ၾကားသိသမွ်

ကိုရီးယားစစ်ပွဲ တရား၀င်ပြီးဆုံးကြောင်းကြေညာဖို့ မြောက်ကိုရီးယားပယ်ချ

ကိုရီးယားစစ်ပွဲ တရား၀င်ပြီးဆုံးကြောင်းကြေညာဖို့ မြောက်ကိုရီးယားပယ်ချ

ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားရဲ့ တိုက်တွန်းတောင်းဆိုမှုကို မြောက်ကိုရီးယား

နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။

စစ်ပွဲအဆုံးသတ်ရေး ကြေညာဖို့ အချိန်စောလွန်သေးတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး၀န်ကြီး ရီသီဆောင်က ပြောဆိုလိုက်

တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။

ကိုရီးယားစစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုတဲ့မိန့်ခွန်းမှာ တောင်ကိုရီးယား

သမ္မတ မွန်ဂျေးအင်က တိုက်တွန်းလိုက်ပြီးနောက် ဒီကိစ္စကိုမြောက်ကိုရီးယားက ပယ်ချလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားသမ္မတကင်ဂျောင်အွန်

ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့က အဓိကကျတယ်လို့ သမ္မတ

မွန်ဂျေးအင်က ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်

မြောက်ကိုရီးယားကတော့ စစ်ပွဲအဆုံးသတ်ကြောင်း မကြေညာမီ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရန်နဲ့ အမေရိကန်-တောင်

ကိုရီးယား နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ကို အဆုံးသတ်ဖို့ လိုလားနေပါတယ်။

Ref : NHK

ကိုရီးယားစစ္ပြဲ တရား၀င္ၿပီးဆုံးေၾကာင္းေၾကညာဖို႔ ေျမာက္ကိုရီးယားပယ္ခ်

ကိုရီးယားစစ္ပြဲ တရား၀င္အဆုံးသတ္ေၾကာင္း ေၾကညာဖို႔ ေတာင္ကိုရီးယားရဲ့ တိုက္တြန္းေတာင္းဆိုမႈကို ေျမာက္ကိုရီးယား နိုင္

ငံျခားေရး၀န္ႀကီးဌာနက စက္တင္ဘာ ၂၄ ရက္မွာ ပယ္ခ်လိုက္ပါတယ္။

စစ္ပြဲအဆုံးသတ္ေရး ေၾကညာဖို႔ အခ်ိန္ေစာလြန္ေသးတယ္လို႔ ေျမာက္ကိုရီးယား ဒုတိယနိုင္ငံျခားေရး၀န္ႀကီး ရီသီေဆာင္က

ေျပာဆိုလိုက္တယ္လို႔ ေျမာက္ကိုရီးယားနိုင္ငံပိုင္ ေကစီအင္န္ေအသတင္းဌာနက ထုတ္ျပန္ေၾကညာပါတယ္။

ကိုရီးယားစစ္ပြဲအဆုံးသတ္ေရး တရား၀င္ေၾကညာဖို႔အတြက္ ကုလသမဂၢအေထြေထြညီလာခံမွာ ေျပာဆိုတဲ့မိန္႔ခြန္းမွာ ေ

တာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္က တိုက္တြန္းလိုက္ၿပီးေနာက္ ဒီကိစၥကိုေျမာက္ကိုရီးယားက ပယ္ခ်လိုက္တာျဖစ္ပါတယ္။

ကိုရီးယားကၽြန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္စတင္ဖို႔ ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးတို႔က

အဓိကက်တယ္လို႔ သမၼတမြန္ေဂ်းအင္က ေျပာပါတယ္။

ေျမာက္ကိုရီးယားကေတာ့ စစ္ပြဲအဆုံးသတ္ေၾကာင္း မေၾကညာမီ အေမရိကန္ရဲ့ အေရးယူပိတ္ဆို႔မႈေတြ ႐ုပ္သိမ္းရန္နဲ႔ အေမရိကန္-ေ

တာင္ကိုရီးယား ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္တာေတြကို ကို အဆုံးသတ္ဖို႔ လိုလားေနပါတယ္။
Ref : NHK