့်တွေမှာ ပါလာပါလိမ့်မယ် ” ဟု ပြည်သူ့စစ်ဗျူဟာကျမ်းပြုနှင့် စစ်ရေးလေ့လာသူမှ ပြောကြားခဲ့သည်